<Unicode>
{ မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌ }
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" မားမား တားတား ဗိုက်ဆာဒယ်....."သားသားရဲ့အသံသေးသေးလေးထွက်လာမှဘဲ ကျလာတဲ့မျက်ရည်ကြည်တစ်ချို့ကိုသုတ်ကာ အတိတ်ကအတွေးတွေစီမှ ရုန်းထွက်ခဲ့လေသည်.....
" မားမား သားလေးက ဘာစားချင်လို့လဲ "
" တားတားက အာလူးကပ်ကပ်ကြော်စားချင်သာ."
" မားမားသားလေးက စားချင်နေတာဆိုတော့ မားမားကအာလူးကပ်ကပ်ကြော်လုပ်ကျွေးပါမယ်ရှငိ့"
" အာ့သာတေွကြောင့် တားတားက မားမားကို ချစ်နေရတာ "
သေးငယ်လှသောလက်ကလေးတွေနဲ့သူမကိုဖက်တွယ်ကာပြောလာသည့် ကလေးငယ်လေးကို ဆည်းဆာမှာ တစ်နေ့တစ်နေ့အချစ်ပိုရပါသည်.....သူလုပ်ချင်တာ သူလိုချင်တာလေးများရလို့ကတော့ မားမားကို အာ့သာတွေကြောင့်ချစ်နေရသည်ဟုဆို ကာ အသံသေးသေးလေးဖြင့် အမေအား အမြဲကပ်ချွဲသည့်ကလေး.....
" သားသား ခနစောင့်အုံးနော် မားမားသွားလုပ်ပေးမယ် ပိးကျရင်ထမင်းပူလေးနဲ့စားနော် ဒီတိုင်းကြီးမစားရဘူး ကြားလားဂုဏ်လေး "
" ဟုတ်သဲ့ပါ မားမားရဲ့ အာ့ဆို တားတား Tom& Jerry ကြည့်ပြီးစောင့်နေမယ်နော် "
" မားမား သားလေးက လိမာ္မလိုက်တာ "
သားသားရဲ့နဖူးလေးကားနမ်းကာ မီးဖိုချောင်သို့ထွက်လာခဲ့လိုက်လေသည် အာလူးကပ်ကပ်ဆိုတာက အာလူးကပ်သလိပ်ကို ဆိုလိုချင်းသာ ဒါကိုမခေါ်တက်သည့် ဂုဏ်လေးက အာလူးကပ်ကပ်ဟုသာဆိုချင်းဖြစ်သည်.....အရင်ဆုံးအာလူး5လုံးအား ရေထည့်ကာ ပျော့သွားသည့်အထိပြုတ်လိုက်လေသည်....ပိးနောက်အခွံခွာ၍ ဇလုံထဲအားထည့်ကာ ချေပြီး ဝက်အူချောင်းလေးများအားလှီးထည့်ကာ ဆန်မူန့်အနည်းငယ်အားထည့်ပြီး ကြက်ဥတစ်လုံးအားဖောက်ထည့်၍ အရသာမူန့်အနည်းငယ်ထည့်လိုက်လေသည်....ပိနောက် ဇလုံထဲ၌ရှိသော အာလူးများအာ နံ့အောင်နယ်ရလေသည် နယ်ပြီးသည်နှင့် ဆီပူပူ၌ ရဲလာသည်အထိကြော်ကာ အနည်းငယ်ဆယ်ပြီး အအေးခံထားလိုက်လေသည်...........*Ring.....Ring....Ring*
ဖုန်းသံကြားသည်မို့ ဆည်းဆာလဲ ဧည်ခန်းသို့သွားကာ စာပွဲပေါ်တင်ထားခဲ့သောဖုန်းconnect ၌ ကိုကို ဟူ၍ မှတ်ထားသော နာမ်စားလေးကြောင့် ပြုံးမိလေသည်.......
![](https://img.wattpad.com/cover/332241795-288-k883083.jpg)
ESTÁS LEYENDO
မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌(Ongoing)
Romanceရိုးအေးပိး နူးညံ့သိမ်မွေတဲ့သူမ အချစ်ကို ယုံစားမိ၍ ဘဝပေးခဲ့ရာ ထိုကောင်လေးမှ တာဝန်မယူဘဲ သူမအား နာကျင်စေခဲ့ရာမှ ..... - - ဆယ်ကျော်သက်အရွယ်သူမက single mother အဖြစ် ရပ်တည်နိုင်ပ့မလား....? - ထိုနာကျင်မူကနေ အနေအေးပိး သည်းခံတက်တဲ့သူမက ဘယ်လိုတွေပြောင်းလဲလာမှ...