Playboy

214 29 17
                                    

" အင်း မဆိုးတော့မဆိုးပါဘူး အပုဒ်၂၀မှာ ၁၀ပုဒ်မှန်တယ်ဆိုတော့ အောင်တော့အောင်မှာမလား "

Joက မှင်နီလေးကို ပစ်ချရင်း ညည်းညည်းညူညူပြောတယ် ။ Ipadနဲ့စာလုပ်တာမို့ Blue-Block မျက်မှန်ကို တပ်ထားရတာကြောင့် မျက်မှန်နဲ့Joက ချစ်စရာကောင်းအောင်ကို လိုက်ဖက်နေတာ ။

တကယ်တမ်းတော့ Joက အားအားယားယားကောင်လေးမဟုတ်ဘူး ။ အမေမွေးပေးတဲ့ မျက်နှာလှလှလေးကြောင့် ကျောင်းတစ်ဖက်နဲ့ Modelလုပ်ပေးရသေးတယ် ။ သူကိုယ်တိုင်သဘောကျတဲ့ Basketball Clubရဲ့ အားကိုးရတဲ့ လက်ရွေးစင်အားကစားသမားလဲဖြစ်နေသေးသလို CFအသေးစားတွေလဲ ကြိုကြား ကြိုကြား ရိုက်ပေးရသေးတယ် ။

မအားတဲ့အပြင် ကိုယ်တိုင်ကိုကစာလုပ်ရတာ မကြိုက်တာမို့ Joကအရင်စာမေးပွဲတွေဆို Moderation အကူအညီနဲ့သာအောင်နေကျ ။

ဒါပေမယ့် ဒီတစ်ခေါက်တော့ Joက အတတ်နိုင်ဆုံး ကောင်းကောင်းဖြေချင်ခဲ့သည် ။ Kအတွက်ပေါ့ .. Kနဲ့တူတူ Field tripသွားရဖို့အတွက်ပေါ့လေ ။

အဲ့တာကြောင့် ပိတ်ရက်ဆို အိပ်နေကျ Joက မနက်၆နာရီကတည်းက Makiအိမ်ရောက်နေပြီး လွတ်သွားတဲ့စာတွေ လာနားထောင်နေတာလေ ။ ပြောရရင် Makiအစ်ကိုတစ်ဝမ်းကွဲ သူ့Crushကို မြင်ရမလားဆိုတဲ့ စိတ်ကလေးလဲပါတာပေါ့လေ ။ အခုထိတော့ အရိပ်တောင်မမြင်ရသေးပေမယ့်ပေါ့ .. ။

" JoJo မင်း အိပ်ရေးမဝဘူးလား ။ မျက်လုံးတွေရဲတွတ်နေတာပဲ ၊ ငါ့ကုတင်ပေါ်အိပ်လေ "

" ရတယ် Maki ငါ ဒီနေ့ ဒီတစ်ခန်းဖြတ်ချင်လို့ "

" စာတွေအရမ်းလုပ်မနေနဲ့ ၊ အဲ့လိုနဲ့ရူးသွားဦးမယ် ။ တော်ရုံလုပ် ။ ငါအအေးသွားဖျော်ပြီးယူခဲ့မယ် ။ ၅မိနစ်လောက်အိပ်နေ "

Joက ကျေးဇူးလို့ မပီမသပြောရင်း မျက်မှန်တောင်မချွတ်နိုင်ဘဲ စားပွဲပေါ်မှာပဲ ခွေခွေလေးအိပ်သွားတာ ။

Makiကတော့ Joအဖြစ်ကိုကြည့်ရင်း မျက်စောင်းထိုးရုံပဲတတ်နိုင်သည် ။ တစ်သက်လုံးက စာဆိုလို့ ခေါင်မိုးပေါ်လာနားနေကျ စာကလေးတွေကိုတောင် ကြည့်မရတတ်သည့် Joက အခုတော့ဖြင့် K kun ကောင်းမှုနဲ့ စာတွေကြိုးစားပမ်းစားလုပ်နေသတဲ့လေ ။

Playboy In Love ( K.JO )Where stories live. Discover now