နေ့ခင်း ၃ နာရီကျော်လောက်မှာ သူတို့အားလုံး ပင်လယ်ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြလေပြီ...
အားကောင်းတဲ့နေရောင်ကြည်ကြည်က မျက်စိတစ်ဆုံးရေပြင်ကျယ်ကြီးအား အရောင်လဲ့ဖြာနေစေ၏...
ကားပေါ်ကသူတွေကတော့ ရေပြင်ကြီးကိုတွေ့တာနဲ့ တရောသောပါး တက်ညီလက်ညီပြေးဆင်းသွားကြသည်... ဆော့ဂျင်ကတော့ ကားနားမှာသာ ပါလာတဲ့ luggage လေးကို ကိုင်လျက်သားလေးတစ်ယောက်တည်းကျန်နေခဲ့သည်...
မဆုံးနိုင်တဲ့ရေပြင်ကြီးရယ် အညိုဖျော့ရောင်သဲပြင်ကျယ်ရယ် နောက်ပြီးတော့ ရေထုကိုဖြတ်တိုက်လာတဲ့လတ်ဆတ်ဆတ်လေအေးအေးလေးရယ်... ဒါတွေက စိတ်ကိုလန်းဆန်းစေတာအမှန်ပေမယ့် ဆော့ဂျင်ကတော့ ပျော်နေတဲ့လူအုပ်ကိုကြည့်နေရုံသာ...
"ကင်မ်ဆော့ဂျင်... မင်းနေမကောင်းဘူးလား..."
အသံလာရာကိုကြည့်လိုက်တော့ အဖွဲ့ခေါင်းဆောင်မင်... အဖွဲ့ခေါင်းဆောင်မင်က ပုံမှန်နဲ့မတူ, ပေါ့ပေါ့ပါးပါး လက်တိုအင်္ကျီလေးကိုဝတ်ထားလေတာ...
"ကျွန်တော်ခေါင်းနည်းနည်းမူးနေလို့ပါ..."
"ခေါင်းမူးတတ်တာကို မင်းဘာလို့နောက်ဆုံးခုံမှာ သွားထိုင်ရတာလဲ..."
"......."
"အခန်းနံပါတ်သိတယ်မဟုတ်လား... သွားနားလိုက်တော့... ငါမင်းအတွက် တစ်ခုခုစီစဥ်ခိုင်းလိုက်မယ်..."
"ရ... ရပါတယ် အဖွဲ့ခေါင်းဆောင်... ကျွန်တော့်မှာဆေးတွေပါပါတယ်..."
စကားတွေ သိပ်များများစားစားပြောလေ့မရှိတဲ့ ခေါင်းဆောင်မင်ကတော့ reception ကကောင်လေးတစ်ယောက်ကိုခေါ်ကာ ဆော့ဂျင်ကိုလိုက်ပို့ခိုင်းလိုက်သည်...
"ကျေးဇူးပါ အဖွဲ့ခေါင်းဆောင်မင်..."
"နားတော့ ကောင်လေး..."
အခန်းလေးဆီကိုရောက်တော့ ဆော့ဂျင်တံခါးကိုအသာဖွင့်ကာ အချိန်တစ်ခုကြာသည်အထိ ရပ်ကြည့်နေမိသည်...
အခန်းလေးကနှစ်ယောက်ခန်းလေး...
ရောက်လာတဲ့သူက တစ်ယောက်တည်းဆိုပေမယ့် အခန်းလေးမှာတော့ အရာရာကို နှစ်ယောက်စာပြင်ဆင်ပေးထားလေသည်...
YOU ARE READING
Secret of My Heart [Completed ✔]
Short Storyလူတစ်ယောက်အပေါ်အချစ်ဦးရဲ့လွှမ်းမိုးနိုင်မှုကိုငါကအသိဆုံးပဲမို့မင်းကိုအပြည့်အဝနားလည်ပေးနိုင်ပါတယ်🍁🍂🍂🍂🍃 #MyanmarSub