Part 11

1.3K 197 27
                                    

မည်းနက်လွန်းနေသည့် အနက်ရောင် ဂျင်းဘောင်းဘီအကျပ်ရယ်၊ ရင်ဘတ်အထိ ကြယ်သီးတွေကို ဖြုတ်ထားသည့် ပါးလှပ်လှပ် အနက်ရောင် အင်္ကျီနဲ့ သူ

နားတွေ၊ မျက်ခုံးတွေ၊ နှုတ်ခမ်းတွေအထိပါ ခပ်သေးသေး အကွင်းလေးတွေကို ဖောက်ထားသေးသည်။

မျက်လုံးတွေမှာ အနက်ရောင်တွေကို ခြယ်ထားသည့် ဒီလူက ကျွန်တော် မသိသည့် သူစိမ်းတစ်ယောက်လို ပြောင်းလဲနေတာ

"မင်း ဘယ်လို ဖြစ်နေတာလဲ ဒီပုံစံနဲ့ တစ်ကိုယ်လုံး အရက်ပုလင်း မှောက်ကျထားသလို နံ‌ေဟာင်နေတာ"

ကျွန်တော် နှာခေါင်း ရှုံ့လိုက်ရင်း သူ့ကို ပြောလိုက်မိသည်။ တကယ်လည်း သူ့အနေအထားက လုံးဝကို ကျောင်းသားနဲ့ မတူ

Club ရဲ့ ဘေး လမ်းကြားထဲက မှောင်ရိပ်ကျနေသည့် နေရာမှာ စကားပြောနေရင်း ကြည့်မိတော့ တကယ်ကို လူမိုက်လိုလို ဖြစ်နေ၏။

"ဘာလဲ ငါလည်း အရွယ်ရောက်နေပြီ ရည်းစားလည်း ထားမယ် လုပ်ချင်တာ လုပ်မယ်"

ညစ်ပေနေသည့် အုတ်နံရံကို မှီကာ မျက်လုံးတွေ မှေးစင်း‌ရင်းပြောနေသည်က တကယ် အားမရစရာ

"ဟုတ်ပြီ ဒါမဟုတ်ပဲ တခြား မင်းလုပ်ချင်တာကို ပြော ဒီနေရာမှာတော့ ဘာမှ ထပ်မလုပ်နဲ့တော့ ပြီးတော့ ဟို မိန်းမနဲ့လည်း ဖြတ်ရမယ်"

သူ့လက်ကို ဆွဲကာ ဒီနေရာမှ ခေါ်ဖို့ ကြိုးစားတော့ သူက ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ရပ်နေ၏

"မင်း ရည်းစားထားတာကိုလည်း ငါ မပိတ်ပင်ဘူး ငါ့ ရည်းစားကိုလည်း မနှောက်ယှက်နဲ့"

Jungkook က  တကယ်ကို ပြောဆိုရ ခက်လွန်းလှသည်။ သူ့ ဒီပုံစံကို ကြည့်ရင်း ကျွန်တော်က နာကျင်ရ၏။ ဒီခံစားချက်တွေကို ဖုံးကွယ်ဖို့ ကျွန်တော် ကြိုးစားခဲ့ပြီးသား

ပြန်လာမယ်ဆိုသည့် ကတိကို မတည်ပေးလို့လည်း စိတ်မဆိုးခဲ့ဘူး။ သတိရလို့ ဖုန်းဆက်ရင်တောင် မကိုင်နိုင်သည့် သူ့ကို နွေဦးရော၊ နွေရာသီရော သူ့သတင်းတွေ မပျက်မကွက် ကြည့်ရင်းသာ လွမ်းခဲ့ရဖူးသည်။

Funiculi Funicula [Completed]Where stories live. Discover now