<Unicode>
{ မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌ }~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒီး..ဒီ..ဒီးးး "
Sinlent လုပ်ကာ အိပ်ယာဘေးတွင် တင်ထားသောဖုန်းမှ တစ်ဒီ ဒီဖြင့် တုန်ခါနေသည်ကြောင့် အဂ္ဂ တစ်ယောက် အိပ်နေယာမှ ဖုန်းအားလှမ်းယူကာ နားနားသို့ ကပ်ထားလိုက်လေသည်.....
" အင်း...ပြော "
" ကိုကို...ချယ်တို့ ဒီနေ့တွေ့မှာဆို ကိုကိုက မထသေးဘူးလား "
ချွဲပြစ်စွာပြောလာသည့်ကြောင့် အဂ္ဂရိုင်းစိတ်ရူပ်စွာ အိပ်ယာကနေထထိုင်လိုက်ပြီး ဒီတစ်ယောက်ကို သူအဆက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်...သူနာမည်က ချယ်ပန်းနွယ်တဲ့ Finnal တုန်းက တွဲခဲ့သည့် Myanmar Maijar က queen တွဲဖြစ်သွားတယ်ဆိုတာကလည်း အဲ့တစ်ယောက်အထှာပေးတာနဲ့သူလည်း တွဲမလားလို့ မေးလိုက်ကာ သူမက ခေါင်းငြိမ့်လာတာကြောင့် 3လ လောက်တွဲဖြစ်ခဲ့သည် အခုလဲ သူကိုလိုက်ချုပ်ချယ်ချင်ပြီး သူဘဝကို ခြယ်လှယ်ချင်နေသည်ကြောင့် စိတ်ရူပ်မခံနိုင်သည့်သူအတွက် တကယ်ပြသာနာပင်.....
" အင်း...နေ့လည် တွေ့နေကျ ကော်ဖီဆိုင်ကဘဲ စောင့်နေလိုက်လေ ကိုယ် လာခဲ့မယ် "
ထိုသ့်ိုပြောကာ ဖုန်းချပြီးသည်နှင့် စိတ်ရူပ်စွာ ဆံပင်တွေအားထိုးဖွကာ ရေချိုးခန်းသို့ဝင်လိုက်လေသည်.... တစ်ကိုယ်ရည်သန့်ရှင်းပြီးမှဘဲ လူက လန်းဆန်းသွားကာ အောက်ပိုင်းကိုတဘက်ဖြင့်ပတ်ထားပြီး အပေါ်ပိုင်းကိုတော့ ဗလာကျင်းထားထားကာ မီးဖိုချောင်သို့ ထွက်လာခဲ့လေသည်...
" ဖေ့သားလေး...နှစ်ကောင်ကဘယ်သွားကြမလိုလဲ သားသားနားနားတွေနဲ့ပါလား "
" မအေဘေး...အရင်ကငါတို့နှစ်ကောင်က စုတ်ပြတ်နေလို့လား "
ထမင်းကြော်စားနေရာမှြခါးနား ထကာ ဆဲလိုက်လေသည်
" အဟဲ...မဟုတ်ဘူးလေကွာ ဘယ်သွားကြမလို့လဲလို့ "
" Formstack office ကကမ်းလှမ်းတာကို ဒီကောင်ခြားနားက လက်ခံလိုက်ပြီလေ အဲ့ဒါကြောင့် ဒီနေ့သူက အလုပ်စဝင်ရမှာ "
ဘေး၌ချထားသောရေခွက်ရေကိုမော့သောက်လိုက်ပြီးသည်နှင့် ဧကန်ဖြိုးက အဂ္ဂအားရှင်းပြလေသည်.....
YOU ARE READING
မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌(Ongoing)
Romanceရိုးအေးပိး နူးညံ့သိမ်မွေတဲ့သူမ အချစ်ကို ယုံစားမိ၍ ဘဝပေးခဲ့ရာ ထိုကောင်လေးမှ တာဝန်မယူဘဲ သူမအား နာကျင်စေခဲ့ရာမှ ..... - - ဆယ်ကျော်သက်အရွယ်သူမက single mother အဖြစ် ရပ်တည်နိုင်ပ့မလား....? - ထိုနာကျင်မူကနေ အနေအေးပိး သည်းခံတက်တဲ့သူမက ဘယ်လိုတွေပြောင်းလဲလာမှ...