Part-(2)

464 55 4
                                    

မညီမျှတဲ့ ကံကြမ္မာတွေရဲ့ အစပြု ခြင်းတုန်းကပေါ့....

...... ...... ...... .....

"ခမည်းတော် သားတော်ကို အခေါ်လွှတ် လိုက်တာ ကိစ္စတစ်ခုခု ရှိလို့လား"

အိမ်ရှေ့ စံလေးက အသက်အရွယ်နှင့် မလိုက်ဖက်လှအောင် မာယာလေးတွေရှိခဲ့ပါ၏။
သိပြီးသားကိစ္စတစ်ခုကိုပင် မသိကျေးကျွံပြုလျှက် မေးနေနိုင်တာ အသက်အရွယ်အရ ရလိုက်သည့် အတွေ့အကြုံ တွေကြောင့် ကျွမ်းကျင် တတ်မြောက်သွားခဲ့ ရခြင်း ဖြစ်ပေလိမ့်မည်။

ခမည်းတော်က သောက်လက်စရေနွေးချမ်း ခွက်ကို အိနြေ္ဒ ရရ ချလိုက်ပြီး အိမ်ရှေ့စံလေးကို ကြည့်လာခဲ့ကာ

"ဘာရယ်မဟုတ်ပါဘူး
သားတော် တစ်ဆယ့်ရှစ်နှစ် ပြည့်တော့မှာဆိုတော့ ကြင်ယာတော် ရွေးချယ်ပွဲ စီစဉ်ထားတယ်လို့
ခမည်းတော်က အသိပေးဖို့ခေါ်လိုက်တာ
သားတော်မှာ ငြင်းဆိုခွင့် မရှိတာ သိတယ်မဟုတ်လား"

ဒါပေါ့ တိုင်းပြည်၏ အနာဂတ် ဆိုသည့်ခေါင်းစဉ်အောက်မှာ ရွေးချယ်ခွင့်တွေသည် သိပ်များများစားစား မရှိ

မင်းသားလေး
ဖြစ်ချင်တာတွေသည် ခမည်းတော်ကိုင်ထားသည့် ရေနွေးခွက်လောက်ပင်အရေးမပါ

အသိပေးခံ ရသည့် နေရာမှာပဲ ရှိနေလိမ့်မည်ပေါ့
အများစိတ်ချမ်းသာဖို့ အတွက် သည် အိမ်ရှေ့စံလေးက အနစ်နာခံ လက်ထပ်ပေးရမည်။

အဖြေရှိပြီးသား မေးခွန်းတစ်ခုကို အသိပေးခြင်းသာ သဘောဆောင်နေသော သည် ဖြစ်စဉ်မှာ အိမ်ရှေ့စံလေး၏ မျက်နှာသည် စိုးစဉ်းမျှပြောင်းလဲခင်းမရှိခဲ့

ထူထူဖူးဖူး နှုတ်ခမ်းလေးတွေ ကတင်းတင်းစေ့လို့

မျက်ဝန်း တွေမှာ နန်းသွေး မျိုးဆက်တို့ ၏ မာန်တွေကြောင့်ပဲ လား ကြည့်လိုက်သည်နှင့် အကြည့်ခံ ရသည်တို့၏ ရင်ထဲ တစ်ခုခုဝင်စိုက် လာသယောင်

ထိုသို့သောအကြည့် မျိုးဖြင့် သွေးသားရင်းဖြစ်သည့် ခမည်းတော်ကို စိုက်ကြည့်နေခဲ့တတ်တာ ဆယ်စုနှစ် တစ်ခုတောင် ကြာခဲ့ ပြီပင်

"သားတော်ကလည်း ခမည်းတော်ဆီက ဒီကိစ္စကို လက်ခံမယ်ဆို ဘာများရနိုင်မလဲ"

ချစ်ရပါသော အရှင်(ချစ်ရပါသော အရှင်)Where stories live. Discover now