Part 22 🍂 Final

3.6K 279 83
                                    

"ချစ်တယ်..."

လေသံသဲ့သဲ့လေးဖြင့် နှစ်ကိုယ်တည်းကြားရရုံလေးပြောတော့ ရင်ခွင်ထဲမျက်နှာအတင်းအပ်ထားတဲ့ဆော့ဂျင်မှာ ဖြည်းညှင်းစွာမော့ကြည့်လာလေသည်... ကော့ညွတ်နေတဲ့ မျက်တောင်စိပ်စိပ်လေးတွေမှာ မျက်ရည်တချို့ကခိုတွဲလို့နေသလို နှာခေါင်းထိပ်လေးမှာလည်း သိသိသာသာနီရဲနေ၏...

ပါးနုနုပေါ် နေရာယူထားတဲ့ မျက်ရည်အကြွင်းအကျန်တွေကို ဂျောင်ကုကအသာအယာသုတ်ပေးလာသည်... မျက်ရည်တွေကုန်စင်သွားတာတောင် ဆော့ဂျင်ကနှာတရှုံ့ရှုံ့... သူ့ကိုလည်း သေချာမကြည့်ပဲ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း အကြည့်ချင်းမဆုံအောင် တမင်လွှဲထားလေ၏... ဆော့ဂျင်မျက်လုံးလေးတွေက ထောင့်ကိုကပ်သွားလိုက်, အပေါ်ကမျက်နှာကျက်ကိုကြည့်လိုက်, ခပ်လှမ်းလှမ်းပြတင်းပေါက်ကိုကြည့်လိုက်, လက်ကောက်ဝတ်ကိုကိုင်ထားဆဲလက်ကို ရလိုရငြားရုန်းကြည့်လိုက်ဖြင့်  တစ်ယောက်တည်းအလုပ်ရှုပ်လို့နေသည်...

လက်ကောက်ဝတ်ကိုရုန်းကြည့်တာမရတော့ မျက်ခုံးလေးတွေမသိမသာတွန့်သွားသလို အလိုမကျရိပ်ကြောင့် နှုတ်ခမ်းကပိုစူထွက်လာတော့သည်... ဂျောင်ကုမှာတော့ ဆော့ဂျင်ရဲ့လှုပ်ရှားမှုသေးသေးလေးတွေကို အနီးကပ်ကြည့်ရင်းတဖြည်းဖြည်းပြုံးလာကာ နောက်ဆုံးမှာတော့အသံထွက်ပြီးရယ်မိတော့၏...

"ကိုယ့်ကိုဘာမှပြောစရာမရှိတော့ဘူးလားဂျင်... တစ်ခုခုပြောပါဦး..."

"ဘာကိုလဲ..."

"အသံလေးကြားချင်လို့... အရင်လိုစကားတွေ အဆက်မပြတ်ပြောပါဦး..."

"ပိုပြန်ပြီ..."

အကြည့်ချင်းမဆုံအောင် အတင်းရှောင်နေတာကြောင့် ဂျောင်ကုကငုံ့ပြီးတော့ မျက်လုံးလေးတွေကိုမဆုံဆုံအောင် လိုက်ကြည့်သည်... ဆော့ဂျင်ကတော့ ခေါင်းကိုပါတစ်ဖက်ကိုလှည့်ထားကာ တစ်ယောက်တည်းကြိတ်ပြုံးနေ၏... 

ခေါင်းကိုလှည့်ထားရက်နဲ့ပင် တံခါးဝနားမှာ ဖရိုဖရဲပြုတ်ကျနေတဲ့ စက္ကူပုံးလေးဆီကို အကြည့်ရောက်သွားတော့သည်...

"ဂျောင်... ဂျောင်ကု... ဒါတွေက..."

ခပ်ဖွဖွကိုင်ထားဆဲလက်ကိုရုန်းလိုက်ပြီး တံခါးဝဆီကို ခပ်မြန်မြန်လျှောက်သွားလေသည်... စက္ကူပုံးလေးနားမှာ ဒူးထောက်ထိုင်ချလိုက်ပြီး ဂျောင်ကုကိုတစ်ချက်လှည့်ကြည့်လိုက်၏... ထို့နောက် စက္ကူပုံးလေးက သယ်ဆောင်လာပေးတဲ့ပစ္စည်းလေးတွေကို ဆော့ဂျင်တစ်ခုပြီးတစ်ခုထုတ်ယူလိုက်သည်...

Has llegado al final de las partes publicadas.

⏰ Última actualización: May 24, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Secret of My Heart [Completed ✔]Donde viven las historias. Descúbrelo ahora