ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး (၂)

2K 4 0
                                    

အုတ်ခဲအပြာကြီးတွေကုန်သွားတာနဲ့ မြေကြီးကိုတူးလိုက်တိုင်း
ထွက်လာတာတွေက ပစ္စည်းအစုံတွေ။
သံချေးကိုက်နေတဲ့စစ်သံခမောက်တစ်လုံး၊
ဘရင်းဂန်း ကျည်ဆံမဂ္ဂဇင်းသုံးခု၊ ဘက်နက်၂ချောင်း၊ ဂေါ်ပြားနဲ့
မြေကြီးကိုဖိဖိပီး ကလော်လိုက်တိုင်းထွက်လာတဲ့
ကျည်ဆံတောင့်တွေဖွေးဖွေးလှုပ်လို့။ လူတွေအားလုံးက
တွင်းနှုတ်ခမ်းဝမှာ စုပြုံပီး စိတ်ဝင်တစားရပ်ကြည့်နေကြတယ်။ မသိရင်
ရတနာသိုက်တစ်ခုကိုဖော်
နေကြတဲ့အတိုင်းပဲ။ သူတူးမယ်ငါတူးမယ်ဆိုပီး လုနေကြသေးတယ်။
ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်အရောက်မှာ ၁၁ထောင်အနက်ရှိတဲ့
တွင်းကိုသပ်သပ်ရပ်ရပ်တူးလို့ပီးသွားတယ်။ စစ်သုံးရိုင်ဖယ်၂လက်ရယ်၊
တင့်ကားဖျက်မိုင်းလို အ၀ိုင်းကြီးတစ်ခု၊ စစ်ခရာသံချေးကိုက်တစ်ခု၊
လူရိုးခေါင်းခွံတစ်ခု၊ ကျည်ဆံသေတ္တာမဖွင့်ရသေး
တာတစ်ခုနဲ့စာရင်းပိတ်သွားတယ်။ နေ့လည်စာကို အမေချက်ပေးတဲ့
၀က်သားနီချက်နဲ့ မုန်ညင်းချဉ်ရည်၊
ခရမ်းသီးမီးဖုတ်သုတ်စပ်စပ်ကလေးနဲ့ အားလုံးစားသောက်ကြပီး
ကျနော်တို့ခြံထဲက အရိပ်ကောင်းတဲ့ ကုက္ကိုပင်အုပ်အုပ်ကြီးအောက်မှာ
ဖျာလေးတွေခင်းပီး အားလုံး
လှဲလျောင်းရင်း တွင်းတူးရာက ထွက်လာတဲ့ပစ္စည်းတွေအကြောင်း
အာလူးဖုတ်ရင်းထမင်းလုံးစီနေကြလေရဲ့။
ခဏနေရင် အိမ်သာကို
တွင်းဟောင်းကနေအလုံးလိုက်ဖြုတ်ပီးရွေ့တော့မှာမို့လို့ တွင်းအသစ်ထဲ
ခြင်းကြားချဖို့ တာဝန်ယူထားတဲ့ကျနော်
တွင်းပတ်ပတ်လည်မြေသားညီမညီ စစ်ကြည့်ဖို့ တူးထားတဲ့
တွင်းဖက်ကိုတစ်ယောက်ထဲထွက်လာခဲ့တယ်။
တွင်းနံရံတစ်ဖက်တစ်ချက် မှာ ခြေကန်စရာ အရာ
ကလေးတွေပေးထားတော့ ကျနော်ပေါင်ကိုကား
ဟိုကန်ဒီထောက်လုပ်ရင်း တွင်းထဲဆင်းချလာခဲ့တယ်။ မြေကြီးအောက်
အနက်၁၁ထောင်လောက်ဆိုတော့
နည်းနည်းမှောင်ကြောင်ကြောင်ဖြစ်နေတဲ့ အပြင် မြေနံ့လေးက
သင်းနေတယ်။ တွင်းအောက်ခြေရောက်သွားတော့
အပေါ်ကိုမော့ကြည့်ရင်း ခြင်းကြားချရင် လျှော၂ရှူ၂
ဖြစ်မဖြစ်စူးစမ်းကြည့်နေလိုက်တယ်။ အားလုံးအဆင်ချောနေတာမို့
တွင်းနှုတ်ခမ်းပေါ်ပြန်တက်ဖို့ပြင်တယ်။
အပေါ်ကို တစ်ချက်မော့ကြည့်လိုက်တော့ ကျနော်တွေကနဲဖြစ်သွားပီ။
တွင်းအပေါက်ဘယ်မှာလဲဗျ?
ဘာလို့ရုတ်တရက်မှောင်အတိပီးနေရတာလဲ?
ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း မှောင်မည်းနေတာပဲ။
ထိတ်ကနဲဖြစ်သွားပီး ကယောင်ကတမ်းနဲ့ လက်က
မြေသားနံရံတွေကိုလျှောက်စမ်းကြည့်မိတယ်။ ခုနက
ခြေကန်ပီးဆင်းလာတဲ့
ခြေကန်နင်းစရာ အပေါက်ကလေးတွေကိုစမ်းမိတယ်။ ချက်ချင်းပဲ
အပေါ်ကို ကမူးရှူးတိုးတက်ဖို့ကြိုးစားတယ်။
ဘာမှမမြင်ရတော့ဘူးဆိုတာ ငါအောက်ဆီဂျင်ပြတ်ချင်လာတာနေမယ်။
လူမမြင်သူမြင်နဲ့ အသက်ရှူကြပ်ပီးသေတော့မယ်ဆိုတဲ့စိတ်က
ကြီးစိုးလာပီးရုန်းရင်း
ဆန်ခတ်နဲ့ အတင်းနံရံတွေကိုကုတ်ခြစ်ရင်းတွယ်တက်နေမိပီ။ ဒါပေမယ့်
လူက အပေါ်ကိုသာတက်နေတာ တွင်းနှုတ်ခမ်းကို
မရောက်နိုင်ဘူးဖြစ်နေတယ်။
မောလည်းမော၊ကြောက်လည်းကြောက်လာပီ။
နံရံ၂ဖက်ကိုခြေကန်ထားရင်း နောက်ထပ် ထပ်တက်ဖို့ အပေါ်တစ်ဆင့်
က နံရံအခွက်ကလေးကို
လက်နဲ့ဆွဲကိုင်ကုတ်တွယ်ပီးအားယူလိုက်ရာကနေ မြေသားက
ပဲ့ပါလာပီး ကျနော်နောက်ပြန်ပြုတ်ကျသွားတယ်။
အင့်! ဘုန်း!
တွင်းအောက်ခြေကို ကျောပြင်နဲ့ကျသွားတော့
လူလည်းအီစလံဝေသွားတယ်။ လက်ထဲမှာတော့
ကယောင်ကတမ်းကိုင်မိထားတဲ့ မြေကြီးတွေကိုဆုပ်ထားတုံး။
တအားကြီးဆုပ်ကိုင်ထားတာတောင် မြေကြီးတွေက
ကြေမသွားပဲခိုးလိုးခုလုဖြစ်နေသေးလို့ လက်နဲ့အသာအယာ
ပွတ်ချေပီး စမ်းကြည့်လိုက်တော့
အရုပ်ကလေးလိုလို၊လူရုပ်လိုလိုကလေးပါလား.. ဘာလေးတုံးဟ?
လက်မနဲ့ အမှောင်ထဲမှာ အသာအယာပွတ်စမ်းနေတုံးမှာပဲ..
ဖိုးသက်..
လို့ခပ်တိုးတိုး
နားရွက်နားကပ်ပီးတစ်စုံတစ်ယောက်ကခေါ်လိုက်သလိုအသံထွက်လာေ
တာ့ တစ်ကိုယ်လုံးတုန်ခါသွားတောင်လန့်ဖျန့်သွားတယ်။
ကြက်သီးတွေလည်း ဖြန်းကနဲ။
လက်ထဲကဆုပ်ကိုင်ထားမိတဲ့အရုပ်ကလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထ
ားမိရင်း အသက်ရှူ
ကြပ်တာကလည်း ပိုဆိုးလာပီ။ အမှောင်ထုကြီးထဲမှ ဘာမှန်းမသိတဲ့
အသံတစ်ခုက နားရွက်နားကနေ ဖိုးသက်..ဖိုးသက်.. ဖိုးသက် လို့
ဆက်တိုက်ခေါ်နေတာကို ခြောက်ခြားလွန်းလို့ တစ်ခုခု
ထအော်ချင်နေတာကို အော်လို့ကိုမရဘူး။
ကျနော်သေတော့မယ်လို့တောင်ထင်
နေမိပီ။
အေဘေးလေး.. ဖိုးသက် သေနေပီလား..ဟကောင်.. အောင်မာ
ချီးလုပ်နေတာလားအဲ့ဒါ..
ဒါကိုရွှေဘအသံပဲဆိုတာသတိရသွားလို့ အားတက်သွားတယ်။
မျက်လုံးစုံမှိတ်နေရာကနေ ဖွင့်ကြည့်လိုက်တော့
အိမ်သာတွင်းနှုတ်ခမ်းအ၀ကနေ ကိုရွှေဘကော
ကျန်တဲ့လူတွေပါဝိုင်းအုံကြည့်နေတာတွေ့လိုက်ရမှ
၀မ်းသာအားရထထိုင်လိုက်မိတယ်။ လက်ထဲမှာဆုပ်ထားမိ
တာကိုကြည့်လိုက်တော့ သစ်သားရုပ်ထုလိုလိုဘာလိုလိုလေး။
ဘောင်းဘီအိပ်ကပ်ထဲအသာထိုးထည့်ပီး တွင်းအပေါ်ဖက်ဆီ
ခပ်သွက်သွက်ကလေးတွယ်တက်လာခဲ့မိတယ်။
စားသောက်လို့လည်းပီးရော တွင်းထဲဆင်းအိပ်နေတယ်ဟုတ်လား..
ပီးတော့ အိပ်တာကလည်း သေနေသလားမှတ်ရ မသာကလေး
ဟီးဟီး..
ကျနော်အိပ်ပျော်နေတာမဟုတ်မှန်းကျနော်ပဲသိတယ်ဗျ။
တွင်းထဲပြုတ်ကျပီး တက်လို့မရဖြစ်နေခဲ့မှန်းလည်း အောင့်နေတဲ့
နောက်ကျောက သက်သေခံနေတယ်။ ခြောက်ခြားနေတဲ့စိတ်က
ခုထိအရှိန်မသေသေးပေမယ့် ဘာမှမဖြေရှင်းချင်တော့လို့
သွားဖြဲပီးတဟီးဟီးပဲ
ရယ်ပြနေလိုက်တယ်။ သူတို့တာ အချိန်မှီရောက်မလာခဲ့ရင်
ကျနော်တော့ အသက်ရှူရပ် ခြောက်ခြားပီး
သေသွားနိုင်တယ်ဆိုတာသေချာတယ်ဗျာ။
ကဲ! ခြင်းကြားချဖို့ပြင်.. ဟိုကောင်တွေ ဟိုဖက်က အိမ်သာကို ဖြုတ်ပီး
အလုံးလိုက်မဖို့ ပျဉ်းကတိုးယက်မတန်း တွေသွားယူခဲ့..
ခပ်မြန်မြန်လုပ်ကြစမ်း.. ဒါပီးမှ မြစ်ထဲ ငါး မိုင်းခွဲဖို့
မြန်မြန်လစ်ရမှာ..လုပ်ကြလုပ်ကြ
ဒီနေ့ အိမ်သာအသစ်တည်ဆောက်ရေး အော်ပရေးရှင်းပီးဆုံးသွားလို့
ကျနော်တို့ အုပ်စုလေးအောင်ပွဲခံနေကြတယ်ဗျ။
ထုံးစံအတိုင်းရပ်ကွက်ထိပ်က မီးကင်းတဲမှာ ညဉ့်အတော်နက်တဲ့အထိ
ချက်ပြုတ်စားသောက် ဟေးလားဝါးလားပေါ့လေ။
မီးကင်းတဲဆိုတာကလည်း တစ်ခါက ကျနော်ပြောခဲ့ဖူးသလို
ခနော်ခနဲ့လေးမဟုတ်ဘူး။ ကြက်ခွပ်ပင်အုပ်အုပ်ကြီးတွေအောက်မှာ
ပျဉ်ထောင်သွပ်မိုး
အသေအချာကြီးဆောက်ပီး တစ်ခြမ်းက
အခန်းတောင်ဖွဲ့ထားလိုက်သေး။ ကျန်တဲ့တစ်ခြမ်းက
ကွပ်ပျစ်အကျယ်ကြီးလိုပျဉ်ချောခင်းထားသေးတယ်။
လူငယ်တွေဂေဟာပေါ့။ နေ့လည်က အိမ်သာတွင်းတူးရင်း ရလာတဲ့
ကျည်ဆံတွေ၊သေနတ်တွေကို မြို့ပြင်တပ်ထဲသွားပို့
လိုက်ရာက ဂတ်ဘဲ၃ကောင်ရလာတယ်။ အမေက
ကလေးတွေစားဖို့သောက်ဖို့ဆိုပီး ဘေးခြံက အိမ်ကြက်၂ကောင်ဝယ်၊
"ခတ်ချို" ရှမ်းဆန်အရက်မွှေးမွှေးလေး
သံပုံးလေးထောင့်ပုံးနဲ့တစ်ပုံးလက်ဆောင်ရထားတာကိုစတိုခန်းထဲက
ထုတ်ပေးလိုက်ရင်း ကိုရွှေဘ ကို သိပ်
ပီးဆူဆူညံညံမလုပ်ကြနဲ့လို့မှာလိုက်သေးတယ်။ ညနေက
ကျနော်တို့အုပ်စု အလုပ်တွေအပီး မြစ်ထဲရေဆင်းချိုးရင်း မိုင်းခွဲရာက
ရလာတဲ့တစ်တောင့်ထွာလောက်ရှိတဲ့ "ငါးချောင်း" ၃၄ကောင်ဆူဖြိုး၂ကြီးတွေ၊ရေချိုကျောက်ပုဇွန်ကွေးကြီးတွေပါသေးသဗျ။
ငါးမိုင်းခွဲတာကို
အထူးအဆန်းလုပ်ပီးပြောရရင်သိပ်မခက်ပါဘူး။ မြို့ထဲမှာ အဲ့ဒီခေတ်က
ဒီတိုနေတာ(စနက်တံ)လုပ်တဲ့ ယမ်းအချောင်းလေးက တစ်ခုမှ
ငါးမတ်ပေးရတာ။ အိမ်သာတွင်းတူးရင်းရထားတဲ့ ကျည်ဆံတွေကို
အသာလေးချိုးပီး ယမ်းမှုန့်တွေထုတ် လက်တိုဂျင် နို့မှုန့်သံဗူးထဲကို
ထုချေထားတဲ့ ကျောက်ခဲတွေနဲ့ရောပီးသိပ်ထည့် အဖုံးအုပ်ပီး
စနက်တံတပ်လိုက်ရင် အင်မတန်ပြင်းတဲ့ ငါးမိုင်းဖြစ်သွားတာပါပဲ။
မြစ်ရိုးတစ်လျှောက် ငါးတွေခိုအောင်းနိုင်တဲ့
ကမ်းပါးလှိုဏ်ခေါင်းနေရာတွေကို သွား မီးရှို့ပီး နို့မှုန့်ဗူး မိုင်းကို
ကန်ချလိုက်ရုံပေါ့။ တစ်ခုပဲရှိတယ်
လက်ဆတော့လိုတယ်။ မီးရှို့ပီးချက်ချင်းပစ်ချလိုက်လို့ကလည်းမဖြစ်၊
စနက်တံမီးစွဲလို့ အနေတော်လေးဖြစ်မှ
ပစ်ချပီးလှည့်ပြေးရတာမျိုးဆိုတော့ အတော်အန္တရာယ်တော့များသားဗျ။
ရိုးရိုး ငါးမိုင်းလက်ထဲကွဲရင် လက်ပြတ်ခြေပြတ်လောက်ပဲဖြစ်တယ်..
ခုလိုစပါယ်ရှယ်နို့
မှုန့်ဗူးမျိုး လက်ထဲထကွဲလို့ကတော့ အသေပဲဆိုတော့ ကျနော်တော့
ဘယ်တော့မှအနားမကပ်ဘူးဆရာရေ့။ ဇာတ်လိုက်ကြီး ဆရာရွှေဘပဲ
ဆေးပေါ့လိပ်မီးတရဲရဲဖွာလို့ သူပဲခွဲနေကြပေါ့။ တခါတလေ စနက်တံက
တိုဝင်သွားပီး မီးသေသွားတာမျိုးမှာ မိုင်းကြီးမျက်နာနားကပ်
ဆေးလိပ်မီးနဲ့ တို့တို့လိုက်သေးတာ အသည်းယားစရာဗျာ။
ညမိုးအတော်ချုပ်မှ မီးကင်းတဲမှာချက်ကြပြုတ်ကြတယ်။
ငါးချောင်းတွေနဲ့ ပုဇွန်ကွေးတွေကိုမီးဖုတ်၊ ဘဲ၃ကောင်ကို
မီးခဲရဲရဲထည့်ထားတဲ့သံစည်ပိုင်းပြတ်နဲ့ကင်၊ ကြက်၂ကောင်ကိုတော့
သင်္ဘောသီးစိမ်းတွေနဲ့ ကာလသားအရည်သောက်ချက်။
ရှမ်းအရက်လေးတမြမြ၊ စားလိုက်သောက်လိုက်နဲ့
အတော်ပျော်စရာကောင်းတဲ့ညဗျ။ သန်းခေါင်ကျော်လောက်
ရောက်မှ အားလုံးစားသောက်သိမ်းဆည်းလို့ပီးသွားကြတယ်။
ဗိုက်လည်းကား၊လူတိုင်းနီးပါးကလည်း ရီဝေေ၀နဲ့
ကင်းတဲကွပ်ပျစ်ကျယ်ကြီးပေါ် ၀ိုင်းဖွဲ့ထိုင်ရင်း လှဲလျောင်းရင်း
ဆေးပေါ့လိပ်ကလေး၊ဒူးယားစိမ်းလေးတွေကိုယ်စီနဲ့ နှပ်ရင်း
ရောက်တတ်ရာရာလေးတွေဟိုပြော
ဒီပြောလုပ်နေကြတယ်။ နွေနှောင်းပိုင်းရက်တွေရောက်နေပီဆိုပေမယ့်
မိုးကနည်းနည်းလေးမှမရွာသေးတော့ အတော်ပူတယ်လို့ဆိုရမယ်။
ဒါပေမယ့် အိမ်တွေမှာထက် ကင်းတဲကွပ်ပျစ်လေးက
လေတဖြူးဖြူးနဲ့ဆိုတော့ ဇိမ်အတော်တွေ့သား။
ကြက်ခွပ်ပင်ကြီးတွေရဲ့သစ်ရွက်
တွေကို လေတိုးသံတရှဲရှဲကြားမှာ ကွပ်ပျစ်ပေါ်ဇိမ်နဲ့
နှပ်၊ဆေးပေါ့လိပ်ကလေးတွေဖွာနေကြရင်း အားလူးဖုတ်ရတဲ့
အဲ့ဒီအရသာကို
နောင်ဆယ်နှစ်ဆယ့်ငါးနှစ်ကြာသွားတဲ့အချိန်ထိလွမ်းကောင်းတုံး။
ရီဝေေ၀နဲ့အတော်လေးမူးနေတဲ့အသံနဲ့ ကိုရွှေဘအာလူးဖုတ်နေတာကို
လူ
ငယ်တွေအကုန်လုံးစိတ်ဝင်စားနေကြတယ်။

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေးWhere stories live. Discover now