Part 19

1.2K 181 35
                                    

လေးလံနေသည့် မျက်ခွံတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လျှင် စိမ်းသက်နေသည့် အဖြူရောင် မျက်နှာကြက်သာ ရှိသည်။

ဘေးတစ်ဘက်လုံးက တိတ်ဆိတ်နေပြီး အသံသေးသေးလေးတောင် မကြားရ‌ပါဘူး

တစ်ကိုယ်လုံးက နာကျင်နေပြီး အတွေးတွေကို ပြန်ခေါ်ရသည်။

အဲ့နေ့က မူးရူးနေပြီး accident ဖြစ်သွားခဲ့တာ
ဒါဆိုရင် သေသွားလို့ ကောင်းကင်ဘုံကို ရောက်လောက်ပြီး Jungkook နဲ့ နေရသည့် အထီးကျန်ဘဝကနေ လွတ်မြောက်ရောပေါ့

"Taehyung . . သတိရပြီလား အဆင်ပြေရဲ့လား doctor. . Doctor ကို ခေါ်ရမယ် မင်ဟို"

ဆူဆူညံညံ အသံတွေ ထွက်လာရင်း သူ့မျက်နှာကို လှမ်းမြင်လိုက်ရမှ ကျွန်တော့် လက်ရှိ အခြေအနေကို နားလည်လိုက်တော့သည်။

ဟုတ်ပါရဲ့ စိမ်းသက်သက် ဆေးရုံနံ့ကို ရလိုက်တည်းက ရိပ်မိလိုက်ရမှာ ဖြစ်သည်။

ဆရာဝန်ရောက်လာပြီး လိုအပ်တာတွေကို မှာကြားသွားသည်။
ခေါင်းညှိတ်ရင်း တစ်ခုမကျန် လိုက်မှတ်နေသည့် Jungkook ကို ငေးခနဲ့ ကြည့်နေလိုက်သည်။

"မကြာခင် ဆိုလ်းက ဆေးရုံကို ပြောင်းလို့ရပြီ"

ကျွန်တော့်ဘေးနား ရောက်လာကာ လက်ချောင်းတွေကို ဆုပ်ကိုင်ရင်း ပြောလာသည်။

သူ့လက်တွေကို ဖြုတ်ချလိုက်ပြီး မျက်နှာတစ်ဘက် လှည့်ထားလိုက်သည်။

"Maldives ကနေ ချက်ချင်း ရောက်လာတာတော့ မဟုတ်‌ေလာက်ဘူး ငါ သတိမေ့နေတဲ့ အတောအတွင်းမှ ရောက်လာတာ မဟုတ်လား"

"အင်း ချက်ချင်း လာလို့ မရနိုင်လို့ တောင်းပန်ပါတယ်"

"အရူး! ဒါလေးကို လိမ်ပြောပေးလို့ ဘာဖြစ်သွားမှာလဲ ငါ့ဆီကို သတင်းကြား ကြားချင်း ရောက်လာတာလို့ လိမ်‌လိုက်လို့ မရဘူးလား"

ဘေးကနေ အခုမှ သူတောင်စင် ဖြစ်နေသည့် သူ့ကို စိတ်ပျက်သလို ငေးကြည့်ရပြန်သည်။

"ငါ ပင်ပန်းလွန်းနေပြီ တကယ်ဆို accident မှာ သေသွားရမှာ မင်းဘေးမှာ နေရတာ အထီးကျန်တယ် နာကျင်ရတယ် ငိုချင်တယ်"

Funiculi Funicula [Completed]Where stories live. Discover now