Part-(6)

487 52 11
                                    


အိမ်ရှေ့စံ ၏ အိပ်ဆောင်တွင်

အိမ်ရှေ့စံလေးက ကြင်ယာတော်အား သူ၏ အိပ်ယာထက်တွင် မှောက်ရက် ချလိုက်ပြီးကျောဘက် အကျီင်္ီ စတွင် စို့နေသော သွေးများကြောင့် သက်ပြင်းချလိုက်သည်။

အထိခိုက်မခံ နိုင်တဲ့ အရွယ် လေးမှာ
အဆမတန်တဲ့ ဖိအားတွေရဲ့ ထိခိုက်မှုတွေကြောင့် တဆတ်ဆတ် တုန်ယင်နေတဲ့ခန္ဓာကိုယ်လေးက အသည်းနာစရာ တွေ ဖြစ်ခဲ့ သည်။

နန်းတွင်းအပျိုတော်လေးများသည်လည်း
ဘယ်အချိန်လာမည် မှန်းမသိသော မုန်တိုင်း၏ အငွေ့အသက် တွေရှိနေတဲ့ မျက်နှာတော် ကို ရဲရဲပင်မခစားရဲ

သွေးစွန်းပြီးပြီလေ
သည်နေ့အဖို့ အန္တရာယ် ရှိတဲ့ အရှင့်ရဲ့ ဓားဟာ သွေးအရသာကိုမြည်းစမ်းကြည့်ပြီးပြီ

နောက်ထပ် နောက်ထပ်တွေဆိုတာ
မုန်တိုင်းမငြိမ်မချင်း အများ ကြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်အောင် မာယာများနိုင်တဲ့ သဘာဝတရား ကြီးလိုမျိုး

သည်ဖြစ်တည်မှု လေး အပေါ်မှာမှ အရှင်ဟာ သိပ်ကို အဆန်းတကြယ်တွေဖြစ်နေသည်။
တစ်တိုင်းပြည်လုံး အရှေ့မှာ သွေးအဆိုးဆုံး ပြယုဒ် ကို အေးအေးလူလူ ပင် ပြသွားနိုင်တဲ့ အရှင် ပါပေ

အိတ်ဆောင်ဓားသေးလေးကို ခါးကြားမှ ထုတ်လိုက်သူ ဟာ အရှေ့ဘက်မှ တဆတ်ဆတ် တုန်ယင်နေသော ခန္ဓာ ကိုယ်လေး ပေါ်မှ အဝတ်အစားတွေကို ဖြတ်တောက် ထိုးဖြဲ လိုက်သည်။

လှစ်ဟပေါ်လာသည့်ကျောပြင်သေးသေးလေးပေါ်မှ ကန့်လန့်ဖြတ်အစင်းရာကြီး က သိပ်အကျည်းတန်ဆန်လွန်းလှသည်။
ပွန်းရှ သွားသည့် နေရာမှ သွေးအနည်း ငယ်သည် ယိုစိမ့်လျှက်

"သမားတော် ဆက်လက်တာဝန်ယူပေးပါ လိမ့်မယ် မင်းသား"

စူးရှ နေတဲ့ မျက်ဝန်း တစ်စုံက သမားတော်ကြီးကို ကြည့်ကာ ဆရာဖြစ်သူကိုတစ်လှည့် ကြည့်လာသည်။

"ကိုယ်တော် အပ်ခဲ့ မယ် သမားတော်ကြီး"

"ကောင်းပါပြီ မင်းသား"

ထို့နောက်မင်းသားက ခေါင်းအုံးထဲ တစ်စွန်းတစ်စ နစ်မြှုတ်နေတဲ့ မျက်နှာလေးကို ကြည့် လိုက်ပြီး နန်းဆောင်အပြင်သို့ ခြေလှမ်းကျဲတွေ နှင့် ထွက်သွားခဲ့သည်။

ချစ်ရပါသော အရှင်(ချစ်ရပါသော အရှင်)Where stories live. Discover now