Part-(8)

331 33 7
                                    


စစ်ပွဲ

လူတွေ မဖြစ်ချင်ဆုံးသော အရာပဲဖြစ်ပါလိမ့်မည်
အရှင့်အတွက်တော့ စစ်ပွဲဆိုတာ ဘယ်လို ခံယူချက် ဘယ်လိုသဘောထားတွေနဲ့ ဖန်တီးခြင်းအမှုကို ပြုနေခဲ့သည်လဲ မသိပါ
စစ်ပွဲဆိုတာ အရှင့်အတွက်တော့ ကျား ကစားတာ ကြွေအံ ကစားတာ သာသာလောက်ပဲ မှတ်ယူထားတဲ့ တည်ရှိခြင်းမျိုးထင်ပါတယ်

တိုက်ပွဲတိုင်း အနိုင်ယူ ခဲ့တဲ့ အရှင်ဟာ သေရဲ သတ်ရဲ နေတာ က ပင်အရှင့်ရဲ့တည်ရှိခြင်းကို ပိုပြီး အားဖြည့် နေတဲ့ လောင်စာတွေ ဖြစ်နေခဲ့သည် ။

ဖြစ်လေရာဘဝမှာ ဆင်ဖြစ်လျှင်လည်းတိုက်ဆင်
ငှက်ဖြစ်လျှင်လည်း ရဲရဲတောက် ဇာမဏီ

လူဖြစ်လျှင် လည်း ယောကျ်ား ကောင်းဖြစ်ဖို့ များ

ဆုပန်လာခဲ့ လေသလား ဟုပင် ထင်ရလောက်အောင် အရှင့်၏ ဩဇာတိက္ကမ သည်
မျက်နှာတော်ကို မြင်လိုက်ရသည်နှင့်  တစ်ဖက်သားကို အလိုလိုရိုကျိုး စေသည်မျိုးပင်

အရှင့်၏လက်မဆက်ရသေးခင် ဆယ်စု နှစ်တချို့ကို အရှင်သည် နေ့ဘက်တွင်တိုက်ပွဲ၏ အလယ်မှာ ညဘက်တွင်စစ်တဲနန်း၏ အိပ်ဆောင်တွင်သာ အချိန်တို့ကို ကုန်စေခဲ့ပါ၏။

တချို့ညများတွင် စစ်ဗျူ ဟာများကို ချရင်း

တချို့ညများတွင်စစ်ဗျူဟာ ကျမ်းများကိုဖတ်ရှု ရင်း

ရှားပါးလွန်းသည့် တစ်ခါတစ်ရံညများတွင်တော့ မသေသပ်သည့် လက်ရေး တွေဖြင့် ပေးပို့တတ်သော အရှင့်ရွေးချယ်မှုလေး၏ စာလွှာလေးကို ပြာမှုန့်ဘဝ မကူးသေးခင်အထိ တိတ်ဆိတ်စွာ ဖတ်နေတတ်သည်။

ကိုယ်လုပ်တော် များ နန်းတွင်းအပျိုတော်များ နှင့် တဖြည်းဖြည်း နွှယ်ဖို့ရာ ကြိုးစား မှု များ ရှိခဲ့ သော်လည်း

အရှင်သည် စစ်ပွဲ အလယ်မှာသာ အချိန်ကို ကုန်ဆုံး စေခဲ့ သည်မို့ လောကသဘာဝအရ တည်ရှိနေသည့် ဆူးညှောင့်ခလုတ်များကို ခပ်ဝေးဝေးကပင် တိမ်းရှောင်တတ်ခဲ့ ဟန်တူပေသည်။

သည်ကနေ့တွင် အရှင်သည် တိုက်ပွဲတစ်ခုအား အောင်ပွဲဆင်ပြီး ပြန်လာခဲ့ သည့်နေ့

ချစ်ရပါသော အရှင်(ချစ်ရပါသော အရှင်)Where stories live. Discover now