" JoJo အတော်ဆုံးပဲ ။ ချစ်တုံးလေး ရေသောက်ပါဦး "
ဘောလုံးကို ပိုက်ရင်း သွက်သွက်လေးပြေးလာတဲ့ Joက Kရှိရာကို တန်းလို့ ။ Kက အရင်ကလိုပဲ Snow towelနဲ့ Joမျက်နှာပေါ်က ချွေးတွေ ဖွဖွလေးသုတ်ပေးနေရင်း ဆံပင်လေးတွေကို ဖွပေးပြန်တယ် ။
" ကိုကို တကယ် စိတ်မပြောင်းတော့ဘူးလား "
" ဟင် ဘာကြီးကိုလဲ .. Jo "
" ဟို .. audition ကိစ္စ "
ဒီအကြောင်းပြောတိုင်း Joနဲ့ Kဟာ စကားများရစမြဲ ။ အကြောင်းကတော့ Jo ကို လူသိများတဲ့ Idol Agency တစ်ခုက Audition ဝင်ဖြေဖို့ကမ်းလှမ်းရာကစသည် ။
ကျောင်းပြီးသွားလို့ သူ့အဖေCompany မှာပဲ အလုပ်ဝင်နေတဲ့ Kကတော့ လူကြီးဖြစ်နေပြီမို့ အနုပညာရှင်ဖြစ်ရတာ ဘယ်လောက်ခက်မှန်းသိတာကြောင့် နည်းနည်းမှ သဘောမတူချင် ။ အကျင့်မကောင်းသည်ပဲပြောပြော ၊ Jo အချိန်ပိုင်းသဘော Model လုပ်တာတောင် သူအမြင်မကြည်ချင်ပါ ။ Joကို ဘယ်သူနဲ့မှခွဲဝေမချစ်လိုသော စိတ်ရင်းလေး သူ့မှာ ရှိသည် ။
" အခု Maki တောင် အဲ့မှာ Traineeဖြစ်နေပြီ ကိုကိုရဲ့ "
" ဖြစ်ဖြစ်လေ ၊ အဲ့ကလေးက ကျောင်းစာလဲမရတာကို ၊ သူ့မှာဒါပဲရွေးစရာရှိတဲ့ဟာ "
" Makiက ကိုကို့ညီနော် "
ချွေးစိုနေတဲ့ ဆံပင်ဝဲဝဲလေးကို ခါယမ်းရင်း ငြင်းတဲ့ Joကြောင့် Kက အပြောရခက်စွာ မတ်တပ်ထရပ်တော့ Joက Kရဲ့ အင်္ကျီအနားစကိုဆွဲလို့ တကောက်ကောက် ။
" ကိုကို .. သားလေ တစ်ခါလောက် လူတွေအများကြီးရှေ့မှာ ကကြည့်ချင်တယ် ။ သီချင်းတွေလဲဆိုချင်တယ် ။ သေချာပေါက် သားဆိုတဲ့ အချစ်သီချင်းတိုင်းက ကိုကို့ကိုရည်ရွယ်တာပေါ့ ကိုကိုရယ် "
မပြုံးစမ်းနဲ့ Koga Yudai .. မင်း အဲ့လောက် ချစ်မပြနဲ့ ။ Kက စိတ်ကိုတင်းထားရင်း Joကိုလှည့်အကြည့် ပါးမို့မို့လေးတွေဖောင်းတဲ့အထိ ပြုံးနေတဲ့ Joကြောင့် သူ့စိတ်တွေဟာ နေထိသွားတဲ့ ရေခဲမုန့်လို အရည်ပျော်ကျသွားပါတော့တယ် ။
" နော် .. ကိုကိုနော် ။ သားက ကိုကို့ကိုပဲချစ်တာလေ ။ ပရိတ်သတ်တွေ ဘာတွေပေါ်လာလဲ ကိုကို့လောက်မချစ်ဘူးလေ "
YOU ARE READING
Playboy In Love ( K.JO )
Fanfiction" K, stop messing me up " " Nah, I won't " KJO Burmese Fanfiction Zawgyi and Unicode Available