နှစ်သစ်ကိုတောင်ရောက်လာခဲ့ချေပြီ...
ဆော့ဂျင်မှာလည်း နောက်ထပ်ပရောဂျက်အတွက် ဒီဇိုင်းအသစ်တစ်ခုကို လက်စတောင်သတ်နေခဲ့ပြီဖြစ်သည်...
ဒီကြားထဲမှာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးသည်သိသာစွာပင် အေးစက်လို့နေခဲ့ပါသည်...
ဆော့ဂျင်, ဂျောင်ကုရုံးခန်းရှိရာဘက်ဆီ မသိမသာခိုးကြည့်လိုက်ပြီး သက်ပြင်းထပ်ချမိပြန်၏...
ဂျွန်ကရုံးခန်းအပြင်ကိုတောင် သိပ်ပြီးထွက်မလာတော့ဘူးပဲ...
ရုံးခန်းတံခါးလေးဆီ မမှိတ်မသုတ်ငေးကြည့်နေတုန်းမှာပင် ပွင့်ဟလာတဲ့တံခါးလေးနဲ့အတူ ဂျွန်သည်လည်းအခန်းအပြင်ကို ခပ်သွက်သွက်ထွက်ချလာသည်... လက်ထဲမှာလည်း ကော်ဖီခွက်အသေးလေးတစ်ခုကိုကိုင်လျက်ပေါ့...
ဂျောင်ကုကိုမြင်လိုက်သည်နှင့် ဆော့ဂျင်မှာအလုပ်စားပွဲနေရာဆီကို ချက်ချင်းကျော်လွှားပြေးချသွားတော့၏...
ဒေါက် ဒေါက်...
"ဂျင်... ကိုယ်ဝင်ခဲ့မယ်နော်..."
"............"
ဆော့ဂျင်,မော့ကြည့်လိုက်တော့ ဂျောင်ကုကလက်ထဲမှာကိုင်လာတဲ့ ကော်ဖီခွက်လေးကို မြှောက်ပြလာသည်...
"ဒီအချိန်ဆို ကော်ဖီသောက်ပေးရတယ်ဂျင်.. ကဖင်းဓာတ်လိုနေပြီလေ..."
ဂျောင်ကုကလက်ထဲကဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး ထိုစားပွဲကိုမှီကာရပ်လိုက်၏...
ဆော့ဂျင်ကတော့ ဂျောင်ကုကမ်းပေးလာတဲ့ ကော်ဖီခွက်ကလေးကို လှမ်းယူလိုက်ပြီး စားပွဲပေါ်တင်ကာ လက်နှစ်ဖက်နဲ့အုပ်ကိုင်ထားသည်...
သူ့အတွက်ရည်ရွယ်ပြီး ဖျော်ပေးထားတဲ့ကော်ဖီတစ်ခွက်ကို ချက်ချင်းသောက်ပစ်လိုက်ဖို့က နှမြောစရာကြီးမဟုတ်လား...
"ဂျောင်ကု... ဒီနေ့..........."
"အပြန်ကိုယ်လိုက်မပို့တော့ဘူးနော်ဂျင်... ဒီနေ့လည်း ကိုယ်သွားစရာလေးတစ်ခုရှိနေလို့လေ..."
"အာ... ရပါတယ်... အိမ်အပြန်လိုက်ပို့ဖို့ကို စိတ်ထဲတအား မထည့်ထားပါနဲ့ဂျောင်ကု... ငါ့အိမ်ကနီးနီးလေးပဲလေ..."
DU LIEST GERADE
Secret of My Heart [Completed ✔]
Kurzgeschichtenလူတစ်ယောက်အပေါ်အချစ်ဦးရဲ့လွှမ်းမိုးနိုင်မှုကိုငါကအသိဆုံးပဲမို့မင်းကိုအပြည့်အဝနားလည်ပေးနိုင်ပါတယ်🍁🍂🍂🍂🍃 #MyanmarSub