Unicode ✅ အပိုင်း၄
Chocolate Cosmosပန်းလေးတွေရဲ့အဓိပ္ပာယ်က"တစ်ခြားသူတွေထက်မင်းကိုပိုချစ်နိုင်ပါတယ်တဲ့"ငါကလည်းမင်းကိုတစ်ခြားသူတွေထက်ပိုသာတဲ့အချစ်နဲ့မင်းကိုချစ်နိုင်တယ်မောင်
--မောင့်ကိုချစ်ခဲ့မိလို့--"ငါမင်းကိုကြိုက်တယ် မဟုတ်ဘူးထယ်ဟျွန်းငါမင်းကိုချစ်တယ်"
ထိုစကားကိုကြားပြီးပြီးချင်းဘောမ်ဂယူHyungကိုလှည့်ကြည့်လိုက်မိသည်။
"ဘယ်အချိန်ကတည်းကလည်းတော့ငါမသိဘူးထယ်ဟျွန်း ဒါပေမဲ့ငါမင်းကိုချစ်တယ်"
"Hyungကျတော်-"
"အဖြေမသိချင်ဘူးထယ်ဟျွန်း ငါ့ဘက်ကဘဲချစ်နေတာကိုမင်းသိရင်ရပြီမို့"
"ကျတော် Hyungကိုမချစ်ဘူး"
"အင်း သိတယ်"
"ဒါဆိုဘာလို့.."
"ဒီအတိုင်းဘဲ ငါမင်းကိုမပြောလိုက်ရရင်နောင်တရမယ်ထင်လို့"
"......."
"ငါသွားပြီ"
ထွက်သွားခဲ့တဲ့ဘောမ်ဂယူရဲ့ကျောပြင်ကိုမြင်ကွင်းကနေပျောက်သွားခဲ့သည်အထိသူရပ်ကြည့်နေခဲ့မိသည်။ထွက်သွားတဲ့ကျောပြင်ငယ်လေးရဲ့အထီးကျန်မှုတွေကိုသူခံစားလိုက်ရပါသည်။
ထိုနေ့ကစပြီးသူHyungနဲ့လည်းမတွေ့ဖြစ်တော့ပါ။Hyungဘက်ကလာတွေ့ပင်မဲ့သူကတော့Hyungကိုရှောင်နေမိသည်။Hyungနဲ့တွေ့ရင်စိတ်ကသိကအောက်ဖြစ်သလိုလိုရှက်သလိုလိုဖြစ်နေသောကြောင့်ပင်။
"ထယ်ဟျွန်းနား!"
အော်သံတစ်သံနဲ့အတူသူ့ဘေးကိုရောက်လာတဲ့ဘောမ်ဂယူကြောင့်သူရှောင်သွားဖို့တွေးလိုက်မိသည်။သို့သော်လည်းထိုသို့ရှောင်ထွက်သွားတာကမကောင်းဘူးမလား။
"မင်းငါ့ကိုရှောင်နေတာလားထယ်ဟျွန်း"
"မဟုတ်ပါဘူး"
"ဟိုရက်ကငါပြောလိုက်တဲ့စကားကမင်းကိုနေရခက်စေတယ်ထင်တယ်"
"......."
"ငါမင်းကိုလာနှုတ်ဆက်တာ"
"ဘယ်သွားမလို့လည်း"
YOU ARE READING
မောင့်ကိုချစ်ခဲ့မိလို့ ||Taegyu(Complete)
Fanfictionမောင့်ကိုချစ်ခဲ့မိသည်က အမှားတစ်ခုဆိုလျှင် ထိုအမှားကိုဘောမ်ဂယူသိပ်ကျေနပ်ပါသည်။ Start Date-13.2.2023 End Date-15.5.2023 Unicode+Zawgyi