" ငါ့မှာထီးပါလာတယ်ကွ
မင်းငါ့ကိုဒုက္ခပေးလို့မရပါဘူး မိုးရယ် "Joက မိုချီလိုဖြစ်နေတဲ့ ပါးလေးတွေဖောင်းလာတဲ့အထိ ပြုံးရင်း လက်ထဲက ထီးကို ခပ်ဆဆကိုင်တယ် ။
သူကအတွေးများပြီးစေ့စပ်တဲ့ကောင်လေးမျိုးပဲ ။ အမြဲတမ်းအသေးစိတ်ပြင်ဆင်ရတာသဘောကျပြီး နည်းနည်းလေးတောင် လွဲချော်တာမဖြစ်ချင်တဲ့လူမျိုးပေါ့ ။
" ညီလေး "
မိုးရေထဲကို လှမ်းထွက်တော့မယ့်ကြံတဲ့ Joပခုံးပေါ် လက်တစ်ဖက်ရောက်လာတယ် ။
တအံ့တသြလှည့်ကြည့်တော့ မိုးတွေနဲ့အပြိုင် ကြည်လင်နေတဲ့ လူတစ်ယောက် .. ။
သူနဲ့အရပ်မတိမ်းမယိမ်းပေမယ့် သူ့ထက်ကို သေးသွယ်တဲ့မျက်နှာလေးနဲ့ မျက်လုံးတွေကပါလိုက်ပြုံးနေတဲ့ လူတစ်ယောက် ။
သူ့ကို ညီလေးခေါ်ပုံအရဆို သူ့ထက်ကြီးလောက်တယ် ။ အစ်ကိုခေါ်ရမှာလား ။ စီနီယာလို့ခေါ်ရမှာလား ။ ပါးစပ်ကပြန်မပြောဖြစ်ပေမယ့် စိတ်ထဲမှာတော့ အများကြီးပြောနှင့်ပြီးပြီ ။
" ကိုယ့်မှာထီးမပါလာလို့ Bus Car Gateအထိ တူတူသွားကြမလား "
ပြုံးပြုံးလေးပြောပြီး Joလက်ထဲက ထီးအပြာရောင်လေးကို လက်ညှိုးထိုးပြလာတယ် ။
သူ ဘာလုပ်ရမလဲ ။ ငြင်းလိုက်ရမလား ။ ထီးကလုံပါ့မလား ။ နှစ်ယောက်လုံးမိုးစိုသွားရင်ရော ။
စိတ်ထဲမှာ စကားတွေပြောနေတဲ့ Joကို ထိုအစ်ကိုက အထင်လွဲသွားပုံပဲ ။ အားနာသလိုပြုံးပြပြီး သက်ပြင်းဖွဖွကလေးချတယ် ။
" ညီလေး အဆင်မပြေလဲနေပါနော်
ရတယ် ကိုယ်မိုးတိတ်အောင်ပဲစောင့်လိုက်မယ် ။ တစ်ခြားသူတွေကအကုန်ပြန်ကုန်ကြလို့လာမေးကြည့်တာ ။ စိတ်ထဲမထားနဲ့နော် "ထိုအစ်ကိုက သူ့ပခုံးကိုပုတ်ပြီး ဆင်ဝင်အောက်ကအုတ်ခုံလေးမှာသွားထိုင်နေတယ် ။ တဖြန်းဖြန်းကျတဲ့မိုးစက်တွေက သူ့ဖိနပ်နားအထိလာစင်ရဲ့ ။
မိုးက မတိတ်တော့ဘူးလားမသိ ၊ ဒုက္ခပဲ ။ Joက အရမ်း တုံ့ပြန်မှုနှေးတဲ့ သူ့ကိုယ်သူအပြစ်တင်ရင်း ထိုအစ်ကိုထိုင်နေတဲ့နားကို ကပ်သွားလိုက်တယ် ။
VOCÊ ESTÁ LENDO
Playboy In Love ( K.JO )
Fanfic" K, stop messing me up " " Nah, I won't " KJO Burmese Fanfiction Zawgyi and Unicode Available