Part 1

8.5K 423 44
                                    

Tokyo, Japan In 2027 (The present time)

လက်ထဲက စာအုပ်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားရင်း လမ်းတစ်လျှောက် ပြေးလွှားနေမိသည်။

လမ်းကြားလေးက ကျဉ်းကျဉ်းလေးမို့ ကားလည်း မရောက်နိုင် . .

ဂျပန်စကားက အနည်းအကျဉ်းသာ တတ်သည်မို့ ဆက်သွယ်ပြောဆိုရလည်း သိပ်ခက်နေ၏။

လမ်းကြားလေး တစ်နေရာရဲ့ မြေအောက်ခန်းမှာ ဖွင့်ထားသည့် cafe ဆိုင်. .

စာအုပ်ထဲက အတိုင်း တစ်ထေရာတည်း တူနေပုံက နာမည်ကအစ တူညီနေ၏။

"Funiculi Funicula"

နှုတ်ကနေ အသံထွက်သည်အထိ ရွတ်ဖတ်လိုက်မိသည်။

ဆိုင်ထဲကို ဝင်သွားတော့ စာအုပ်ထဲကလို အညိုရောင်ကို နံရံတစ်ခုလုံး ဆေးခြယ်ထား၏။

မီးရောင် မှိန်ပြပြက မျက်နှာကြက်ကနေ တွဲလျားချိတ်တွဲထားသည့် မီးအိမ် ၆ ခုသာ ရှိသည်။

အဝင်ဝ တံခါးနားမှာ ထွန်းထားသည်က မီးအိမ် တစ်လုံး. .

နှစ်ယောက်စာသာ ထိုင်လို့ရသည့် စားပွဲတွေက သုံးစုံ. . Counter မှာ ပြင်ဆင်ထားပေးသည်က ထိုင်ခုံလေး သုံးခု. .

လူ ၉ ယောက်နဲ့တင် ဒီတစ်ဆိုင်လုံး ပြည့်သွားနိုင်ပုံက စာအုပ်ထဲက အတိုင်း တစ်ပုံစံတည်း တူညီနေ၏။

Cashier ဆီ သွားကာ မိန်းကလေးကို လှမ်းပြောလိုက်မိသည်။

"ဒီဆိုင်ရှင်နဲ့ တွေ့ချင်တယ် "

အနည်းငယ်သာ တတ်မြောက်သည့် ဂျပန်စကားရယ် ကိုရီးယားလေသံနဲ့ အတော်လေးတော့ ကို့ရို့ကားယားနိုင်လှသည်။

"ဆိုင်ရှင်က ညနေမှ ရောက်မှာပါ ဘာကိစ္စများ ရှိလို့ပါလဲ ဧည့်သည် "

"ရတယ် စောင့်နေမယ် "

Counter မှ လွတ်နေသည့် တစ်ခုံမှာ ကော်ဖီတစ်ခွက်နဲ့ စောင့်နေလိုက်သည်။

အချိန်တွေ တရွေ့ရွေ့ကုန်သွားလည်း ကျွန်တော်က ပူပန်နေရဆဲ. .

လက်ထဲက စာအုပ်ကိုလည်း မချဘဲ ဖတ်ပြီးသားတွေကို ထပ်ပြီး ဖတ်မိနေဆဲ

ညနေစောင်းလောက်မှ ဆိုင်ရှင်ရောက်လာခဲ့သည်။

စားဖိုမှူး uniform ဖြစ်သည့် အဖြူရောင် ရှပ်ရယ်၊ အနက်ရောင် ဘောင်းဘီရှည်အပေါ်မှာ Jacket ထပ် ဝတ်ထားသူက ဆိုင်ရှင်ဟု ဆိုသည်။

Funiculi Funicula [Completed]Where stories live. Discover now