ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး (၁၁)

1.3K 3 0
                                    

ဝင်းအိချောမွတ်နေတဲ့ ဆင်စွယ်နှစ်ရောင် လက်မောင်းလေး၂ဖက်ကို
လက်ဖ၀ါးနဲ့ ပွတ်နေရင်း ဒေါသအရောင်တွေလက်နေတဲ့ အကြည့်မျိုးနဲ့
ကျနော့်ကိုစိုက်
ကြည့်နေတာကိုတွေ့လိုက်ရလို့ ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားတယ်။
ဒါပေမယ့် မထူးတော့ပီးမို့ အရဲစွန့်ပီး စကားစပြောလိုက်တယ်။
ကျနော် တောင်းပန်ပါတယ်ဗျာ.. အမှန်က ကျနော်လုံးဝ မရည်ရွယ်ပါဘူး
ဘာကို မရည်ရွယ်တာလဲ တိတိကျကျပြောပါ
ကျနော် ဆရာမကို ကျူးလွန်မိတာတွေကိုပြောတာပါခင်ဗျာ.. အမှန်က
အဲ့ဒါကျနော်မဟုတ်ပါဘူး ကျနော်ဘယ်လိုရှင်းပြရမလဲမသိတော့ပါဘူး
ကျနော့်ကိုခွင့်လွှတ်ပေး .. ... ..
နင်မဟုတ်လို့ဘယ်သူလဲ ခွေးကောင်ရဲ့ ... ငါ့ကိုခွေးလိုကျင့်ကြံသွားတာ
နင်မဟုတ်လို့ ဘယ်က လူယုတ်မာလေးလဲ ပြောစမ်းပါ ဟင်.. ပြောလေ
ဆရာမ.. မဟုတ်ဘူးဗျာ.. ကျနော်လေ.. ကျနော်
တော်ပါတော့.. နင်က မိကောင်းဖခင်သားသမီးဆို... နင့်အဒေါ်ကအစ
ငါ့သူငယ်ချင်း.. နင့်မိဘတွေက မြို့မျက်နာဖုံးတွေ..
ဒါပေမယ့်နင်ကတော့ မုဒိန်းကောင်.. သိလား...
နင့်အကြောင်းနင့်မိဘတွေသိရင်ရှက်လွန်းလို့သတ်သေမယ်..
...... ..... .....
ငိုသံလုံးဝမပါပဲ ဒေါသတကြီး အော်ငေါက်နေပေမယ့်
ပါးဖောင်းဖောင်းလေးပေါ်မှာ
မျက်ရည်တွေတစ်ပေါက်ပေါက်ကျလာနေပီဗျာ။ ကျနော့်ကို
လက်ညှိုးငေါက်ငေါက်ထိုးပီး ရန်တွေ့ရင်းတုန်ခါနေတဲ့
ဆရာမလေးဒေါ်ခင်ချိုမေကို ကျနော် ညှိုး၂ငယ်၂
မျက်နာနဲ့ ငေးကြည့်ရင်း
သနားကြင်နာစိတ်တွေလှိုက်ကနဲတက်လာတယ်။ အဲ့ဒီမှာ
ရင်ဘတ်ထဲမှာ ကျဉ်ကနဲတစ်ချက်ထဖြစ်တယ်။ ဘုရားရေ..
ကျနော်ဆရာမလေးကို အတင်းဆွဲပွေ့ပီး
ဖက်ထားပေးချင်စိတ်တွေဖြစ်လာပါလား။ ဒါက ကြင်နာချင်တာပေါ့။
သာမန်တောင်းပန်
ချင်တာမျိုးမဟုတ်ပဲ တုန်ခါနေတဲ့ကိုယ်လုံးလေးကို အတင်းဆွဲပွေ့ပီး
ခေါင်းလေးကို ပွတ်၊ ကျနော့်ကို နာကျဉ်အောင်တစ်ခုခုလုပ်လာရင်လည်း
ပေတေခံပီး သူအပြစ်ပေးသမျှခံယူချင်လာတာမျိုးပေါ့။ ဒါဆို ကျနော်
ခုဟော့ဒီ ရူပဗေဒသင်တဲ့ ဆရာမလေး ဒေါ်ခင်ချိုမေကိုချစ်
မိသွားတာမျိုးလားဗျာ။ ပေါက်တီးပေါက်ရှာဖြစ်ကုန်ပီထင်တယ်။
ဆရာမလေးက ကျနော့်ထက်၁၀နှစ်လောက်တောင်ကြီးတာလေ..
ကျနော့်ဒေါ်လေးအရွယ်ပါ။ ဒါပေမယ့် ခုလောလောဆယ် မြင်နေတာက
ဒေါသထွက်ပီး နာကျည်းနေတဲ့
ကောင်မလေးတစ်ယောက်ဖြစ်နေပါလား။
ကျနော့်ခေါင်းထဲမှာ အတွေးတွေရှုပ်ရှက်ခတ်နေသလို
မျက်ရည်တွေပေါက်ပေါက်ကျရင်း ဆရာမလေးက ကျနော့်ကို
ဆက်တိုက်ရန်တွေ့နေတယ်။
နင်ငါ့ကို ပြဿနာရှာသွားခဲ့တဲ့ ငါ့ကျောင်းသားဘ၀တုံးက ဒီကောင်လေး
လူသာငယ်တယ် စာအတော်ဖတ်တဲ့ကလေးဆိုပီး
ငါအထင်ကြီးခဲ့ဖူးတယ်.. ဆရာကိုလူရှေ့မှာ အရှက်ခွဲတယ်လို့
ခံစားရလို့သာ ရှက်ရမ်းရမ်းခဲ့တာ.. နင်ဟာလူတော်လေးလို့
သူများတွေကိုဝန်ခံဖူးပါတယ်
.... .... ....
ခုတော့ နင်က ခွေးထက်တောင်မိုက်တယ်.. အငြှိုးတကြီး
ငါ့ကိုလက်စားချေတယ်
.... .... .....
နင်မှတ်ထား.. ယောက်ျားနဲ့မိန်းမ တူတူအိပ်တယ်ဆိုတာ
ချစ်ခြင်းမေတ္တာကြောင့်သိလား ... နင်ငါ့ကိုလုပ်သွားခဲ့တာတွေက
လူမဆန်ပဲရက်စက်လွန်းတဲ့ လုပ်ရပ်.. ငါ့ကိုတန်ဖိုးမဲ့တဲ့
ကြေးစားမိန်းမတစ်ယောက်လို
အိမ်ပေါ်တက်ပီးဆက်ဆံတယ်..တသက်ခွင့်မလွှတ်ဘူးးးး
.... ..... ...
ငါ့မြို့မှာကျန်ခဲ့တဲ့ အမေအိုကြီးကို လုပ်ကျွေးစရာကျန်သေးလို့
မဟုတ်ရင် ငါ့ကိုယ်ငါသတ်သေပစ်လိုက်ချင်ပီ နင်သိလား ခွေးကောင်..
တသက်လုံးသန့်ရှင်းစင်ကြယ်ခဲ့သမျှ နင့်ကြောင့်
ညစ်ပတ်ကုန်ပီသိသလားဟဲ့ သိသလား
ဗလုံးဗထွေးနဲ့ အဆက်မပြတ်ကျနော့်ကို ရန်တွေ့နေတဲ့ ဒေါ်ခင်ချိုမေ။
မာန်တင်းထားပေမယ့် ပြိုဆင်းလာတဲ့ မျက်ရည်စလေးတွေရယ်။
ရှင်းပြလို့မရတော့တဲ့ အခြေနေတွေရယ်။
ကျနော်ဘာလုပ်ရမှန်းမသိတော့ပါဘူးလေ။
သူမ သတိမထားလိုက်မိခင်လေးတင် ကျနော်ဆတ်ကနဲ တိုးကပ်ရင်း
ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ သူမ ပုခုံးပြေပြေလေး၂ခုကို စုံကိုင်လိုက်ပီး
နဖူးဝင်းဝင်းလေးနဲ့ ပါးဖောင်းဖောင်းလေးကို ကြင်ကြင်နာနာနဲ့
နှစ်သိမ့်သလို မွှေးမွှေးပေးလိုက်မိတယ်။ ရုတ်တရက်ကျနော်အဲ့လိုလုပ်
မယ်မှန်းမမျှော်လင့်ထားမိတဲ့ သူမ အငိုက်မိသွားဟန်နဲ့
ငြိမ်ငြိမ်လေးခံနေတယ်။ အားရပါးရ မွှေးကြူလိုက်ပီးမှ အနောက်ကို
ခြေတစ်လှမ်းဆုတ်ပီး ရင်ကော့လို့
ဂျင်းပန်အိပ်ကပ်ထဲလက်နှိုက်လိုက်တယ်။ နေ၀င်ရီတရော မှာ
မျက်ရည်တွေရွှဲနေတဲ့ ဆရာမလေးမျက်နာမှာ ထိတ်လန့်
သွားတာတွေကျနော်တွေ့လိုက်ရတယ်။ ဆင်စွယ်ရောင် အရိုးတပ်
မောင်းချဓားလေး ကျနော့်လက်ထဲမှာဗျ။
ဆရာမလေး ကျနော့်ကြောင့် နစ်နာခဲ့ရသမျှ ရော့.. ဒီမှာ
လက်စားချေပစ်လိုက်ပါ
.... ... .... (ငိုနေတာ ချက်ချင်းရပ်သွားပီး ပြူးကျယ်လွန်းတဲ့
မျက်လုံးကလေးတွေနဲ့ ကျနော့်ကို ငေးနေတယ်)
ကျနော် မှားပါတယ်ခင်ဗျာ.. ကျနော်ရှင်းပြလို့လဲမတတ်တော့လို့ပါ.. အင့်
ယူလိုက်.. ဒီဓားနဲ့တစ်ချက်ထဲ ထိုးပစ်လိုက်.. လုပ်ပါဗျာ
မုဒိန်းကောင်လေးကို ထိုးပစ်လိုက်
.... ... .... (ဆရာမလေး ဆီက ဘာသံမှ ထွက်မလာတော့ပဲ
ဆံပင်ရှည်တချို့ကို နှုတ်ခမ်း၂လွှာထဲ ညှပ်ပီး ဖိကပ်ထားရင်း ကျနော့်ကို
မကြည့်တော့ပဲ မျက်နာလွှဲထားတယ်)
မောင်းချဓားလေးကို အသွားဖက်က ကိုင်ပီး
ဆရာမလေးဆီကိုလှမ်းပေးနေတဲ့ ကျနော်ရယ်.. ကွပ်ပျစ်ကလေးပေါ်က
ဆံနွယ်တွေကြားထဲမှာ မျက်နာကို ကွယ်ဝှက်ဖို့ကြိုးစားနေတဲ့
ရူပဗေဒဆရာမလေးရယ်ကြားထဲမှာ တိတ်ဆိတ်မှုက
ကြီးစိုးလွန်းသွားပြန်ပီ။
လေပြေကလေးက တ၀ှီးဝှီးတိုက်ခတ်လာတော့ စကားပင်ကြီးပေါ်ကနေ
စကားပွင့်ဖြူဖြူမွှေးမွှေးလေးတွေက ကျနော်တို့၂ယောက် အကြားကို
တဖြုတ်ဖြုတ်ကြွေကျလာတယ်။ တစ်ချက်တစ်ချက် သူမ
ကျနော့်ကိုခိုးခိုးကြည့်နေပေမယ့် မကြည့်သလိုဟန်ဆောင်ပီး မျက်နာကို
လွှဲထားတယ်။ ကျနော်လှမ်းပေးနေတာ မောင်းချဓားလေးမဟုတ်ဘူးဗျ။
ကျနော့်နှလုံးသား။ လတ်ဆတ်ပူနွေးနေတဲ့ ကျနော့်နှလုံးသားဆိုတာ
တုန်ခါနေတဲ့ ကျနော့်လက်တွေက သက်သေပြနေတယ်။ အဲ့ဒါကိုလည်း
မယုံမရဲခိုးခိုးကြည့်နေတဲ့သူမ ရိပ်မိပုံရပါတယ်။ ခုနကဒေါဖောင်း
နေတဲ့ ဆရာမလေးကနေ ခုတော့ ကောင်လေးတစ်ယောက်က
ချစ်ရေးဆိုတာ ခံရခါနီး စိတ်လှုပ်ရှားနေတဲ့
အပျိုပေါက်မလေးလိုပြောင်းလဲသွားတယ်။
ပြန်ဖို့ကောင်းပီ!
ကျနော့်ကိုသေချာမကြည့်ပဲ သူ့ဖာသာရေရွတ်သလို ခပ်တိုးတိုးပြောရင်း
ကွပ်ပျစ်လေးပေါ်က လှစ်ကနဲထပီး ယုန်ပေါက်စလေးလိုပဲ ဆရာမလေး
ဒေါ်ခင်ချိုမေပြေးထွက်သွားတဲ့နောက် မောင်းချဓားကို
ကိုင်တဖြုတ်ဖြုတ်ကြွေကျနေတဲ့ စကားပွင့်ဖြူတွေနဲ့
ကျနော် ကြောင်အအလေးကျန်ရစ်ခဲ့ပေါ့။
ကိုရွှေဘရဲ့ ဆေးပေါ့လိပ်နံ့နံလွန်းတဲ့ အိပ်ယာမှာ ၀င်ဝင်အိပ်တာ ၄၅ရက်ကြာလာပီဗျ။
ဟိုနေ့က ဆရာမလေးဒေါ်ခင်ချိုမေကို အိမ်တိုင်ရာရောက်
သွားတောင်းပန်ပီးကထဲက ဒိန်းဒလိန်းနတ်ဖမ်းစားတာ
လူပျိုပေါက်ကလေး ကျနော်စပီးခံစားနေရပီကိုးလေ။
အိမ်ပြန်အိပ်ရင်လည်း လူနီကြီးညဖက်လာနိုးမှာ ကြောက်ရတာမို့
ကိုရွှေဘတို့ အိမ်မှာ ရူးသလိုလိုပေါ
သလိုလိုလုပ်ပီး သူနဲ့တူတူအိပ်ဖြစ်နေပြန်တယ်။ ရပ်ကွက်ထဲက
အသုဘကလည်းပီးသွားတော့ အိပ်စရာဘုံပျောက်သွားတာလေ။
ခုရက်ပိုင်း မိုးတွင်းရောက်လာတော့ ကျနော်တို့မြို့လေးရဲ့ထုံးစံအတိုင်း
နေ့ရောညပါ မိုးက တဝေါဝေါရွာနေတာဆိုတော့
အတော်ပျင်းစရာကောင်း
တဲ့ကာလဖြစ်နေတယ်။ ဒီကြားထဲ ကျနော်ဒေါ်ခင်ချိုမေရဲ့
ဖြူဆွတ်ဆွတ်ကိုယ်လုံးလေးရယ်၊
မဟာဆန်တဲ့ဆံပင်အရှည်ကြီးတွေရယ်၊ ဆွဲဆောင်မှုရှိလွန်းလှတဲ့
မျက်နာကြောတင်းတင်းလေးတွေရယ်ကို
အတွေးထဲတ၀ဲလည်လည်ပြန်မြင်မြင်ရောင်ပီး
အချစ်ရောဂါထနေမိတယ်။

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေးWhere stories live. Discover now