Part 16

1.2K 178 51
                                    

Jungkook တို့ ရိုက်ကွင်း နောက်ဆုံးရက်ဖြစ်သည်။ ရိုက်ကွင်း နောက်ဆုံးရက်တွေဆို ပြီးဆုံးကြောင်း ပါတီကို အထူးတလည် ပြုလုပ်တတ်ကြသည်။

Jungkook က သရုပ်ဆောင်မို့ ဖိတ်ကြားခြင်း ခံရသော်လည်း ကျွန်တော့်ကိုပါ ဘာလို့ လာခိုင်းသည်လဲ

Jungkook ဆီက ဖုန်းရပြီးတော့ အဲ့ဒီကို သွားဖို့ ကျွန်တော့်မှာ အင်္ကျီ ရွေးရသည်။

ချိန်းထားသည့် ဆိုင်ကို ရောက်လာသည်။ ရိုက်ကူးရေး အဖွဲ့သားတွေအတွက် သီးသန့်ငှားထားပုံပေါ်သည်။

တစ်ဆိုင်လုံးက သူတို့ လူအပြည့် ဖြစ်နေ၏။

"Taehyung ရောက်လာပြီလား. . Jungkook က ဟိုဘက်မှာ Bo Gum နဲ့ စကားပြောနေတယ်"

ဒါရိုက်တာက ကျွန်တော့်ကို လှမ်းခေါ်သည်။ Jungkook ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဆိုတာကြောင့် လူတိုင်းက ဖော်ဖော်ရွေရွေတော့ ဆက်ဆံပေးသည်။

Jungkook တို့ဘက် လျှောက်လာလိုက်သည်။ အစ်ကို Bo Gum နဲ့ စကားပြောနေရင်း ရယ်နေ၏။

Jungkook က လူစိမ်းတွေနဲ့ သိပ်ပေါင်းတတ်သည် မဟုတ်. . အရယ် အပြုံးဆို ပိုတောင် ရှား၏။

သို့သော် ရိုက်ကူးရေးပြုလုပ်သည့် လအနည်းငယ်အတွင်း သူ့ကို တရင်းတနှီး ပေါင်းသင်းနိုင်သည့် အစ်ကို Bo Gum ကိုတော့ ချီး‌ကျူးမိသည်။

"Taehyung ဒီဝိုင်းမှာ ထိုင် "

အစ်ကို Bo Gum က ကျွန်တော့်ကို မြင်သွားပြီး လှမ်းခေါ်သည်။ နောက်ကျောပေးထားသည့် Jungkook က လှည့်ကြည့်လာ၏။

Jungkook ဘေး ဝင်ထိုင်လိုက်ရင်း သူတို့ ပါတီထဲ ရောပါသွားတော့သည်။

လူက ခပ်ရှုပ်ရှုပ်ရယ်

ဒီလို အနေအထားကို သူရော ကျွန်တော်ရော မကြိုက်. . သို့သော် ရှေ့လျှောက် လူအများကြီးနဲ့ ထိတွေ ဆက်ဆံရဦးမည်မို့ သူက ကြိတ်မှိတ်သည်းခံနေသည်။

"Taehyung. . ဒါလေး ထည့်စားနော် "

"သူ အဲ့တာတွေ မစားနိုင်ဘူး "

အစ်ကို Bo Gum က ကြက်ကင် အစပ်တွေကို ပန်းကန်ထဲ ထည့်ပေးသည်။ Jungkook က ထည့်ပေးလက်စ အစ်ကို့လက်ကို လှမ်းတား၏။

Funiculi Funicula [Completed]Where stories live. Discover now