<Unicode>
{ မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌ }~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူမထူပူကာ ဘာလုပ်ရမလဲ ဖြစ်နေစဉ် သူမထံသို့ ဖုန်းစိမ်းတစ်call ဝင်လာသည်ကြောင့် ကိုင်လိုက်မိသည်......
" ဟဲယို....မားမား လာ ဟင် "
ဖုန်းထဲမှကြားရသည်အသံက သားသားအသံလေးဖြစ်ကာ သူမဝမ်းသာသွား၍ စိုးရိမ်မူများတစ်ဝက်လျော့သွားလေသည်သားသားကို သူမ မျက်စိဖြင့် မမြင်ရသေးသရွေ့ကတော့သူမစိတ်အေးနိုင်မယ်မထင်ဘူး.....
" မား...သားလေ ဘယ်သွားနာလဲ အခုကရော ဘယ်သူနဲ့ရှိနေတာလဲ "
ဆည်းဆာလဲ စိုးရိမ်စွာမေးလိုက်လျှင်ဖြင့်......
" တားတားကလေး....လမ်းပျောက်တွားတာသိလား အဲ့ဒါအခု ရုပ်ချောချော ဦးဦးတစ်ယောက်နဲ့ အတူရှိနေတာ "
အဂ္ဂရိုင်း အကောင်ပေါက်ကလေးသူအမေနဲ့စကားပြောတာကိုကြည့်ပြီးသူမှာ ရယ်မိလေသည်...ထိုကလေးက စကားလဲတက်သည့်အပြင် ချစ်စရာအမူအယာလေးလဲ လုပ်တက်သည်ကြောင့် သူမှာ အသဲယား၍ ထိုအကောင်ပေါက်လေးအား ခေါင်းလေးကို ဖွဖွလေး ပုတ်မိနေလေသည်....
" မား ပြောပြမယ် သားသား အဲ့ ဦးဦးကို ဖုန်းပေးလိုက်နော် မားအခု သားသားစီလိုက်လာခဲ့မယ် ဟုတ်ပြီးလား "
" ဟုတ်သဲ့...မားမား "
" ရော့...ဦးဦး မားမားက ဦးဦးနဲ့ဖုန်းပြောချင်ယို့တဲ့ "
အဂ္ဂလည်းအကောင်ပေါက်စီမှဖုန်းယူလိုက်ကာ.......
" ဟဲလို...သားသားနဲ့အတူရှိနေတဲ့သူလားရှင့် "
" အဲ့ဘက်က အမလား ညီမလားတော့မသိပေမယ့်...Malls ရဲ့ ဒုတိယထပ်က ရေခဲမုန့်ဆိုင် လာခဲ့လိုက်ဗျ
ကျွန်တော် အဲ့ကစောင့်နေလိုက်မယ် "" ဟုတ်ကဲ့....ကျေးဇူးပါဘဲရှင့် ၊ ကျွန်မအခုဘဲ လာခဲ့လိုက်မယ်နော် "
ဆည်းဆာပြောပြီးသည်နှင့်တစ်ဖက်ကဖုန်းချသွားကာ ဆည်းဆာလည်းအယွန်းနှင့်အတူ ထိုဆိုင်သို့ အမြန်ပြေးကာ သွားရသည်လေ......
လွန်ခဲ့သော နာရီဝက်ခန့်က⏲️⏲️
" အကောင်ပေါက်...မင်းစဉ်းစားလို့ရပြီးလာ "
![](https://img.wattpad.com/cover/332241795-288-k883083.jpg)
YOU ARE READING
မြတ်နိုးမိရာ ဤရင်ခွင်တစ်စုံ၌(Ongoing)
Romanceရိုးအေးပိး နူးညံ့သိမ်မွေတဲ့သူမ အချစ်ကို ယုံစားမိ၍ ဘဝပေးခဲ့ရာ ထိုကောင်လေးမှ တာဝန်မယူဘဲ သူမအား နာကျင်စေခဲ့ရာမှ ..... - - ဆယ်ကျော်သက်အရွယ်သူမက single mother အဖြစ် ရပ်တည်နိုင်ပ့မလား....? - ထိုနာကျင်မူကနေ အနေအေးပိး သည်းခံတက်တဲ့သူမက ဘယ်လိုတွေပြောင်းလဲလာမှ...