Part-(9)

619 45 7
                                    

မနက်ခင်း ညီလာခံတွင်
မနက်ခင်းရောင်နီပျိုးစအချိန်တွင် ညီလာခံကို စတင်လေသည်။
တစ်ဆက်တည်းပင် မြို့ရိုးမှစည် ၏ မြည်သံကြားရပြီး မြို့တံခါးဖွင့်ပေးခြင်း
နန်းတွင်း မှအမှုထမ်းအရာထမ်းများ တာဝန်လဲလှယ်ခြင်းတို့ကို ပြုလုပ်ကြလေသည်။

ညီလာခံခန်းမ ရှိ ပုလ္လင်ထက်တွင်ဧကရာဇ်က ထိုင်နေခဲ့ ပြီး
လစ်လပ်နေသော တစ်စုံတစ်ယောက်နေရာကို မသိမသာ အကဲခတ်နေလေသည်။

တိုင်းပြည်၏ အရေးပါသော အခန်းကဏ္ဍကပါဝင်သူမို့ မရောက်သေးမီ အချိန်လေးအတွင်း လက်ရှိတွင်တော့ အရေးမကြီးသေးသည့်ကိစ္စအနည်းငယ်ကိုသာ ဆွေးနွေးနှင့်ကြသည်။

တိုင်းပြည်၏ ရတနာလေးသည်က သူ့အချိန်မတိကျမချင်းရောက်လာလိမ့်မည်မဟုတ်

တိကျသည့် အချိန်ကာလရောက်သည်နှင့် ညီလာခံခန်းမ တံခါကြီးသည်ပွင့်လာခဲ့ပြီး
မိုးပြာရောင် နဂါး ဝတ်ရုံကိုဝတ်ဆင်ထားသော အိမ်ရှေ့စံလေးသည် တည်တင်းနေသော မျက်နှာထားဖြင့် ဝင်ရောက်လာလေသည်။

ပညာရေးအမတ်ကြီးနေရာတွင် ရပ်နေသော Nam Joon က မသိမသာ ခေါင်းငြိမ့်ပြတော့ အိမ်ရှေ့စံလေး ၏ မျက်ဝန်းတွေသည် တစ်ချက်ကြည့်ကာ တစ်စုံတစ်ရာကို နားလည်ကြောင်းပြလာသည်။

အိမ်ရှေ့စံ အတွက် သတ်မှတ်ပေးထားသည့်နေရာအရောက်တွင်ရပ်လိုက်ပြီး ဧကရာဇ်အား အရိုအသေပြုလိုက်လေသည်။
ထို့နောက် မည်သည့် အရေးကိစ္စကိုမျှ ဝင် မစွတ်ဖက်ဘဲ ငြိမ်ငြိမ်သက်သက်လေးပင်ရှိနေခဲ့လေသည်။

"သားတော် ဒီရက်အတွင်း စစ်မက်ကိစ္စတွေက ငြိမ်းချမ်းနေတယ် ထင်တယ်
ညီလာခံတောင် တက်လာနိုင်ပြီဆိုတော့"

"ဟုတ်ပါ့ အိမ်ရှေ့စံလေးကြောင့် ဘယ် နိုင်ငံကမှ ရန်စ မကျူးကျော်ဝံ့ကြတော့ဘူး
သိပ်ကိုတော်ပြီးထက်မြက်ပါပေတယ်"

မျက်နှာချင်းဆိုင်မှ ဘဏ္ဍာရေးအမတ်ကြီး၏ စကားကြောင့် အိမ်ရှေ့စံလေးက စူးစိုက်ကြည့်လိုက်တော့ မျက်နှာကို ခပ်ဆဆ လွှဲသွားခဲ့လေသည်။

အမှန်တရားဖြစ်နေသော်လည်း တချို့တချို့သော မစစ်မှန်သည့် စိတ်ရင်းတွေသည် အိမ်ရှေ့စံလေးလို တစ်မိုးအောက်တစ်ယောက်အတွက်တော့ နှမ်းစေ့ သာသာနှင့် ပစ်ပေါက်နေသည့်အလား

You've reached the end of published parts.

⏰ Last updated: Jul 17, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ရပါသော အရှင်(ချစ်ရပါသော အရှင်)Where stories live. Discover now