<Unicode>
{ မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌ }~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဒေါက်...ဒေါက်...ဒေါက် "
" ဝင်ခဲ့ပါ...."
" မမဆည်ဆာ....ဒါက ဒီနေ့ Design အပ်ထားတဲ့စာရင်းပါမမ "
" အင်း..မြတ်လေးရေ အမ ကို တစ်ချက်ပြောပြပေးပါဦးနေ့လည်ခင်းအတွက် "
ဆည်းဆာမနက်ဖြန်တင်ရမဲ့ Report လုပ်နေရ၍ Laptop စခရင်အထက်မျက်စိမခွာဘဲ ရှိနေရလေသည် မြတ်လေးဆိုတာက...ဆည်းဆာရဲ့ အတွင်းရေးမှူးမလေးဖြစ်ပြီးClient တွေလာအပ်တဲ့ Design မှန်သမျှကို သူဘဲလက်ခံပေးပြီး အချိန်စီစစ်ပေးရသည်...ဆည်းဆာတာဝန်က Client တွေလာအပ်တဲ့Design မှန်သမျှကို သူတို့စိတ်ကျေနပ်အောင် ဆွဲပေးဖို့ပင် ဖြစ်လေသည်.......
" နေ့လည်းခင်းမှာ.... Coffee ဆိုင်အတွက် design အပ်ထားတဲ့ client နဲ့ပြောဖို့ရှိပါတယ် မမဆည်းဆာ "
" ဟုတ်ပြီ....အဲ့ဆိုလေ အမကို အေးအေးဆေးဆေးနဲ့အလုပ်အကြောင်းပြောလို့ကောင်းမဲ့ ဆိုင်တစ်ခုခုကိုချိန်းပေးနော် ရုံးကိုအမပြန်မလာတော့ဘူး "
" ဟုကဲ့ပါ...မမ အဲ့ဆိုြမတ်လေးကို သွားခွင့်ပြုအုံးနော် "
" အွန်း...အွန်း မြတ်လေး "
အဂ္ဂနေ့လည်ခင်း ဘာမှလုပ်စရာမရှိဘဲပျင်းနေတာနဲ့ Coffee ဆိုင်သို့ ထွက်ခဲ့လေသည်....ခါတိုင်းဆို ဟိုနှစ်ကောင်နဲ့ သွားနေကျဆိုပေမယ့်လည်း....မေဘေးလေးနှစ်ကောင်ကအလုပ်ရသွားတော့ သူတစ်ယောက်ထဲသာ အိမ်၌ကျန်နေခဲ့လေရာ......သူပျင်းတိုင်း ထိုဆိုင်လေးသို့အမြဲလာဖြစ်သည် ....ဆိုင်ပုံစံလေးကအေးအေးချမ်းချမ်းလည်းရှ်ိသလို Service လည်းကောင်းတာကြောင့်သူအများဆုံးလာဖြစ်လေသည်....
" ဒီဘက်က အကိုက ဘယ်လိုDesignမျိုးလိုချင်တာလဲရှင့်"
" ဒီဇိုင်းဆန်းဆန်းလေးကိုမှ အပြာနုရယ် လိမ္မာေရယ် ရောပါချင်တာ အဆင်ပြေလားမသိဘူး "
" ရပါတယ်...တစ်ခြားရော ဘာတွေရှိသေးလဲ ရှင့် "
" ဘာမှတော့မရှိတော့ပါဘူး....အကြမ်းဆွဲပြီးရင်တော့ ကျွန်တော်ကို တစ်ချက်ပို့ပေးပါဦးဗျ.."
VOUS LISEZ
မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌(Ongoing)
Roman d'amourရိုးအေးပိး နူးညံ့သိမ်မွေတဲ့သူမ အချစ်ကို ယုံစားမိ၍ ဘဝပေးခဲ့ရာ ထိုကောင်လေးမှ တာဝန်မယူဘဲ သူမအား နာကျင်စေခဲ့ရာမှ ..... - - ဆယ်ကျော်သက်အရွယ်သူမက single mother အဖြစ် ရပ်တည်နိုင်ပ့မလား....? - ထိုနာကျင်မူကနေ အနေအေးပိး သည်းခံတက်တဲ့သူမက ဘယ်လိုတွေပြောင်းလဲလာမှ...