Part 9 🍂

1.4K 232 87
                                    

ထိုကောင်လေးကို မထုံတတ်တေး အူကြောင်ကြောင်လေးလို့ထင်မိခဲ့တာ... သူထင်ထားခဲ့တာနဲ့ တတ်တတ်စင်အောင်ကို လွဲသွားလေပြီ...

မျက်မှန်သွားလုပ်ပေးနေတုန်းဖြစ်လို့ ဧည့်ခန်းထဲမှာစကားနဲ့ပဲ ဒီဇိုင်းအကြောင်းဆွေးနွေးကြည့်ဖို့ပေမယ့် ထိုကောင်လေးက သူလုပ်ထားတဲ့အလုပ်အပေါ် အရမ်းကိုစိတ်အားထက်သန်လွန်းသည်... ယုံကြည်ချက်ရှိလွန်းသည်...

သူကောင်းကောင်းမွန်မွန်လုပ်ထားတဲ့အလုပ်အပေါ်  အပြစ်သေးသေးလေးတစ်ခုခုပြောဖို့ လမ်းစလိုက်တာနှင့်အပြောမခံပဲ အချက်အလက်ကျစွာပြန်ဖြေရှင်း၏... စကားပြောတာမရဲတရဲဖြစ်နေပေမယ့် အလုပ်အပေါ်ယုံကြည်မှုအပြည့်ရှိနေတာက မျက်လုံးတွေမှာပေါ်လွင်လို့နေတယ်...

"အဲ့လို... အဲ့လို တစ်ဖက်သတ်ကြီးတော့ ပြင်ခိုင်းလို့မရပါဘူး... ညှိနှိုင်းပေးလို့ပဲရပါလိမ့်မယ်... 20.6.2022 မှာချုပ်ခဲ့တဲ့ စာချုပ်ရဲ့ တတိယစာမျက်နှာအရ ဒီဇိုင်းတွေအားလုံးကသူဌေးဂျွန်နဲ့ တခြားတာဝန်ရှိသူတွေသဘောတူခဲ့ပြီးသားတွေပါ... ဒါပေမယ့် အသစ်ပြန်ပြင်ခိုင်းခွင့်က ရှောင်လွှဲလို့မရနိုင်တဲ့ အခြေအနေတွေမှာ ဆိုရင်တော့ရှိပါတယ်... ပထမဆုံးချုပ်ဆိုခဲ့တဲ့ ၂ လပိုင်း ဒုတိယအပတ်ကစာချုပ်အရ... ဆောက်လုပ်ရေးအခြေအနေတွေက........."

"ခဏ...ခဏ.... ခဏနေပါဦး... မင်းကဒါကတွေကို အလွတ်ကျက်ထားတာလား..."

"ကျွန်တော်ကစိတ်ဝင်တစားနဲ့ တစ်ခါဖတ်လိုက်ရင် ပြန်မမေ့တတ်ပါဘူး..."

"ပြင်ခိုင်းတာမရတာတော့ဟုတ်ပါပြီ... ဒါပေမယ့်မင်းကြည့်ပါဦး ဒီနားကို..."

ဂျောင်ကုက ဖြန့်ထားတဲ့ drawing ပုံကြီးကို လက်ညှိုးနဲ့ထောက်ပြသည်... ဆော့ဂျင်မှာတော့ ထိုနေရာကိုမြင်ရရန် တော်တော်အားစိုက်နေရပုံပေါ်၏...

"ဒီလိုဝင်ဝင်ချင်းတွေ့ရမယ့်နေရာက လုံးဝအမေးဇင်းဖြစ်နေရမှာကို ဘာလို့ဒီလိုအကွေ့ဒီဇိုင်းကြီးလဲ... အဲ့နားကိုမှန်တွေနဲ့ပြန်ပြင်ချင်တယ်... ပြီးတော့ဒီနား ဒီနား ဒီနားတွေ... အဓိကဖြစ်တဲ့အနုပညာပြခန်းက ဘေးကပြခန်းတွေထက် ပိုလှပိုမိုက်နေရမှာကို... အခုကပုံထွက်က ချာလွန်းနေတယ်... ဘေးကအဆောက်အဦးတွေရဲ့ ဒီဇိုင်းတွေကကျတော့ ဒီလောက်လှနေပြီးတော့..."

Secret of My Heart [Completed ✔]Where stories live. Discover now