Playboy

191 24 14
                                    

" အဲ့တော့ Joနဲ့တွဲနေကြပြီလား "

" ဒါပေါ့ ဟိဟိ "

" တွဲတာကတွဲတာပေမယ့် Joကို တကယ်ချစ်ရဲ့လား ။ သားသူငယ်ချင်းကို မပလေးနဲ့နော် "

" မချစ်ပါဘူး ၊ မင်းကိုကြီး Koga Yudaiဘဝမှာဘယ်သူ့ကို အတည်ချစ်ဖူးလို့လဲ အဟက် ! Joက ငါ့ကိုအရမ်းကြိုက်နေလို့သာ ငါကလက်ခံပေးလိုက်တာ "

Sundayနေ့လည်ခင်းမို့ အနားယူနေတဲ့ Makiဟာ သူ့အစ်ကိုKရဲ့ စကားကြောင့် စိတ်လေရပါတယ် ။ ပိုစိတ်လေသွားစေရတာကတော့ ဖုန်းဝင်လာတာမို့ လင်းလာတဲ့ Wallpaperမှာ ပါးကြီးဖောင်းနေတဲ့ Joကိုမြင်ရလို့ပါပဲ ။ Contact nameမှာလဲ " ပူတူးတူးလေး JoJo " ဆိုတာကို အသဲပုံရောင်စုံနဲ့ မှတ်ထားသေးတာ ။

" JoJoက ကိုကို့ကိုမချစ်ပါဘူး "

" ချစ်ပါတယ် ကိုကိုရဲ့ "

" အဲ့တာဆို ဘာလို့ ကိုကို့ကိုချစ်တယ်လို့စာပို့တာ အသဲအီမိုဂျီလေးမပါတာလဲ "

ဗုဒ္ဓေါ ... ရုံးပတီသီးတောင် ဦးလေးခေါ်ရအောင် ချွဲနွဲ့နေတဲ့အသံကြောင့်ရော မဟားတရားCringeစေတဲ့ စကားတွေကြောင့်ရော Makiက ဘာသာပေါင်းစုံဘုရားတွေအကုန်တမိတော့မလို့ ။

" ကိုကြီး ! သားTVကြည့်နေတာ နားကြားပြင်းကပ်လို့ ကိုယ့်အခန်းကိုယ်သွားပြောပါလား "

" အားမရှိဘူး "

" ဘယ်အားတုန်း "

" ငါ့ရည်းစားလေးAsakura Joငါ့နားမှာမရှိလို့ ဘာမှလုပ်စရာအားမရှိဘူးလို့ Makiရယ် ။ မင်းမကြားချင် မင်းထွက်သွားပါလား "

အပိုတွေလို့မကြားတကြားပြောပြီး ထထွက်သွားတဲ့ Makiကိုလဲ Kကအဖတ်မလုပ်နိုင်အားဘူး ။ သူ့စိတ်ထဲမှာ ရည်းစားညီလေးနဲ့ ပလီပလာလုပ်ဖို့ပဲတွေးနေလို့ .. !

" JoJoလို့ ! ကိုကိုစကားပြောနေတာကို ပြန်မထူးပြန်ဘူး ၊ ဘာလုပ်နေတာလဲ "

" ချောကလတ်စားနေတာ "

" ဟာ ။ ချောကလတ်မစားဘဲ ကိုကို့ကိုပဲစားပါလား JoJoရယ် "

" မစားပါရစေနဲ့ ။ ချောကလတ်ကကုန်သွားရင် ထပ်ဝယ်လို့ရတယ် ။ ကိိုကို ကုန်သွားရင် ကျွန်တော်ဘယ်ကသွားဝယ်ရမလဲ ။ ကျွန်တော်မှ ကိုကိုမရှိလို့မဖြစ်တာ "

Playboy In Love ( K.JO )Onde histórias criam vida. Descubra agora