Part-(7)

307 35 11
                                    

သို့ အရှင်

အချိန်ကာလ အားဖြင့် ငါးနှစ်တောင်မှ ကြာမြင့် ခဲ့ပါပြီ

Jeonအသက်လည်း ဆယ်နှစ်ရှိခဲ့ပါပြီ

Jeon ပထမဆုံး စာတစ်ကြောင်းကို ဖြစ်ဖြစ်မြောက်မြောက် ရေးတတ်ချိန်မှာ

ပထမဆုံး ပို့ဆက်ရမယ့် သူနဲ့ Jeonဘဝမှာ အရေးတယူ စာပို့ရမယ့်သူဟာ အရှင် ပဲရှိတာ မို့ သည်စာလွှာလေးကို ပို့ဆက်ရခြင်းဖြစ်ပါတယ်

ဆရာ တွေကလည်း Jeon ကိုကောင်းကောင်းသင်ကြားပြသပေးပါတယ်
အစားကောင်းကောင်းလည်း စား သလို
အရပ်လည်း ရှည်လာခဲ့ပါပြီ
Jeon အရပ် ဘယ်လောက်ရှည်လာမှ အရှင်နဲ့ လက်ထပ်ရမှာလဲ Jeon မသိဘူး
အရှင့်ကို Jeon သတိရနေပါတယ်

Jeon

ဝါညက်ညက်စာလွှာလေးဟာ ရိုးရိုးရှင်းရှင်းလေး

အနည်းငယ် မသေသပ်မတိကျတဲ့

လက်ရေးလေးတွေက နေရာယူထား

သည်မို့ ကလေးငယ်တစ်ယောက်ရေးသား

ထားသည်ဟု မပြောလည်း ခန့်မှန်းရနိုင် မည် မှန်း အသိအသာ

အလျှံညီးညီးတောက်လောက်နေတဲ့

စစ်တဲနန်း၏ မီးတိုင် လေး ထက် စာ

ရွက်လေး သည် ပြာမှုန့်လေး တွေ အဖြစ်

အသွင်ကူးပြောင်းသွား သည်။

တည်ငြိမ်နေသော အိမ်ရှေ့စံလေး ၏

မျက်နှာတော်ဟာ မီးတိုင်မှ မီးအလင်းရောင် ဟပ်မှုကြောင့် ပို၍ ဝင်းပလျှက်
ရာဇမာန်ပြင်းပြင်း အရောင်အဝါတွေသည် မီးရောင်အလင်းဟပ်မှုကြားတွင် မျက်ဝန်းတွေတွင် ထင်ထင်ရှားရှား

"စာ ကို ကြားထဲက ဝင် ဖတ်ထားတဲ့ သူရှိနေတယ်"

အေးစက်စက် ထွက်ပေါ်လာတဲ့ စကားလုံး တွေမှာ ထင်ကြေးပေးနေခြင်းမရှိ
အတိအကျပင် ပြောနေသော အိမ်ရှေ့စံလေးသည် အမြဲ သတိကပ်ကာ အသိအာရုံတွေကို အနားမပေးခဲ့

အချိန်တိုင်း နိုးကြားနေခဲ့သည်။

" ညသန်ခေါင်မတိုင်မီ တရားခံရဲ့ အလောင်းကို မြင်ချင်တယ်"

ချစ်ရပါသော အရှင်(ချစ်ရပါသော အရှင်)Where stories live. Discover now