Bye-Bye

1K 170 116
                                    

Unicode

ကော်ဖီအား ဇွန်းဖြင့် စိတ်မပါ လက်မပါမွှေနှောက်ပြီး ပြတင်းပေါက်ကတစ်ဆင့် ပျားပန်းခပ်သွားလာနေကြသည့် လူအုပ်ကြီးအား လိုက်ငေးမိပါ၏ ။ ဘယ်နှကြိမ်မြောက်မှန်းမသိတော့သည့် သက်ပြင်းကိုလည်း ထပ်ချလိုက်ရင်း ကောင်းကင်ကြီးဆီ အကြည့်ပို့လိုက်တော့.....။

ရာသီဥတုဟာ သူ့လိုမျိုး လောလောလတ်လတ် အငြင်းခံထားရတဲ့ လူငယ်လေးအတွက် ကြေကွဲစရာကောင်းလောက်အောင် သာယာနေလိုက်တာများ နေမင်းကြီးကတောင် လင်းလို့ထင်းလို့ !

" ဟို...သူဌေး အားလားဟင် "

" ဘာကိစ္စလဲ "

" ဆိုင်က လူအရမ်းကျနေတော့လေ အဲ့တာ
ကျွန်မပါ မီးဖိုချောင်ဘက် သွားကူရတော့မှာ "

" အော် အင်း သွားကူလေ "

၀န်ထမ်းကောင်မလေးအား ခေါင်းငြိမ့်ပြလိုက်ပြီး မွှေလက်စ ကော်ဖီကိုသာ ဆက်မွှေနေလိုက်သည် ။

ကောင်းကင်ကြီးက ပြာပါရဲ့သားနဲ့
ကျန့်ကောက သူ့ကို ဘာလို့ငြင်းတာလဲ ?

" ဟို...ဟို..သူဌေး "

" ကျစ် ! ဘာလဲကွာ ! ! ! "

" မီးဖိုချောင်ဘက်သွားကူ..."

" ကိုယ့်ဘာသာ သွားကူပါ့လား ? ! "

" ကျွန်မ သွားကူလိုက်ရင် ကောင်တာမှာ
အော်ဒါကောက်မယ့်လူမရှိတော့လို့ သူဌေး "

× × ×

စက်ဆီမှအသံကြားသည်နှင့် ဘောက်ချာဖြတ်ပိုင်းအား ဗြက်ခနဲ ဆွဲခွာလိုက်ရင်း.....။

" အားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်
နောက်လည်းမလာပါနဲ့ လာလည်းမနောက်ပါနဲ့ "

သူ၏ ​ချိုသာယဥ်ကျေးလှသော ပြောဆိုဆက်ဆံရေးကြောင့် Bad Review ပါပေးဦးမည်ဟု ပြောကာ ထွက်သွားခဲ့သည့် အတွဲက မျက်စိဆံပင်မွေးစူးလွန်းချင်စရာ ။ ဟုတ်တယ်လေ ။ သူများတကာ အသည်းကွဲနေပါတယ်ဆိုကာမှ ကိုကိုရယ် သည်းလေးရယ်နဲ့ လူရှေ့မရှောင် သူရှေ့မရှောင် လာ ro ပြနေတာ ! ပေးစမ်းပါ ပေးလိုက်စမ်းပါ !

အဲ့ဒီ Bad Review အပေးခံရပြီး
မြန်မြန်ဆိုင်ပိတ်လိုက်ရတော့လည်း
ငါလေး အတွဲတွေရန်က လွတ်​​တာပေါ့ !

Piggy Flirty Walky-Talky ( Completed )Where stories live. Discover now