Final

3.2K 218 65
                                    

၂ နာရီခွဲမှ အိမ်ကို ပြန်ရောက်ခဲ့သည်။ တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး မည်းမှောင်နေ၏။

သို့သော် ဝါကျင်ကျင် မီးလုံး အသေးတွေ လင်းနေသည်မို့ သူ ပြန်ရောက်နေပြီ ထင်သည်။

"နောက်ကျလိုက်တာ Taehyung ရယ်. . အပြင်ကို ထွက်ရှာပြီးပြီ မင်းကို မတွေ့လို့
နောက် မိနစ် ၃၀ မှ ပြန်မလာရင် အပြင်ထွက်ပြီး ထပ်ရှာတော့ မလို့ "

ဧည့်ခန်းမှာ စောင့်နေသည့် သူ

ကျွန်တော့် အရိပ်ကို မြင်တော့ အပြေးရောက်လာခဲ့သည်။ စိတ်ပူပန်နေသည့် သူ့ မျက်နှာ အမူအရာကြောင့် အားနာမိသွားရသည်။

ကျွန်တော် ဘာတွေလုပ်ခဲ့မိပြီလဲ?

"နည်းနည်း သောက်လိုက်တာ မှောက်သွားလို့"

ဖြေရှင်းချက် အနည်းငယ်သာ ပေးရင်း အိပ်ခန်းကို သွားလိုက်သည်။
သူ့ဘက်ကလည်း ဘာတစ်ခုမှ ဆက်မပြောသလို ကျွန်တော်လည်း ငြိမ်နေလိုက်သည်။

ထို့နောက် ညအိပ်ရာ ဝင်ခါနီး အနမ်းလေး ပေးရင်း အိပ်စက်ခဲ့ရ၏။

ညက သောက်လိုက်သည့် အရှိန်က များသွားသည်မို့ မနက်ကျတော့ ခေါင်းက ထိုးကိုက်နေတော့သည်။

နာရီကို လှမ်းကြည့်တော့ ၉ နာရီ. . သူတောင် ရိုက်ကွင်း သွားပြီ

ထမင်းစားပွဲ‌မှ အမူးပြေဟင်းရည်ကို တွေ့လိုက်ရ၏။ တစ်ခါတည်း မော့ပစ်လိုက်ကာ THESTYLE ကို ထွက်လာခဲ့တော့သည်။

ဒီနေ့က အများကြီး ခေါင်းစားရပြီး အလုပ်များရသည်။ တင်သွင်းခဲ့သည့် design sample တွေကို NYC ဘက်မှ အနည်းငယ် ပြန်ပြင်ခိုင်းသည်မို့ ပို အလုပ်ရှုပ်ရ၏။

'ဒေါက် ဒေါက် '

အပြင်ဘက်မှ တံခါးခေါက်သံ ကျယ်ကျယ် ထွက်ပေါ်လာပြီး အတွင်းရေးမှူး မိန်းကလေးက လှမ်းပြောသည်။

"အောက်မှာ designer Kim နဲ့ တွေ့ချင်လို့ ဆိုပြီး ဧည့်သည်ရောက်နေပါတယ် အဲ့တာ ဘယ်လို လုပ်လိုက်ရပါမလဲ "

"ဘယ်သူလဲ "

"ရှီဝူဆိုရင် သိလိမ့်မယ်လို့ ပြောပါတယ် "

Funiculi Funicula [Completed]Where stories live. Discover now