အသုံးတော်ခံ

567 39 8
                                    

Unicode✅ အပိုင်း၃

မင်းသိလားမောင်စက္ကူပန်းတွေရဲ့အဓိပ္ပာယ်က"မင်းလိုသလိုသုံးလို့ရပါတယ်တဲ့"
--မောင့်ကိုချစ်ခဲ့မိလို့--

"ဒီနေ့ညပါတီသွားစရာရှိတယ် ပြင်ဆင်ထား"

"မောင်ငါမလိုက်ချင်-"

ခပ်စူးစူးကြည့်လာတဲ့မောင့်ရဲ့အကြည့်တွေအောက်မှာဘောမ်ဂယူရဲ့ဆက်ပြောမဲ့စကားလုံးတွေဟာပျောက်ရှကုန်သည်။

"ဘာမှထပ်မကြားချင်တော့ဘူး လုပ်ဆိုလုပ်ထား"

"အင်း"

"သွားတော့မယ်"

"မောင်ခဏ!"

"ကျစ်! ဘာလုပ်မို့လည်း"

"Necktieစောင်းနေလို့"

မောင့်ဆီကိုအပြေးလေးသွားကာစောင်းနေတဲ့ Necktieကိုပြန်ပြင်ပေးလိုက်သည်။

"ရပြီ"

ဘာမှမပြောဘဲမောင်းကာထွက်သွားခဲ့သောကားလေးကိုမြင်ကွင်းကပျောက်သည်အထိကြည့်နေမိသည်။

--မောင့်ကိုချစ်ခဲ့မိလို့--

ညနေဘက်ရောက်ပြီ။မောင်ပြောတဲ့အတိုင်းပြင်ဆင်ထားပြီးပြီဖြစ်သည်။မောင့်ကိုစောင့်ရင်းစာအုပ်လေးတစ်အုပ်ကိုဖတ်နေလိုက်သည်။

*တီတီ!*

ကားဟွန်းတီးသံကိုကြားလိုက်ရတာကြောင့်မတ်တပ်ထရပ်လိုက်ပြီးအကျီကိုသေချာပြင်လိုက်ကာအိမ်ပြင်ကိုထွက်လာလိုက်သည်။

"မောင် မင်းကဒီတိုင်းဘဲသွားမှာလား"

"အင်း"

ကားပေါ်ကိုတက်ပြီးတော့မောင်ကသွားရမယ့်လမ်းကိုစတင်မောင်းတော့သည်။
ကားမောင်းနေတဲ့မောင့်ရဲ့လက်ချောင်းသွယ်သွယ်တွေကိုငေးကြည့်နေမိသည်။

ပါတီရောက်တော့မောင်ကသူ့ကိုကားတံခါးဖွင့်လာပေးသည်။သူအပြင်ရောက်တော့မောင်ကသူ့ရဲ့ခါးကိုလက်တစ်ဖက်ဖြင့်ပွေ့ဖက်လိုက်ကာပါတီအတွင်းကိုရောက်လာခဲ့ကြသည်။

"အိုး Mr.Kangတို့တောင်ရောက်လာပြီဘဲ"

"ဂုဏ်ယူပါတယ်ဗျာ"

"မဟုတ်တာ ဒါနဲ့ Mr.Kangရဲ့အမျိုးသားဆိုတာအဲ့ကောင်လေးလား"

"ဟုတ်ပါတယ် ကျွန်တော့်ရဲ့အမျိုးသားလေးဂန်ဘောမ်ဂယူပါ"

မောင့်ကိုချစ်ခဲ့မိလို့ ||Taegyu(Complete) Where stories live. Discover now