Playboy

180 28 11
                                    

" ဒီနေ့ကစပြီး ကိုယ်ကမင်းနဲ့အီစီကလီလုပ်တော့မှာ "

" Headphone
Airpod
Ipad
Phone
Charger အင်း စုံသလောက်တော့ရှိနေပါပြီ "

Joက လွယ်အိတ်ကို သေချာပြန်စစ်ရင်း ပြုံးတယ် ။ ကြိတ်ပြီးဆုတောင်းခဲ့သလိုပဲ သူစာမေးပွဲအောင်ပါတယ် ။ အဲ့တာကြောင့် အကြီးတွေနဲ့တူတူ Field Tripသွားခွင့်ရလာတာပေါ့ ။

Koga Yudaiနဲ့အတူတူဆိုတဲ့ အသိက Joကိုပျော်မြူးစေတယ် ။ Joက တုန်နေတဲ့လက်ဖျားတွေနဲ့ တဒိုင်းဒိုင်းခုန်နေတဲ့ ရင်ဘတ်ကို မသိကျိုးကျွံပြုလို့ စုရပ်နေရာမှာ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေတော့တာ ။ သူ့ဘေးက Makiကတော့ ထုံးစံအတိုင်း မြေကြီးကို ဖိနပ်နဲ့ကန်ဆော့နေတယ် ။

" မျှော်မနေနဲ့ ငါ့အစ်ကိုမလာသေးဘူးဟ "

" ဘယ် ..ဘယ်သူက မျှော်နေတာလဲ "

" မင်းလေ မင်းပေါ့ ။ လည်ပင်းကြီးလဲ ၃ပေလောက်ရှည်လာဦးမယ် "

တိုးတိုး တိုးတိုးရန်ဖြစ်နေတဲ့သူတို့နှစ်ယောက်ဟာ Seniorတစ်ယောက်ရဲ့ "ကလေးတွေ ကားပေါ်တက်လို့ရပြီ " ဆိုတဲ့ အသံကြောင့် လှုပ်ယွသွားရပါတယ် ။

" ဘာလို့ K kunက မလာတာလဲဟင် "

သူတို့နဲ့ ကားတစ်စီးတည်းစီးမယ်လို့ထင်ရတဲ့ Yejunဆိုတဲ့ ကလေးကမေးလာတာမို့ Joက ပညာရှိယောင်ဆောင်တဲ့ ယုန်ကလေး နားရွက်ထောင်သလိုမျိုး မသိမသာနားစွင့်ရရဲ့ ။

" အစ်မတို့က ၁၅ယောက်တစ်စီး စီစဥ်ထားတာလေ ။ K kunက ကားနံပါတ်၃ကမို့ ဒီကားနဲ့မလိုက်ဘူး မောင်လေးရဲ့ "

Joက မျက်နှာပျက်သွားတာကို မထိန်းနိုင်ဘဲ ကားပေါ်ကို လှမ်းတက်လာတာ ပက်ကျိလေးလိုမျိုး ။ လွယ်ထားတဲ့ လွယ်အိတ်ကလဲ အခုမှ ခဲဆွဲထားသလို လေးလိုက်တာများ ။ သူ့မှာဖြင့် K kunနဲ့တူတူ ခရီးသွားဖို့ဆိုပြီး စိတ်ကူးတွေယဥ်ခဲ့ရတာ ။

" K kunက ငါ့ကို တမင်ရှောင်တာလားမသိဘူးနော်"

" ရှောင်ရအောင် မင်းတို့ရန်ဖြစ်ထားလို့လား "

ကလေးသာသာရှိသေးတဲ့ Makiက အများကြီးမတွေးတဲ့ပုံပါပဲ ။ "မင်းအစ်ကိုကို ငါက ဖွင့်ပြောခဲ့တဲ့အပြင် ဖက်ပါနမ်းခဲ့သေးတယ်" လို့ရှင်းပြလို့မဖြစ်တာမို့ Joက မှန်တံခါးကို ခေါင်းမှီလိုက်ရင်း အိပ်ဖို့ပဲကြံပါတော့တယ် ။

Playboy In Love ( K.JO )Where stories live. Discover now