Part-(5)

381 51 4
                                    

လောက ကြီးထဲမှာ သိပ်လှပြီး အညှာ တာ ကင်းတဲ့ သူကို ပြပါဆို
အရှင့် ကိုပြရပါလိမ့်မယ်

ပြိုင်ဘက်ကင်းတဲ့ အလှတရားရှိသူက

နှလုံးသားမရှိတဲ့ နေရာမှာလည်း ဘယ်သူမှ ပခုံးချင်းယှဉ် လို့ မရခဲ့ပြန်ဘူး

.... .... ..... .... .... .... ..... .... .....

နန်းတော် ထဲ လှည့်ပတ် ကြည့်ရှု ခွင့် ရသည် ဆို၍ Jeon အရမ်းပျော် ရွှင် ခဲ့ရသည်။

မရောက်ဖူးသည့် နေရာ မစားဖူးသည့် အစားအစာတွေကို စားကြည့်ပြီး မျက်ဝန်းဝိုင်းတွေက တက်တက်ကြွကြွ ရှိလှသည်။

အရင်းခံ ခါးသက်ခြင်းကို ဖုံးကွယ်ထားသည့် အပေါ်ယံ သကာလောင်း မှုတွေဆိုတာ ငယ်ရွယ်သေးတဲ့ ကလေးလေးက မသိခဲ့

အိမ်ရှေ့စံလေးသည် ကြင်ယာတော်အား အတူလျှောက်ရမည့် ခရီးလမ်း၏ သွင်ပြင်အနေအနားကို ကောင်းကောင်းစနည်း နာခိုင်းခဲ့ ခြင်းပေ

"ကြင်ယာတော် လေး ခဏနေပါဦး"

အရွယ်နှင့်မလိုက်စွာ ကြင်ယာတော် လေးသည် လက်နှစ်ဖက်ကို နောက်ပစ်လျှက် စောင်းငဲ့ကြည့်လာခဲ့သည်။

နန်းတွင်းထဲ ပေမို့ အပျိုတော်မိန်းကလေးတစ်ယောက်နှင့်သာ လှည့်ပတ်သွားလာစေခဲ့သည်။
အထိန်းတော် ကြီးပင် မပါခဲ့

"ဘာဖြစ်လို့လဲ "

မေးလာသည့် အသံလေးသည် ညင်းသွဲ့စွာ တိုက်ခတ်လာသော လေပြေလေးအလား

"ကျွန်တော် မျိုး မ ရေအိမ်သွားချင်လို့ပါ"

အပျိုတော်လေး ကရှုံ့မဲ့စွာပြောလာတော့ ကြင်ယာတော် လေးက ခေါင်းငြိမ့်ပြလာပြီး

"ဒါဆိုလည်းသွားလေ"

"ကြင်ယာတော် လေး ဝေးဝေးမသွားပါနဲ့ ကျွန်တော်မျိုးမ အမြန်ပြန်လာခဲ့ပါ့မယ်
နန်းတွင်းထဲမှာ မပြေးပါနဲ့
လူတိုင်းက ကျွန်တော်မျိုး မလို မဟုတ်ပါဘူး"

အပျိုတော်လေး ၏ ပြောစကားများကို နားမလည်သော်လည်း ခေါင်းသာ ငြိမ့်ပြမိသည်။

ထို့နောက်တစ်ယောက်တည်း လျှောက်လာမိ သည်။
တစ်နေရာအရောက် လှပစွာ ပွင့်နေသည့် ချယ်ရီ ပန်းတွေက မျက်ဝန်းဝိုင်းတွေကို လင်းလက်သွားစေသည်။

ချစ်ရပါသော အရှင်(ချစ်ရပါသော အရှင်)Where stories live. Discover now