Part 20 🍂

1.7K 242 45
                                    

ထိုနေ့ကစပြီး ရွက်ဝါငယ်လေးဆီက လက်ဆောင်စက္ကူအိတ်လေးတွေ မကြာမကြာရောက်လာတတ်သည်... တစ်ခါတစ်ရံ Notes စာအုပ်လေးတွေနဲ့ လတ်တလောလိုအပ်နေတဲ့ အသုံးအဆောင်လေးတွေဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် ရွက်ဝါငယ်လေးက အခုထိသူနဲ့ကျောင်းအတူတူပဲဖြစ်ရမည်... သူ့ရဲ့အနီးဆုံးမှာရှိနေတာလည်းဖြစ်နိုင်သည်... အတွေးနှင့်အတူ ကြည်နူးရိပ်တို့ရောယှက်ကာ သူ့မျက်နှာပေါ်မှာလည်း ကာလကြာပျောက်ဆုံးနေခဲ့တဲ့ အပြုံးခပ်ယေးယေးတို့ ပြန်ပေါ်လာခဲ့ပြီ... 

ရွက်ဝါငယ်လေးကိုယ်ထင်ပြမယ့်ရက်ကို နေ့တိုင်းမျှော်နေမိတယ်ဆိုရင် ယုံကြည်ကြမလားတော့မသိ... 

တစ်ခေါက်တစ်ခေါက် ရောက်ရောက်လာတဲ့စက္ကူအိတ်လေးတွေထက် ရွက်ဝါငယ်လေးကိုယ်ထင်ပြမည်ကိုသာ အလိုရှိပါသည်... အနည်းဆုံးတော့ ကျောင်းတွေပိတ်တဲ့အချိန်ကျရင် လွမ်းဆွတ်တမ်းတလို့ရမယ့် မျက်နှာလေးကိုတော့ သူမြင်ဖူးချင်ခဲ့၏... ညဘက်တွေသတိရမိတဲ့အခါဆိုရင် အဝါရောင်တွေကလွဲပြီးပုံဖော်ကြည့်လို့မရတဲ့သူ... အိပ်မက်ထဲကိုဝင်လာပါလျှင်လည်း အဝါရောင်တွေလွှမ်းခြုံထားကာ မည်သူမည်ဝါမသိရတဲ့သူ... ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ထိုသူကိုတွေ့ခွင့်လေးတော့ရချင်ပါပြီ...

ဒါပေမယ့် လအတော်အတန်ကြာသည်အထိ ရွက်ဝါငယ်လေးကပေါ်မလာခဲ့ပါ... 

ဒီအကြောင်းတွေကိုလည်း အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင်မှ ဖွင့်မပြောပြဖြစ်ခဲ့... 

သူငယ်ချင်းတွေက အဝါရောင်စက္ကူအိတ်နှင့် လက်ဆောင်လေးတွေရဲ့ ဇာတ်ကြောင်းကိုသိပေမယ့် သူ့ဘက်ကပါ စိတ်ဝင်စားသည့်စိတ် ဖြစ်ပေါ်နေမိခြင်းကိုတော့မသိခဲ့ပေ...

ရင်ဖွင့်ရာလည်းမရှိသည်မို့ အွန်လိုင်းကနေသာ အကြံဥာဏ်တွေလျှောက်တောင်းကြည့်ဖူးသည်... လျှိုဝှက်နိုင်လွန်းသူလေး ကိုယ်ထင်ပြလာအောင် ဘာလုပ်ရင်ရမလဲပေါ့... 

ပေးလာတဲ့အကြံဥာဏ်တွေအတိုင်းလည်းလိုက်လုပ်ခဲ့သည်... ရွက်ဝါငယ်လေးကို စောင့်ဖမ်းတာတို့ CCTV ပြန်ကြည့်ခိုင်းတာမျိုးပေါ့... သတိထားစောင့်ကြည့်မိသည့်နေ့တွေဆိုရင် အဝါရောင်လေးတွေက လုံးဝရောက်မလာတာမို့ သူ့ဘက်ကထိုအကြံကို အပြီးတိုင်လက်လျှော့ခဲ့ရပြန်သည်...နောက်ဆုံးတစ်ယောက်ယောက်နဲ့ တွဲချင်ယောင်ဆောင်ပြလိုက်ပါဆိုတဲ့ အကြံဥာဏ်ကိုပါ သူအကောင်အထည်ဖော်ခဲ့သည်... သူငယ်ချင်းတွေကလည်း ထိုမိန်းကလေးနှင့်သဘောတူခဲ့သည်...

Secret of My Heart [Completed ✔]Opowieści tętniące życiem. Odkryj je teraz