ပျော်ရွှင်ရပါသော

436 39 3
                                    

Unicode✅အပိုင်း၆

မောင်ကသားလေးကိုနာမည်တွေဘာတွေလည်းမပြောင်းပေးခဲ့ပါ။ဒီတိုင်းဘဲဆောနူဟုခေါ်သည်။ယခုလည်းသူနဲ့သားလေးကိုကြည့်ရင်းအတွေးတွေထဲနစ်နေတဲ့မောင်။

"မောင်"

"အင် ပြောလေ"

"အပြင်သွားကြမလား"

"သားကသွားမယ်ဆိုရင်-"

"သွားမယ်Daddy!သွားမယ်!"

"ဒါဆိုလည်းသွားကြတာပေါ့ ဂန်ဘောမ်ဂယူအင်္ကျီသွားလည်းထား သားကိုကမောင်လည်းပေးလိုက်မယ်"

"အင်းအင်း"

ဘောမ်ဂယူကမောင့်ရဲ့စကားကိုနားထောင်စွာဖြင့်အိမ်ပေါ်ကိုကလေးတစ်ယောက်လိုပျော်ရွှင်စွာတက်သွားသည်။

"Daddy"

"ဗျာ"

"Papaက ကလေးနဲ့တူတယ်နော်"

"အင်း"

"နောက်ပြီးPapaကချစ်စရာလေး ညနေကလည်းသူ့ရဲ့အရုပ်ကိုယူလို့ဆိုပြီးကျွန်တော့်ကိုဆူနေတာနှစ်ခမ်းကြီးတထော်ထော်နဲ့ ခစ်ခစ်!"

အရှေ့ကနေBeomgyu Hyungရဲ့အကြောင်းကိုပြောပြပြီးသဘောတွေကျနေတဲ့သားလေးကိုကြည့်ရင်းမောင်ကလည်းလိုက်ပြုံးနေသည်။

"ဟုတ်လား"

"ဟုတ်တယ် Daddy"

"Papa ကိုအတင်းတုပ်နေတာလား"

ဘယ်ကရောက်လာမှန်းမသိတဲ့ဘောမ်ဂယူကစွာနေလေသည်။

"မဟုတ်ပါဘူးDaddyရဲ့နော်"

မောင်ကလည်းဘောမ်ဂယူနဲ့သားလေးကိုစချင်လာတာကြောင့်

"ဂန်ဘောမ်ဂယူကိုအတင်းတုပ်နေတာ"

"ကင်မ်သောနူ!"

"အားး အဲ့နာမည်ကိုမခေါ်ပါနဲ့ဆို"

"ခေါ်တယ်ကွာ ဘာဖြစ်လည်း"

"Papaနော် Daddyကလည်းဘာလို့လူကိုချွန်တုံးလုပ်နေတာလည်း"

"ဟားဟား! Daddyကအသဲယားလို့ပါ"

"အကျင့်ပုပ်ကြီး"

"ဂန်သောနူ! ဂန်ထယ်ဟျွန်း!သွားကြမယ်"

ပြောပြီးအရှေ့ကနေထွက်သွားတဲ့ဘောမ်ဂယူကိုကြည့်ရင်းသားအဖနှစ်ယောက်ကြိတ်ရယ်နေသည်။

မောင့်ကိုချစ်ခဲ့မိလို့ ||Taegyu(Complete) Where stories live. Discover now