<Unicode>
{ မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌ }
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~" ဟီး...ဟင့်...ဟင့်..မားမား...မားမား "
သူမရဲ့ ချစ်လှစွာသော သားလေးမှ ငို၍ သူမရှိသော မီးဖိုခန်းသို့ လိုက်လာလေသည်....သားငယ်လေးက အိပ်ယာနိုးလျှင် အမေမျက်နှာမြင်မှ မဟုတ်ရင် အခုလိုပင် ငို၍ လိုက်ရှာတက်သည်....သားသားနာမည်က ဂုဏ်နေရောင်တဲ့ ....ထိုနာမည်ရဲ့အဓိဟ္ပယ်က ဂုဏ်လေးက သူမအတွက်တော့နေရောင်ခြည်လိုပါဘဲ သားသားလေးကိုသူမတစ်ယောက်ထဲ single mother အဖြစ်ရပ်တည်ပြီးမွေးချင်းက သူများတွေအတွက် ဂုဏ်ယူစရာမဟုတ်ပေမယ့် သူမအတွက်တော့ ယောကျာ်းမရှိလဲ ပြုစုပျိုးထောင်းနိုင်တဲ့ မာနနဲ့အတူ ဂုဏ်ယူစရာကောင်းတာကြောင့် သားသားနာမည်ကို ဂုဏ်နေရောင်လို့ ပေးချင်းဖြစ်သည်.....သားငယ်လေးအားရင်ခွင်ထဲထွေးပွေ့ကာခေါင်းလေးအားဖွဖွပုတ်ပေးရင်းဖြင့်.... .......
-
-
အတွေးများက....အတိတ်များစီသို့ ....." အန်တီရေ..အန်တီ ဆည်းဆာရှိလား"
" လာလေ သမီးယွန်း ...သမီးသူငယ်ချင်းကအခုမှသနပ်ခါးလိမ်းတုံး"
" ဟုတ် အန်တီ အဲ့ဆို သမီးဆည်းဆာစီသွားလိုက်အုံးမယ်နော်"
" အေး...အေး သမီးလေ အန်တီ မနက်စာပြင်ထားလိုက်မယ် တစ်ခါတည်းဝင်စားလိုက်သွားလိုက်သမီးလေ"
ဆည်းဆာနဲ့ ကေယွန်းမီက အချစ်ဆုံးသူငယ်ချင်းတေွြဖစ်ကြပိး ဆယ်တန်းကျောင်းသူလေးတွေဆိုလဲ မမှားကြပါ ယွန်းကသွက်သွက်လက်လက်နဲ့စွာစီလန်လေးဖြစ်ပိး ဆည်းဆာကတော့ အရာရာကို သည်းခံပိး ခပ်အေးအေးသာနေတက်သည်ယွန်းနဲ့ ဆည်းဆာက ဟိုးငယ်ငယ်လေးထဲကပင် အတူကြီးပျင်းလာကြသည်ဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက်သိကာ ညီအမလိုပင် ဖြစ်နေသည်.....
" ဟဲ့ ...ဆည်းဆာ သနပ်ခါးလိမ်းတာ မပိးသေးဘူးလား"
" ပိးပါပိ..ယွန်းရဲ့ ငါဒီမှာ ကျစ်ဆံမြီးလေးကျစ်နေလို့ပါနော်"
" နင်ဟာလေ အမြဲခပ်အေးအေးဘဲလုပ်တက်တာလားဆည်းဆာရယ်"
" အေးပါ...မိယွန်းရယ် ပိးပါပိဟာ လာ..လာ.. မေမေ မနက်စာပြင်ပေးထားတာစားပိရင် ကျောင်းသွားကြစို့နော်"
YOU ARE READING
မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌(Ongoing)
Romanceရိုးအေးပိး နူးညံ့သိမ်မွေတဲ့သူမ အချစ်ကို ယုံစားမိ၍ ဘဝပေးခဲ့ရာ ထိုကောင်လေးမှ တာဝန်မယူဘဲ သူမအား နာကျင်စေခဲ့ရာမှ ..... - - ဆယ်ကျော်သက်အရွယ်သူမက single mother အဖြစ် ရပ်တည်နိုင်ပ့မလား....? - ထိုနာကျင်မူကနေ အနေအေးပိး သည်းခံတက်တဲ့သူမက ဘယ်လိုတွေပြောင်းလဲလာမှ...