ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး Intro
September 04, 2018
ပျောက်သွားတာနည်းနည်းကြာသွားလို့ ပိတ်သတ်တွေတောင် ချိုကန်းဆိုတာ
ကြာဖူးကြသေးရဲ့လားမသိဘူးဂျာ။ပြဿနာက အီစတာ ကျောင်းပိတ်ရက်တုံးက
ကမြင်းကြောထပီး ခြေဦးတည့်ရာ ခရီးထွက်လိုက်တာ ဘယ်ရောက်လို့ဘယ်ပေါက်
သွားတယ်မသိဖြစ်သွားတယ်။ အလည် လွန်ရာကပြန်လာတော့ စာမေးပွဲတွေ၊
အဆိုင်းမန့်တွေတစ်ပုံကြီးက စောင့်နေပါလေရော။ အဲ့ဒီမှာတင် အသက်ထွက်မတတ်
လုပ်လိုက်ရတာ ဒီဖက်ကို လုံးဝ လှည့်မကြည့်အားသလို ဖြစ်သွားတယ်။
မနေ့ကမှအားလုံး ဇာတ်သိမ်းသွားလို့ ခုလုပ်စရာဘာမှမရှိတော့ဘူးလွတ်လပ်ရေးရ
ပါပီ။ ဇာတ်လမ်းလေးပြန်စရေးကြည့်တာ ဟိုဖက်မောင်ပူစီကိုတစ်ပို့စ် ရေးပီးတင်
ကြည့်တယ်။ အာရုံက သိပ်မလာဘူးဖြစ်နေတယ်ဗျာ။ဟိုးအရင်ကထဲက ကျနော်
စိတ်ကူးရထားတဲ့ ဇာတ်အိမ်တစ်ခုရှိတယ်ဗျ။ အဲ့ဒါလေးစရေးကြည့်မလားလို့။
ကျနော်ကလေးဘ၀က ခဏခဏနေမကောင်းဖြစ်တတ်တယ်။ အဲ့ဒီအချိန်တွေဆို
အိပ်ယာပေါ်မှာခွေခေါက်ပီး စာတွေပဲလှိမ့်ဖတ်နေတတ်တယ်ဗျ။ ထူးဆန်းတာက
အဲ့ဒီအချိန်တွေတုံးက ဖျားတိုင်းဖတ်တဲ့စာအုပ်တွေက မှော်၊စုန်း၊သရဲ ဇာတ်လမ်းတွေ
ချည်းပဲ။ အေးတဲ့ဒေသဆိုတော့ စောင်ခြုံထဲခွေခေါက်ပီး သည်းထိတ်ရင်ဖိုဖြစ်ရတဲ့
ဖုတ်ဝင်တဲ့ဇာတ်တွေ၊မှော်ဆရာမှတ်တမ်း၊ ဆရာမနိုင်နှစ်ဆောင်ပြိုင်၊ညမဖတ်ရ
အစရှိတဲ့ဇာတ်လမ်းတွေပါတဲ့.. အဲ့ဒီရှေးခေတ်က ၀ါကျင့်ကျင့်စာအုပ်ကြီးတွေနဲ့ငြိမ့်
တော့တာကိုး။ လွယ်လွယ်ပြောကြစတမ်းဆိုရင် ရှေးခေတ်က ထုတ်ခဲ့ဖူးတဲ့
သရဲဝတ္ထုမှန်သမျှအကုန်မဖတ်ဖူးတာမရှိသလောက်ကိုဖြစ်မလားပဲ။အားလုံးကိုမမှတ်
မိတော့ပေမယ့် ကျနော်တော်တော်ကြိုက်တဲ့ စာအုပ်တစ်အုပ် ကိုတော့ မှတ်မိတယ်။
အဲ့ဒီစာရေးဆရာမက အနာကြီးရောဂါနဲ့ ဆုံးသွားရှာတယ် လို့ကြားဖူးတယ်
(ကိုsealion: ပြောတာကလေယာဉ်ပျက်ကျပီး ဆုံးတာတဲ့.. ကျေးဇူးငါ့ဆရာ)။
"ရေပြာအိုင်" ဆိုတဲ့ရွာကလေးတစ်ရွာမှာဖြစ်ခဲ့တယ်ဆိုပီး ဇာတ်အိမ်တည်ထားတဲ့
ဂမ္ဘီရဇာတ်လမ်းပေါင်းချုပ်ဗျ။
ဘာရယ်လို့မှန်းမသိပဲ အဲ့ဒီစာအုပ်ထဲက ဇာတ်ကွက်တွေကို နှစ်ပေါင်းများစွာ
ကျနော်စွဲလန်းမှတ်မိနေခဲ့ဖူးတယ်။ အဲ့ဒီစာအုပ်ထဲမှာပါတဲ့ဇာတ်လမ်းတွေထဲက
ကျနော်အကြိုက်ဆုံး ၀တ္ထုတို လေးတစ်ပုဒ်ကို လုံးဝမတူအောင်မှီးပီး အောဇာတ်လမ်း
လေးတစ်ပုဒ်လောက်စမ်းရေးကြည့်မယ်ဗျာ။ အမှန်က ဒီလိုလိုင်းမျိုးဆိုတာ"
အောဒဂုန်ရွှေမျှား" လို့ ကျနော်နောက်ပြောင်နေကြ ဘိုဂျင်(ကိုဂျင်ဂလိ)
ရဲ့လိုင်းမျိုးပါ။
သို့သော် သူ့လို မပြောင်မြှောက်ပေမယ့် ရင်တဖိုဖိုနဲ့ ဖီးလ်တက်စေမလားရယ်လို့
ကျနော်လက်တည့်စမ်းလိုက်ပါတယ်။ မကျေနပ်လျှင်ကျနော့်ကိုစာဆက်ရေးဖို့
မြှောက်ပေးတဲ့ ကိုတံငါကိုသာ ကလော်ဆဲကြပါကုန်။
channko
YOU ARE READING
ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး
Short Storyအချစ်တက္ကသိုလ် က စာအုပ် အဟောင်းလေးတွေကို ပြန်ဖတ်နိုင်ဖို့ စုစည်း ထားခြင်း ဖြစ်သည်။