ငါနဲ့မောင်ရဲ့ဇာတ်လမ်းအစ

843 54 10
                                    

Unicode✅ အပိုင်း၁

ငါကမြေစာပင်တစ်ပင်လားမောင်?
--မောင့်ကိုချစ်ခဲ့မိလို့--

"အကိုလေးဘောမ်ဂယူအခုအောက်ကိုဆင်းလာခဲ့လို့သခင်လေးကမှာလိုက်ပါတယ်"

တီးခတ်နေတဲ့ဂီတာကိုချလိုက်ပြီးနောက်တွင်ဘောမ်ဂယူဆိုသည့်လူငယ်လေးရဲ့မျက်ဝန်းလေးတွေကဝမ်းနည်းရိပ်တွေသန်းလာသည်မှာအဘယ်ကြောင့်နည်း။

"လာခဲ့မယ်လို့ပြောလိုက်ပါ"

တစ်ခွန်းထဲသောစကားကိုဆိုပြီးတဲ့အချိန်မှာတော့ဘောမ်ဂယူမှာဘေးနားကဖွင့်ထားတဲ့ပြတင်းပေါက်ဆီကိုဆွေးဆွေးကလေးကြည့်နေရှာသည်။

"မင်းကိုချစ်တယ် ဒါပေမဲ့လည်းမင်းမပျှော်ရွှင်မှာကိုငါမလိုလားဘူးမောင်"

တွေးနေတာကိုရပ်လိုက်ကာအောက်ထပ်တွင်ရှိသည့်ဖခင်ဖြစ်သူရဲ့စာဖတ်ခန်းထဲကိုဝင်လိုက်သည်။

"ကျတော်ရောက်ပြီဒယ်ဒီ"

"ညနေကျထယ်ဟျွန်းတို့ရောက်လာလိမ့်မယ်အကုန်ပြင်ဆင်ထား"

"ဒယ်ဒီ! ကျတော်ထယ်ဟျွန်းနဲ့လက်မထပ်ချင်ဘူးလို့!"

"ငါ့ကိုလွန်ဆန်နေတာလားချွဲဘောမ်ဂယူ"

"မဟုတ်-မဟုတ်ပါဘူး"

သူမေ့နေခဲ့တာ။သူကဒီအိမ်ရဲ့ကြိုးဆွဲရာကနေရတဲ့အရုပ်လေးဆိုတာကိုလေ။

"အကုန်ပြင်ဆင်ထားချွဲဘောမ်ဂယူ"

"ဟုတ်ကဲ့"

စာဖတ်ခန်းထဲကလှည့်ထွက်ကာပြန်မယ်အလုပ်အနောက်ကနေဖခင်ဖြစ်သူရဲ့အမေးစကား။

"ဂန်ထယ်ဟျွန်းကိုချစ်တယ်မဟုတ်လားဘာလို့ပိုင်ဆိုင်ရဖို့ကိုငြင်းဆန်နေတာလည်း"

"သူမှကျတော့်ကိုမချစ်တာ"

"အဓိဂကမင်းသူ့ကိုပိုင်ဆိုင်ရပြီးပြီပဲလေ ဘာလိုသေးလို့လည်း"

"ကျတော်သူ့ကိုချစ်တဲ့အချစ်ကပိုင်ဆိုင်လိုခြင်းနဲ့ချစ်တာမဟုတ်ဘူးဒယ်ဒီ"

ထိုနေ့နေ့လည်ခင်းတွင်တော့ဘောမ်ဂယူပြောခဲ့သောစကားကြောင့်အတွေးများနေသောသူရှိခဲ့လေသည်။

မောင့်ကိုချစ်ခဲ့မိလို့ ||Taegyu(Complete) Where stories live. Discover now