Playboy

216 29 8
                                    

" ​ငါ တောင်းပန်ပါတယ် Maki
ပြီးတော့ Jo ... ငါမင်းတို့ဘောလုံးကို အစားပြန်လျော်ပေးပါမယ် "

" ရပါတယ် နောက်သတိထားပေါ့ ။ ငါ့အစ်ကိုက ဘယ်သူဆိုတာ မင်းတို့သိပြီးသားပဲမလား  "

Makiက ဆောင့်ကြွားကြွားပြောရင်း Joကို မျက်လုံးတစ်ဖက်လှမ်းမှိတ်ပြတယ် ။ Corridorမှာ သူတို့ ၂ယောက်ပဲကျန်တာသေချာတော့မှ အူလှိုက်သည်းလှိုက်ထရယ်တဲ့ Makiက မျက်လုံးတောင်မပွင့်တော့ ။

" ဝေါင်း တွေ့လား JoJo ငါ့ကိုကြီးဘယ်လောက်ပိုင်တယ်ဆိုတာ ။ ငါတော့ နောက်နှစ် သူကျောင်းပြီးမှာကိုတောင်ကြောက်နေပြီ "

Joက လက်ထဲကနွားနို့ကို တစ်ငုံသောက်ရင်း ခေါင်းညိတ်ပြီး ထောက်ခံတယ် ။

ဟုတ်ပါတယ် .. ဖြစ်နိုင်ရင်သူလဲ Kကို ကျောင်းမပြီးစေချင်သေးဘူး ။ သူကတော့ ကြိုက်နေတာကိုး .. ။

" ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ်
ဟိုမှာ ငါ့ကိုကြီး "

Kဆိုတဲ့ အသံကြားတဲ့ ယုန်ကလေးနားရွက်ထောင်သလို မျက်လုံးလေးပါပြူးသွားတဲ့ Joက အသဲအသန်လိုက်ရှာရတယ် ။

" သူ့ဘေးက ဘယ်သူလဲ .. "

Kက ကျောင်းသားတွေကြားမှာလဲ နာမည်ကြီးသလို ဆရာမတွေရဲ့အချစ်ခံလေးလဲဖြစ်တာမို့ အမြဲ သူ့နားမှာ လူတွေ အုံနေကျပဲ ။

အခုလဲ သူ့နားမှာ ကောင်မလေးတစ်ယောက်ရှိနေပြန်တယ် ။

" မသိဘူးလေ တစ်နေ့ကပဲတွဲလိုက်တဲ့ ရည်းစားအသစ်ထင်တာပဲ အယ်- "

Makiက ပြောချင်ရာပြောပြီးမှ Joကို ကြည့်ပြီး ငြိမ်ကျသွားတယ် ။ Joကတော့ လက်ထဲက နွားနို့ဘူးကိုဆွဲညှစ်မိထားတာမို့ လျှံကျလာတဲ့ နို့တွေဟာ သူ့လက်တွေကိုပါ ပေကျံလို့ ။

" Kမှာ ရည်းစားဘယ်နှယောက်ရှိလဲ "

" တစ်ယောက်တည်းလေ ။ ငါ့အစ်ကိုက တစ်ချိန်တည်းမှာတော့ အများကြီးပြိုင်မတွဲပါဘူးကွ "

" ဒါဆို ရည်းစားဟောင်းရော ဘယ်နှယောက်ရှိလဲ "

Makiက အကဲခတ်သလိုကြည့်ရင်း လက်သုံးချောင်းထောင်ပြတယ် ။ Joက ( Kမမြင်နိုင်မှန်းသိသိကြီးနဲ့ ) မျက်စောင်းလှမ်းထိုးမိလျက်သား ။

Playboy In Love ( K.JO )Where stories live. Discover now