ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး (၃)

1.7K 3 0
                                    

ငါနေ့လည်ကပြောတဲ့ မောင်ဖေငယ် ကုန်းကတစ်ခေတ်တစ်ခါက
အတော်နာမည်ကြီးဆရာရေ့
ဘယ်လိုနာမည်ကြီးတာတုံးလုပ်ပါဦးဗျ
ဟ..လပြည့်ညရောက်တိုင်း အဲ့ဒီကုန်းပေါ်မှာ ထိုင်ထိုင်နေတာတဲ့ဆရာ..
စစ်ကြီးဖြစ်ပီးနှစ်အတော်ကြာတဲ့အထိရပ်ကွက်ထဲကလူတိုင်းနီးပါး
မြင်ခဲ့ဖူးတာတဲ့..အဲ့ဒီနေရာက ခပ်ရှုပ်ရှုပ်ပါကွာ..ငါတို့ချာတိတ်ဘ၀အထိ
ဂျပန်စစ်သားသရဲတို့၊ အရပ်၃ပေလောက်
ပဲရှိတဲ့ မှင်စာပေါက်စလေးတို့ဘာတို့လည်း
ရှိတယ်ဆိုပီးနာမည်ကြီးဖူးတယ်..
ကိုရွှေဘပြောမှပဲ ကျနော်တို့ရပ်ကွက်က
သရဲတစ္ဆေတွေများလိုက်တာလို့ယူဆရတော့မလိုဖြစ်နေတယ်
ဟီဟိ..ငါတော့မကြောက်ပေါင်..ငါ့စော်ကြီးနဲ့ငါကြိုက်တုံးကဆို
ညဖက်တွေမှာ အဲ့ဒီကုန်းလျှောလေးက
ချုံပုတ်တွေထဲသွားသွားချိန်းတာပဲ..
အနှောက်အယှက်ကိုကင်းရော..သရဲခြောက်တယ်ဆိုပီး
လူမှမလာရဲတာကိုးဟ
ဘယ်စော်ကြီးလဲ ကိုရွှေဘ?
ခုကျောင်းအုပ်လုပ်နေတဲ့ဟိုဖက်ရပ်ကွက်က အပျိုကြီးပါကွာ..
သူ့ခေတ်သူ့အခါက စူပါစတားပေါ့..ငါက
ဆယ်ကျော်သက်ချာတိတ်အရွယ်မှာ ဆယ်တန်းကျပီး
ညကျောင်းတက်ရင်းငြှိကြတာ.. မရဲ့မောင်လေးဇာတ်လမ်းဟီးဟီး
နည်းနည်းပါးပါး အညှီအဟောက်လေးတွေလုပ်လေဗျာ..
ချိန်းတွေ့တဲ့ချုံထဲက ကိစ္စလေးတွေနားထောင်ချင်တယ်..
ဟဲဟဲ..
ကိုရွှေဘက ရွှေသွားတွေတ၀င်းဝင်းပေါ်တဲ့အထိ တဟဲဟဲရယ်လိုက်ရင်း
ကျနော့်ကိုလှမ်းကြည့်လာတယ်။
အဲ့ဒီဇာတ်လမ်းက ဖန်တစ်ရာတေအောင်
ကျနော်ကြားဖူးပီးသားမဟုတ်လား။ သူကမူးမူးနဲ့
ချေးခြောက်ရေနူးချင်နေပီ။ မရေမတွက်နိုင်အောင်
အဲ့ဒီအကြောင်းတွေနားထောင်ဖူးတဲ့ကျနော့် အရှေ့မှာဆိုတော့
ကျန်တဲ့လူတွေကိုအာလူးဖုတ်ဖို့ ခက်နေဟန်တူပါရဲ့။ အလိုက်တသိ
နဲ့ မီးသေနေတဲ့ဆေးပေါ့လိပ်ကို မီးငြှိဖွာရှိုက်ရင်း ထိုင်ရာက
ကျနော်ထလိုက်တယ်။
ကဲ.. ပြန်မယ်ကွာ.. ဗိုက်တင်းပီး အိပ်ငိုက်လာတယ်.. ကိုရွှေဘရဲ့
ရင်သိမ့်တုန်အချစ်ဇာတ်လမ်းလေးကိုဆက်ပီးနားထောင်ကြပေတော့..
ငါတော့ပြန်ပီဟေ့
နေပါဦး ဖိုးသက်ရ
အမလေး.. ခင်ဗျားဖာသာဆက်ပြောပါ ငါ့ဆရာ.. ကျနော်အိပ်ချင်နေပီ
နက်ဖန်မနက် လက်ဖက်ရည်ဆိုင်ထိုင်ဖို့လာနှိုးဖို့မမေ့နဲ့ ပြန်ပီဒါပဲ..
အိမ်ပြန်ရောက်တော့
ခြံဝင်းတံခါးစေ့ထားတာကိုအသာတွန်းဖွင့်ပီးဝင်လိုက်တယ်။
ကျနော်တို့ခြံထဲမှာ အိမ်က၂ဆောင်ဆောက်ထားပီး ကျနော်အိပ်တာက
မြောက်ဖက်က အိမ်တစ်လုံးမှာသပ်သပ်ဗျ။ အမေတို့က တောင်ဖက်က
အိမ်မကြီးမှာ အားလုံးနေကြပီး ကျနော်က
အထက်တန်းအောင်ပီးကထဲက ဒီဖက်မှာ
လွတ်၂လပ်၂နေမယ်ဆိုပီးရွှေ့အိပ်လာတာ
၄-၅လလောက်ရှိနေပီ။ ဘောင်းဘီအိပ်ထဲက သော့ကိုအသာစမ်းပီး
အိမ်တံခါးသော့ကိုဖွင့်လိုက်တယ်။ အိမ်ထဲရောက်သွားမှ နံရံက
မီးခလုတ်ကိုအသာစမ်းပီးဖျောက်ကနဲဖွင့်လိုက်တော့
လေးပေမီးချောင်းအရောင်ကြောင့်ဖွေးကနဲလင်းထိန်သွားတယ်။
အိမ်အတွင်းဖက်လှေခါးရင်း
နားက ကျနော့်ကုတင်နားကို ရောက်တော့ လူက
အတော်လေးမူးချင်သလိုဖြစ်လာလို့
ခြင်ထောင်မြန်မြန်ထောင်လိုက်တယ်။ ပူသလိုလိုဖြစ်နေလို့
ပြူတင်းပေါက်တွေအကုန်လျှောက်ဖွင့်လိုက်မှ
လေလေးတဖြူးဖြူးတိုက်လာလို့နေသာထိုင်သာရှိသွားတယ်။
မီးချောင်းကိုပိတ်
ခြေရင်းက မီးလုံးဝါကျင့်ကျင့်လေးကိုဖွင့် ကုတင်ပေါ်တက်ဖို့ပြင်တယ်။
ဘောင်းဘီအိပ်ကပ်ထဲကို မတော်တဆနှိုက်လိုက်မိတော့
ခိုးလို့ခုလုကလေးစမ်းမိတာနဲ့ အသာဆွဲထုတ်လိုက်တော့ နေ့လည်က
အိမ်သာတွင်းတူးရင်းရထားတဲ့ သစ်သားရုပ်ထုကလေးဖြစ်နေတယ်။
ဘာရယ်
မဟုတ်ပဲ ခြင်ထောင်အမိုးပေါ်ပစ်တင်လိုက်ပီး ခြင်ထောင်ကိုအသာမ လို့
အိပ်ယာထဲဝင်လိုက်တယ်။ တနေကုန်ပင်ပန်းထားတာရယ်၊ဗိုက်ကားပီး
အရက်မူးနေတာရယ်ကြောင့် တစ်မိနစ်လောက်တောင်မကြာလိုက်ဘူး
တုံးကနဲပဲ ကျနော်အိပ်ပျော်သွားခဲပီ။
ကျနော့်ကုတင်ကို ဆွဲခါသလိုလှုပ်ရှားနေသလိုခံစားနေရတယ်။
လူကလည်း အတော်အိပ်ချင်နေတော့ မျက်လုံးဖွင့်မရဘူးဖြစ်နေတယ်ဗျ။
ကျွတ် ကနဲမြည်အောင်ငြူစူသံပေးရင်း
တစ်ဖက်ကိုလှည့်ပီးဆက်အိပ်ဖို့ကြိုးစားတယ်။ မရဘူး
ကုတင်တစ်ခုလုံးခါရမ်းနေတယ်။
ဖိုးသက်.. ဖိုးသက်..ဖိုးသက်.. ထစမ်း..ဟေ့ကောင်
အိပ်ရေးပျက်အောင် အလုပ်ခံရတာကို အလွန်မုန်းတီးတဲ့ကျနော်
သည်းမခံနိုင်တော့ပဲ ဆတ်ကနဲထထိုင်လိုက်တယ်။
ဘုရားဘုရား! ဘာကြီးလဲဗျ? ၀ါကျင့်ကျင့်မီးရောင်နဲ့ ကုတင်အောက်က
ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လူနီကြီးကိုမြင်လိုက်ရတော့
ငါများအရက်အမူးလွန်နေပီလားလို့ တွေးရင်း
မျက်လုံးကိုလက်၂ဖက်နဲ့ပွတ်ကြည့်မိသေးတယ်။
ကျနော်အမြင်မှားတာမဟုတ်ဘူး။
လူနီနီကြီး၊ ဆောင့်ကြောင့်ထိုင်နေတယ်။
ဆံပင်တွေတောင်ထောင်ထလာမတတ်ကျနော်ခြောက်ခြားသွားတယ်။
သတိမလွှတ်သွားအောင်ထိန်းရင်း အဲ့ဒီပုဂ္ဂိုလ်ကို
စူးစိုက်ကြည့်နေလိုက်တယ်။ ကျနော့်လက်တစ်ဖက်က အသာလေး
ခေါင်းအုံးအောက်ကိုစမ်းနေတယ်။ မာကျော
ကျော အရိုးတစ်ခုစမ်းမိမှ အသာအယာလေးဆွဲယူလိုက်ပီး
ကျောမှာကပ်ထားလိုက်တယ်။ ဒါဟာဘယ်နည်းနဲ့မှ
လူမဟုတ်နိုင်ဘူးဆိုတာ ကျနော်ရိပ်မိလို့
စိတ်ကိုတည်ငြိမ်အောင်ထိန်းရင်း ကျောမှာကပ်ထားတဲ့ ၉လက်မ
အသွားရှည်တဲ့ဓားမြှောင်ကို ဓားအိမ်ကနေအသာလေး
ဆွဲချွတ်လိုက်ပီ။ ဘယ်ဖက်လက်က ခြင်ထောင်ကိုအသာအယာဆွဲမ
လိုက်ပီး ကုတင်အောက်ကိုအဆင်း ညာဖက်လက်နဲ့
ခပ်တင်းတင်းဆုပ်ထားတဲ့ ဓားမြှောင်ကို အချွန်ဖက်နဲ့ချိန်ထားရင်း
လူနီကြီးဆီ ခုန်အုပ်လိုက်တယ်။ အရှိန်ပြင်းပြင်းနဲ့ တိုးဝင်လာတဲ့
ကျနော့်ဓားမြှောင်
ကိုင်လက်ကို အဲ့ဒီလူနီကြီးက အသာအယာပဲ
လက်ကောက်ဝတ်ကနေဖမ်းကိုင်မိသွားတယ်ဗျ။ ဘယ်လိုမှဖိပီး ထိုးထိုး
ဆက်ထိုးလို့ကိုမရတော့တာ။ ချက်ချင်းဆိုသလိုပဲ ကျန်တဲ့
ကျနော့်ဘယ်ဖက်လက်သီးနဲ့ သူ့မျက်ခွက်ကို
လှမ်းပီးအရှိန်ပြင်းပြင်းထိုးချလိုက်တယ်။ ကြိုပီး
တွက်ဆထားတဲ့အတိုင်းပဲ ကျနော့်လက်သီးကို သူ့လက်ဖ၀ါးကြီးနဲ့
ဖမ်းဆုပ်ဖို့လှမ်းအကိုင်မှာ သိုင်းပြောင်းပြန်အတိုက်အကွက်အတိုင်း
လက်သီးကို စိုက်ချလိုက်ပီး တတောင်ဆစ်နဲ့
မျက်နာကိုဆက်ပီးရိုက်ချလိုက်တယ်။ ဖတ်ကနဲမြည်သံနဲ့ အတူ
ကျနော့်တတောင်ကို သူ့လက်ဖျံ
နဲ့ အသာအယာလေး ပုတ်ထုတ်သွားတယ်။
ကျနော်ဒေါသထောင်းကနဲထွက်သွားပီ။ ဒီလူနီကြီးက
နာနာဘာဝ၊၀ိနာဘာဝ ဘာညာတွေကျနော်မသိတော့ဘူး။ စိတ်ထဲမှာ
ခင်ဗျားကြီးကအလာကြီးပေါ့.. ကျုပ်ကလည်း တစ်နယ်လုံးသိတဲ့
သိုင်းပြောင်းပြန်ဦးကျောက်တိုင်ရဲ့တပည့်
ဆိုတော့ အကြောင်းပြရသေးတာပေါ့။
ညာဖက်လက်က ကိုင်ထားတဲ့ဓားမြှောင်ကို လွှတ်ချလိုက်ပီး
လက်ကိုလိမ်ပီးလျှိုရင်း သူ့လက်ကောက်ဝတ်ကိုဖမ်းကိုင်လိုက်တယ်။
ကိုင်မိပီဆိုတာနဲ့ အားယူပီး မျက်ခွက်တည့်တည့်ကိုမှန်းပီးညာ
ဒူးပျံတစ်လုံးပစ်သွင်းလိုက်တယ်။
ဖန်း! ကနဲမြည်အောင်လက်ဖျံနဲ့ ကာထားရင်း ကျနော့်ဒူးကိုဖိချလာပြန်ပီ။
ဒေါသအတော်ထွက်နေပီဖြစ်လို့ ကျနော် ကျား! ကနဲမာန်သွင်းပီး
အော်ရင်း ဒူးနဲ့သူ့ရင်ဘတ်ကိုဖိရင်း ၀င်လုံးတယ်။ ကြမ်းပြင်ပေါ်မှာ
သူနဲ့ကျနော်လုံးထွေးရစ်ပတ်ကုန်ပီဗျ။ ပျိုရွယ်နုပျိုပီး သန်မာစအရွယ်
ကျနော့် တစ်ကိုယ်လုံးချွေးတွေသာရွှဲရွှဲစိုလာတယ် သူ့ကိုခုထိ
ထိထိရောက်ရောက် မထိုးနှက်ဘူး။ တဖြေးဖြေး
အားကုန်သလိုတောင်ဖြစ်စပြုလာပီ။ နပန်းသတ်ရင်း
ဆက်တိုက်ပစ်သွင်းနေတဲ့ တတောင်ရိုက်ချက်တွေ၊ လက်သီးတွေဟာ
တစ်ချက်ကလေးမှတောင်အရာမရောက်
မှန်းသတိထားမိတဲ့အချိန်မှာ ကျနော်ဆက်ပီး
မချတော့ပဲစိတ်လျှော့သလိုလုပ်ရင်း ရပ်လိုက်တာနဲ့
ကျနော့်ကိုချုပ်ထားတဲ့သူ့လက်တွေကလည်း
အလိုလိုပြေလျှော့သွားရောဗျ။
ဖားဖိုကြီးလို နိမ့်တုန်မြင့်တုန်နဲ့ ဟောဟဲလိုက်နေတဲ့ ရင်အစုံကြောင့်
မောမောနဲ့ ကြမ်းပြင်ပေါ်မှာ ခဏ ပက်လက်လှန်နေမိသေးတယ်။
အမောပြေသွားတော့မှ လှမ်းကြည့်လိုက်တော့ လူနီကြီးက
ကျနော့်ဘေးမှာထိုင်နေတုံးပဲ။ အသက်အရွယ်ခန့်မှန်းလို့မရနိုင်တဲ့
ရောင်ထုံးကြီးနဲ့ ရှေးခေတ်အဘိုးကြီးဗျ။

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေးWhere stories live. Discover now