လွမ်းနေလို့ပါလို့ ဖြေချင်လို့
တကူးတက ရေးလိုက်တဲ့စာ...ကျနော်ကတော့ စိတ်ထဲမှာ လက်ခံထားရတာတွေများလို့လေးလံလာပြီဆို ဆံပင်တွေပိုကျွတ်တော့တာပဲ။သက်သာအောင်တစ်ခုခုတော့ ဝယ်ရဦးမယ်လို့တွေးပေမယ့်လည်း မဝယ်ဖြစ်ပြန်ဘူး။သယ်ပိုးထားရတာတွေ များလာလို့ လှဖို့ပဖို့ဘက်ကို စိတ်မရောက်မိဘူးလို့ပဲပြောရမလား။မနှစ်ကတော့ အများကြီးလှချင်ခဲ့သေးတယ်။ဒီအတိုင်း ချစ်တဲ့သူနဲ့တွေ့ခွင့်ရတဲ့အခါ အလှဆုံးဖြစ်ချင်ခဲ့ရုံ။ တကယ်တော့ ချစ်တာနဲ့ လှတာကလည်း သက်ဆိုင်သလိုလို မသက်ဆိုင်သလိုလိုပါပဲ။လှလှ မလှလှ ချစ်ချင်တဲ့အခါ ချစ်ပစ်လိုက်ကြတာမျိုးလေ။ဒီနှစ်တော့ ပိုလှဖို့ အားစိုက်ထုတ်နေတာတွေအစား မနက်ဖြန်ဆိုရင်ပဲ ပြတင်းပေါက်ကနေ တိမ်တွေဝင်လာတော့မလို မျက်စိစုံမှိတ်ယုံကြည်ပစ်လိုက်တာမျိုးပဲ ပိုလုပ်ဖြစ်နေပါတယ်။နောက်ရက်ဆို ပန်းတွေပိုပွင့်မယ်။ပျော်စရာတွေ ကျနော့်ဆီလိပ်မူပြီး ပေးစာအဖြစ်ရောက်လာမယ်။အဲ့ဒီလိုတိမ်တွေကို ယုံကြည်ပစ်လိုက်တာမျိုးပါ။
အထွေအထူးရယ်တော့မဟုတ်...
ချောင်းကြည့်ပေါက်လေးကနေ အဲ့ဒီဘက်မှာရော ရာသီဉတုသာယာရဲ့လား ချောင်းကြည့်ရင်း
လွမ်းလို့ပါလို့ ဖြေချင်လို့ တကူးတက ရေးလိုက်တဲ့စာပါ။အဲ့ဒီဘက်မှာရော ကျနော့်လိုပဲ သယ်ပိုးထားရတာတွေများနေမလား။တကယ်လို့များ
အဲ့ဒီလိုဖြစ်နေခဲ့ရင် ဒီဘက်က ကျနော်ကပဲ
ဆံပင်တွေပိုကျွတ်ပေးရမလားလို့...။စာကြွင်း...
လူတိုင်းခက်ခဲနေကြတဲ့ ဒီလိုကာလကြီးမှာ
တယောက်အပေါ်တယောက် ဝမ်းနည်းစိတ်တွေပစ်တင်လိုက်မိမှာ စိုးရိမ်စရာပဲမဟုတ်လား။
ဒီရက်ပိုင်းတော့ ချစ်ရသူတွေကို ဒဏ်ရာတွေအကြောင်းဖွင့်ဟရတာတွေထက် ပျော်နေတယ်လို့ပဲ ပေးသိချင်နေမိတယ်။ဆိုတော့ မဖြစ်မနေမဟုတ်ပေမယ့် ဘာတွေဖြစ်လာဦးမလဲ ကြိုတွေးရင်းပင်ပန်းရတာများလာရင် မနက်ဖြန်တော့ အဆင်ပြေသွားမှာပါ(ပန်းတွေပိုပွင့်မှာပါ)လို့ ယုံကြည်ပစ်လိုက်ရတာမျိုးကနည်းနည်းလောက်တော့ စိတ်သက်သာရာရစေမယ်ထင်ပါတယ်။
أنت تقرأ
လွမ်းတဲ့နေ့
شِعرလမ်းလျှောက်ရင်း ပန်းတစ်ပွင့် ခူးမိသလို စိတ်ကူးတွေနဲ့စတော်ဘယ်ရီတခင်း ပျိုးသလို ဘာရယ်မဟုတ် ကောင်းကင်ကိုမော့ကြည့်ရင်း တိမ်တွေကို လိုတာထက်ပိုငေးမိသလို ဒီလို စိတ်လိုလက်ရ လွမ်းမိတဲ့နေ့တွေအကြောင်း