မဖြစ်သေးပါဘူးဆိုပီး ရဲစိတ်မွေးရင်း တုန်နေတဲ့လက်တွေကို
မသိသာအောင်ထိန်းရင်း ပန်းကန်တစ်ချပ်ထဲ ထမင်းအုပ်ထဲက
ထမင်းတွေခူးပီး ဇွန်းခရင်းတွေတပ်၊ သူ့ရှေ့မှာချပေးလိုက်တယ်။
သူ့မျက်နာကိုသေချာမော့မကြည့်ရဲတော့
သွယ်လျလျလက်ချောင်းဖြူဖြူလေးတွေက
ကျနော်ပြင်ပေးလိုက်တဲ့ ထမင်းပန်းကန်ကိုဆွဲယူပီး
ဇွန်းခရင်းတွေကိုကိုင်လိုက်တာကိုပဲမြင်နေရတယ်။
အဲ့ဒီနားက ခရမ်းသီးသုတ်ပန်းကန်လေးပေးပါ.. ၀က်သားနီချက်
နည်းနည်းလှမ်း
.... .... .... .....
ကျနော်လုံးဝမော့မကြည့်ရဲပဲ သူတောင်းတဲ့ ဟင်းပန်းကန်တွေကို
လှမ်းလှမ်းပီးယူပေးနေလိုက်တယ်။ ချိုမြမြသူမရဲ့ အသံလေးတွေထဲမှာ
လှောင်ပြောင်နေသံတွေက အပြည့်ဆိုတာ ကျနော်ရိပ်မိနေတယ်။
စိတ်ကိုတည်ငြိမ်အောင်ထိန်းထားပေမယ့်
လက်ချောင်းတွေကထိန်းလို့မရဘူး။
တဆတ်ဆတ်တုန်နေတယ်။ ဟန်မပျက်ဆက်ပီး စားနေရပေမယ့်
၀ါးနေတဲ့ ထမင်းဟင်းတွေက
ဘာအရသာမှန်းတောင်မသိတော့လောက်အောင် အနေရခက်နေပီ။
တတ်နိုင်ရင် ကျနော် ဖတ်ကနဲ ကိုယ်ပျောက်ပီး ထွက်ပြေးသွားချင်တယ်။
ဒီလိုအခြေနေမျိုးကြတော့ ဟိုလူနီကြီးကလာမကယ်
ဘူးသတဲ့လားလို့တွေးလိုက်မိပီး
စိတ်ကဒင်းအပေါ်မျက်ကနဲဖြစ်သွားမိသေးတယ်။
ထမင်းစားသောက်ပီးသွားတော့ ကျောက်ကျော၊နနွင်းမကင်းနဲ့လက်ဖက်
ပန်းကန်လေးတွေသူ့ဖက်ကို တိုးပေးလိုက်ရင်း
ရေနွေးကြမ်းခွက်ကလေးထဲရေနွေးငဲ့ပေးနေတုံး
ဒေါ်ခင်ချိုမေကစကားစပြောလာတယ်။
ဘာလဲ.. သိပ်ကြောက်နေတာမျိုးလား..
(ငေါက်ငမ်းသလိုစလာတဲ့သူမရဲ့လေသံမာမာကို ကြားရပေမယ့်
ခေါင်းမော့ပီး မကြည့်ရဲသေးဘူး)
........ .........
ဟိုတနေ့ညကတော့ မင့်ပုံစံက အင်မတန်ရဲရင့်တဲ့ ကျားဆိုးလေးပါ..
ခုလူရှေ့သူရှေ့ကြမှ ယုန်သူငယ်လေးလို
ခြေတုန်လက်တုန်လုပ်ပြမနေစမ်းပါနဲ့ ဟဟ
........ .........
မင်းယောက်ျားမဟုတ်ဘူးလားကွ.. လုပ်ရဲရင်ခံရဲရမှာပေါ့
မဟုတ်ဘူးလား... ငါနဲ့မင်းဖြစ်ခဲ့တဲ့ပြဿနာက
ကျောင်းသားနဲ့ဆရာမကြားကကိစ္စ.. ဒါကိုမင်းက
အင်မတန်လူမဆန်တဲ့နည်းနဲ့ ငါ့ကိုလက်စားချေတာပေါ့လေ ဟုတ်စ?
....... ..........
ငါ့ကို ပန်းကောင်းအညွှန့်ချိုးလိုက်တာပေါ့ ဟုတ်လား ဖိုးသက်?
နင့်ဒေါ်လေးကို ငါအမှန်တိုင်းပြောလိုက်ရင်
ဘာတွေဖြစ်ကုန်မယ်ထင်သလဲ?
သူဟိန်းဟောက်သမျှ မော့မကြည့်ရဲပဲခေါင်းငုံ့ပီးခံနေရတဲ့အချိန်မှာပဲ
ချိုမေရေ.. ဆိုပီး ကျနော့်ဒေါ်လေးက အနားပြန်ရောက်လာတယ်။
တိုင်ပြောတော့မလားဆိုတဲ့ စိတ်ကြောင့် ကျနော်လန့်ဖျန့်သွားပီး
ဆတ်ကနဲမော့ကြည့်လိုက်တယ်။ အစိမ်းရောင်ဝတ်စုံလေးနဲ့
မြန်မာဆန်ဆန်
ကျက်သရေရှိစွာလှပနေတဲ့ သူမ ခမျာ မျက်ရည်တွေရစ်ဝဲနေရင်း
ကျနော့်ကို စိုက်ကြည့်နေတယ်။ အောက်နှုတ်ခမ်းကိုသွားစွယ်လေးနဲ့
ပြတ်ထွက်မတတ်ကိုက်ထားတာကိုကြည့်ရတာ
အတော်နာကျည်းနေပုံရတယ်။ တောင်းပန်တိုးရှိုးသလို
ပြန်ငေးကြည့်ရုံကလွှဲပီး ကျနော်ဘာမှ
မတတ်နိုင်ပါဘူးဗျာ။
ခင်ခက်ရေ.. နင့် သတို့သားက အချောစားကြီးပဲဟ..
အဟိ.. နင်လည်းငါ့ကိုအားကျရင် အမြန်ရှာလိုက်လေဟာ. ခွိ
ကျနော့်ဒေါ်လေးအနားရောက်လာတာနဲ့
သူတို့ချင်းစကားတွေဖောင်ဖွဲ့ကုန်ပီး ကျနော့်ကို
ဖုတ်လေတဲ့ငပိမရှိတော့သလိုလုပ်သွားပြန်တယ်။
၅မိနစ်လောက်နေတော့မှ ပြန်တော့မလိုလုပ်ပီး စားပွဲဝိုင်းက ထတယ်။
သူ့ခါးကြား ထမီအထက်ဆင့်နားမှာ ညှပ်လာတဲ့ အဖြူဆွတ်ဆွတ်
လက်ကိုင်ပုဝါလေးနဲ့ ဆီတွေပေနေတဲ့ နှုတ်ခမ်းအိအိကလေးကို
ဖိကပ်ပီးသုတ်လိုက်ရင်း ထခါနီးလေးမှာ ကျနော့်ကို
ခပ်စူးစူးတစ်ချက်ကြည့်
ရင်း "မင်းနဲ့ငါ စာရင်းရှင်းစရာကျန်သေးတယ်" လို့ ခပ်တိုးတိုးလေး
ဒေါ်လေးမကြားအောင် နှုတ်ခမ်းလေး လှုပ်ရုံရေရွတ်သွားသေးတယ်။
ပီးတော့မှ ဒေါ်လေးနဲ့လက်ချင်းချိတ်ပီး ထွက်သွားကြတယ်။
ကျစ်ဆံမြီးတုတ်တုတ်အရှည်ကြီးက ထမီအစိမ်းနုရောင်အောက်က
တင်ပါးဝိုင်းဝိုင်း
ကြီးနားမှာ ဟိုရမ်းဒီရမ်းဝေ့ရမ်းနေတာကို
နောက်ကျောဖက်ကနေငေးမောရင်း ကျနော်ချွေးတွေပြန်ပီး
စိုရွှဲနေတယ်ဆိုတာ ခုမှသတိထားမိတယ်လေ။
တနေကုန်မကြည်လင်တဲ့မျက်နာနဲ့ ကျနော်စိတ်ညစ်ညူးနေတာ
လူတိုင်းက ရိပ်မိနေပုံရတယ်ဗျ။
ဟကောင်.. နေမကောင်းဘူးလားလို့ တွေ့တဲ့လူတိုင်းက
၀ိုင်းမေးကြတာကိုခံနေရတယ်။ အိမ်ပြန်ရောက်လာတော့လည်း
အိမ်သားတွေက အခါတိုင်း ပြုံးဖြီးဖြီးလုပ်နေတဲ့ကျနော်
မှိုင်တွေတွေဖြစ်နေလို့ အံ့သြနေကြသေးတယ်။ ညနေစောင်းတော့
ရေမိုးချိုး အ၀တ်စားလဲပီး
ပိုလိုစပို့ရှပ်အဖြူစင်းနဲ့ ဂျင်းပန်အပြာတစ်ထည်ကောက်စွပ်ရင်း
ခေါင်းကိုသေသေချာချာဖီး၊ ကျနော့်ပြိုင်ဘီးအနက်ရောင်လေးကိုထုတ်၊
မြို့အစွန်နားက ဒေါ်ခင်ချိုမေရဲ့ အိမ်ဖက်ကိုထွက်လာခဲ့တယ်။
သရက်ပင်တွေ မန်ကျည်းပင်အုပ်အုပ်တွေရှိတဲ့ခြံဝိုင်းထဲကို
၀င်လာခဲ့တော့
ကျူရှင်ချိန်ပီးသွားလို့ အထက်တန်းကျောင်းသားကျောင်းသူလေးတွေ
အိမ်ပြန်ဖို့ဝေါကနဲ ထွက်လာကြတာမို့ ခဏရပ်စောင့်နေလိုက်သေးတယ်။
အိမ်အောက်ထပ်က ကျူရှင်သင်တဲ့နေရာမှာ
အဆောင်နေတဲ့ကျောင်းသူလေးတွေ
ထမင်းဝိုင်းဖွဲ့စားဖို့ပြင်ဆင်နေကြတာတွေ့လို့
မေးကြည့်လိုက်တော့ ဆရာမလေး ရေမိုးချိုးနေတယ်လို့
ပြန်ဖြေလာတယ်။ ကျောင်းသူလေးတစ်ယောက်က ခဏနော်..အကို
လို့ပြောပီး အိမ်အနောက်ဖေးရေတွင်းဖက်ကို လှစ်ကနဲပြေးသွားပီး
အကြောင်းသွားကြားပေးတယ်။ ကျနော်ကတော့ ကျူရှင်သင်တဲ့
ခုံရှည်ကိုမှီတွယ်လို့
ခေါင်းငုံ့ရင်း ငူတူတူရပ်နေလိုက်တယ်။ မိနစ်၂၀လောက်ကြာတော့
ရှင်မတောင်သနပ်ခါးနံ့နဲ့ တရော်ကင်မွန်းနံ့
သင်းသင်းလေးတွေရောယှက်ထားတဲ့ မွှေးပျံ့ပျံ့လေးရလာလို့
မော့ကြည့်လိုက်တော့... သနပ်ခါးပါးပါးလေးလူးပီး ခေါင်းလျှော်ပီးစ
ဆံနွယ်ခက်ခက်ရှည်ရှည်လေးတွေ
ကိုဖားလျားချထားတဲ့ ဆရာမလေးက လက်ကလေးပိုက်လို့
ကျနော့်ဘေးမှာရောက်နေမှန်းသိလိုက်ရတယ်။
တရုတ်စွပ်ကျယ်လက်စက လေးနဲ့
အနက်ရောင်တစ်ပတ်နွမ်းထမီလေးကို ၀တ်ထားတဲ့
အိမ်နေရင်းအ၀တ်အစားနဲ့ ဆရာမလေးဒေါ်ခင်ချိုမေက
ဒီလိုပုံစံလေးနဲ့လဲ
ယဉ်ယဉ်ကလေးကြည့်ကောင်းတာပါပဲလေ။ တစ်ခုပဲရှိတယ်..
ကျနော့်ကိုကြည့်နေတဲ့ မျက်နာလေးက အဆမတန်
တင်းမာလွန်းနေတာပါပဲ။ ကြောင်တောင်တောင်နဲ့
သူ့ကိုငေးကြည့်နေမိပီး သူကလည်း လက်ပိုက်ပီး
ကျနော့်ကိုရှုတည်တည်လုပ်နေတာ နည်းနည်းကြာသွား
တော့ သူ့အဆောင်နေတဲ့ တပည့်မလေးတွေက ခပ်လှမ်းလှမ်းကနေ
ဘာဖြစ်နေကြတာလဲ ဆိုတဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်ရင်း
တီးတိုးသဖန်းပိုးလုပ်ကုန်ကြပီ။ တိတ်ဆိတ်ပီး တောင့်တောင့်ကြီးတွေ
ရပ်နေကြတာကို မခံနိုင်တော့တဲ့အဆုံး ဒေါ်ခင်ချိုမေက
ကျနော့်ကိုလေသံ
တင်းတင်းနဲ့ စကားစပြောတယ်။
ဘာလာလုပ်တာလဲ လူယုတ်မာလေး?
... ... ... (ကျနော့်မျက်နာတစ်ခုလုံး ထူပူသွားတယ် ဟိုဖက်က
ကျောင်းသူတွေများကြားကုန်ပီလားမသိဘူးဗျာ)
ပြောလေ! ဘာကိစ္စလဲ?
ကျနော် ဆရာမလေးနဲ့ ၂ယောက်ချင်းစကားပြောလို့ရမလား ခင်ဗျ..
ကျောင်းသူတွေရှေ့ဆိုတော့.. ဟိုလေ..
သိပ်အရှက်အကြောက်ကြီးနေတယ်ပေါ့.. ရတယ်ရတယ်.. လာ
မီးဖိုဆောင်ဖက်လိုက်ခဲ့..
ငေါ့တော့တော့လေသံနဲ့ အိမ်မကြီးရဲ့ဘေးဖက်မှာ
သပ်သပ်ဆောက်ထားတဲ့ မီးဖိုဆောင်ဖက်ကို ဦးဆောင်ပီး
ခေါ်ထုတ်သွားတယ်။
ကျနော်လည်း စူးစမ်းတဲ့ အကြည့်တွေနဲ့ ၀ိုင်းငေးနေကြတဲ့ ထမင်းဝိုင်းက
ကျောင်းသူတွေကို ခပ်ယဲ့ယဲ့လေးပြုံးပြရင်း ဆရာမနောက်ကို
လိုက်လာခဲ့တယ်။ တစ်ထပ်မီးဖိုဆောင်ကလေးရဲ့ အနောက်ဖက်
စကားဖြူပန်းပင်အောက်က ကွပ်ပျစ်ကလေးပေါ်တက်ပီး ဆရာမလေး
က ခြေချထိုင်လိုက်တယ်။ ကျနော်ကတော့ ဆရာမအရှေ့မှာပဲ
လက်ကလေးပိုက်ပီး ခပ်မတ်မတ်ရပ်ရင်း မြေကြီးပေါ် ဖြူဖွေးနေအောင်
ကြွေကျနေတဲ့ စကားပန်းတွေကို တစ်ပွင့်နှစ်ပွင့်သုံးပွင့်လေးပွင့် ဆိုပီး
ခေါင်းငုံ့ကြည့်ပီး ရေတွက်နေမိတယ်။ မိနစ်အတန်ကြာအောင်တိတ်ဆိတ်
နေရင်း မခံနိုင်တဲ့အဆုံး အရှေ့က ကွပ်ပျစ်ပေါ်ခြေချထိုင်နေတဲ့
ဆရာမလေးကို မော့ကြည့်ပီး မျက်လုံးချင်းဆိုင်လိုက်တယ်။
YOU ARE READING
ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး
Truyện Ngắnအချစ်တက္ကသိုလ် က စာအုပ် အဟောင်းလေးတွေကို ပြန်ဖတ်နိုင်ဖို့ စုစည်း ထားခြင်း ဖြစ်သည်။