Part 17

1.2K 175 28
                                    

"ကျွန်တော်တို့ မနက်ဖြန် လေယာဉ်နဲ့ ပြန်လာကြမှာ Jungkook hyung က အခုတော့ Jessica နဲ့ တွေ့နေတယ် "

"အင်း အင်း သူ့ကို ဒီအတိုင်း လွှတ်မထားနဲ့ဦး"

မင်ဟို့ဖုန်းကို ချလိုက်သည်။

ကျွန်တော် ဒီလိုလုပ်နေခဲ့တာ လ အနည်းငယ် ရှိပြီ။ သူ့နောက် လူလွှတ်ထားတာ မဟုတ်ပေမယ့် မင်ဟိုက ကျွန်တော်ကိုယ်တိုင် မွေးထားတဲ့ သူ့ မန်နေဂျာ အသစ်စက်စက်

နေ့တိုင်း ဘယ်သူနဲ့ ဘယ်လိုတွေ့တာက အစ မင်ဟိုက သတင်းပို့သည်။ ကျွန်တော်တို့ကြားက ဆက်ဆံရေး အစစ်အမှန်ကို မင်ဟိုတော့ သိထားသည်။

ဲဲဒါက သူ့ကို မယုံလို့တော့ မဟုတ်ပါဘူး။ သူ့ဘေးနာက သူ့ကို မျက်စိကျနေတဲ့ မျက်လုံးတွေကို ကြောက်မိလို့ပါဘဲ

"Taehyung အကြာကြီး စောင့်လိုက်ရလား"

"မကြာသေးပါဘူး "

အစ်ကိုနဲ့ နေ့လည်စာ အတူ စားဖို့ ချိန်းထားခဲ့သည်။ အလုပ်ကိစ္စလည်း ဆွေးနွေးဖို့လည်း ပါသည်။

"အစ်ကို ကြိုမှာထားပြီးသား Taehyung အကြိုက်လေးတွေ သိသလောက် ပြင်ထားပေးတာ လိုတာတွေ ထပ်မှာလိုက်နော်"

အစ်ကိုက ဘယ်တော့မှ ဝတ်ကျေတန်းကျေ ဆက်ဆံတာမျိုး မဟုတ် အမြဲ ဂရုစိုက်မှု၊ ကြင်နာမှု အပြည့်ဖြင့် ဖြစ်သည်။

"ဒါက အရမ်းများနေပါပြီ "

မျက်စိရှေ့က စားပွဲ အပြည့် ဟင်းပွဲတွေကို ကြည့်ရင်း ကျွန်တော်က အားနာနာဖြင့် ပြောလိုက်ရသည်။

"အစ်ကို Jungkook သတင်းတွေ တွေ့တယ်. . Germany မှာ လည်း အရမ်းအောင်မြင်နေတာ. . တကယ် မင်းသားကြီး ဖြစ်နေပြီ Taehyung သူငယ်ချင်းက တကယ် နေရာတိုင်းမှာ မျက်နှာပွင့်နေရောပဲ"

ဒီမျက်နှာ ပွင့်တာကြောင့် မင်ဟိုကို လွှတ်ပြီး အမြဲ စောင့်ကြည့်ခိုင်းထားရတာ

ကျွန်တော်က သူ့အပေါ်တော့ နည်းနည်းလေး လောဘကြီးသည်။ နားလည်ပေးတတ်ဖို့ သည်းခံပေးတတ်ဖို့ နေ့ရက်တိုင်း ကြိုးစားနေရတာ သိပ်ခက်၏။

"Jungkook က ပါရမီ ရှိလို့ ဖြစ်ပါလိမ့်မယ် ဒါနဲ့ စာချုပ်ကိစ္စ ကျွန်တော် လက်မှတ်ထိုးထားပါတယ်"

Funiculi Funicula [Completed]Where stories live. Discover now