Part 18 🍂

1.5K 245 92
                                    

အချိန်အားဖြင့် ၂ လကျော် ၃ လနီးပါးတောင်ကြာမြင့်ခဲ့ပြီ... ဆော့ဂျင်ဆီက အဆက်အသွယ်လုံးဝမရခဲ့တာ...

သူ့ကိုစာတိုလေးတစ်ကြောင်းလောက်ပို့ပြီး တစ်ဖက်သတ် အဆက်အသွယ်ဖြတ်သွားခဲ့တာလေ...

"ငါတို့နှစ်ယောက်ရဲ့ ပက်သက်မှုကို သေချာအချိန်ပေးပြီးပြန်စဥ်းစားရအောင်"တဲ့...

ဒါကတစ်ဖက်လှည့်နဲ့ လမ်းခွဲကြမယ်လို့ ပြောလိုက်တာပဲမဟုတ်လား... ရှင်းပြဖို့ အခွင့်အရေးလေးတောင် မပေးခဲ့ပဲ...

လပိုင်းမျှသာ ကြာမြင့်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုတွေနွေးထွေးခြင်းတွေက ထင်ထားသလောက် မလေးနက်ခဲ့ မနက်ရှိုင်းခဲ့ဘူးလား... အမြဲတမ်းတရွှန်းစားစားနဲ့ ခိုးခိုးကြည့်တတ်တဲ့ ဆော့ဂျင်ရဲ့မြတ်နိုးခြင်းအပြည့် ကြည်လင်လင်မျက်ဝန်းတွေ... အသေးအမွှားလေးကအစ အထိခိုက်မခံခဲ့တဲ့ ဆော့ဂျင်ရဲ့မသိမသာဂရုစိုက်ခြင်းတွေ... ဒါတွေအားလုံးကို သူ့ဘက်ကတလွဲ အဓိပ္ပာယ်ကောက်မှားခဲ့လေသည်လား... ဆော့ဂျင်ကသူ့အပေါ် လက်လျှော့သွားတာ သိပ်ကိုလွယ်ကူလွန်းနေခဲ့သည်...

တောက်လျှောက် အဆက်အသွယ်လုပ်နေခဲ့ပေမယ့် ဘယ်နှကြိမ်ပဲ ရှိတတ်တဲ့နေရာတွေကို သွားရှာခဲ့ပါစေ ဆော့ဂျင်နဲ့ တစ်ကြိမ်တစ်ခါမျှတောင် မတွေ့ခဲ့ရပါ...

သူဆိုတဲ့ဂျွန်ဂျောင်ကုက ကင်မ်ဆော့ဂျင်အတွက် ထူးခြားတဲ့ဖြစ်တည်မှုတစ်ခုမဟုတ်ခဲ့ဘူးပဲ... သူကသာတလွဲတွေ ယူဆနေခဲ့တာ... ရှက်စရာကောင်းအောင်လေ...

ဒီကြားထဲမှာ ချယ်ယောင်းနဲ့လည်း ကင်းနိုင်သမျှကင်းအောင်သာနေခဲ့သည်... ဒါပေမယ့် မီဒီယာတွေမှာလည်း သူမနဲ့ကျွန်တော်နဲ့အကြောင်းတွေက မဆီမဆိုင်ပါပါလာတတ်ပြန်သည်... ကျောင်းတုန်းကဓာတ်ပုံတွေနဲ့ ကနေဒါကပုံတွေကို အသုံးပြုပြီးတော့ပေါ့... ဒါကိုလည်း သူမကတစ်စုံတစ်ရာဖြေရှင်းခြင်းမရှိခဲ့...

ဆော့ဂျင်နောက်ဆုံးဆွဲခဲ့တဲ့ ဒီဇိုင်းလေးကအရွေးချယ်ခံခဲ့ရပြီး ကုန်ကျစရိတ်အတွက် တင်ဒါတောင်အောင်ခဲ့ပြီးပြီ... ရေးဆွဲသူ Architect အတွက် ပိုက်ဆံတွေအများကြီးရမှာဆိုသော်ငြား ဆော့ဂျင်ကတော့ စိတ်ဝင်စားခြင်းရှိပုံမပေါ်ပေ... အဖွဲ့ခေါင်းဆောင်မင် ကိုယ်တိုင်ဆက်သွယ်တာတောင် ဆော့ဂျင်ဘက်ကတော့ ငြိမ်ချက်သားကောင်းနေခဲ့သည်... ဂျွန်ဂျောင်ကုနဲ့ ပက်သက်တဲ့အရာတိုင်းကို ဘဝထဲကနေ ဆွဲထုတ်မေ့ပစ်လိုက်တော့တာလား...

Secret of My Heart [Completed ✔]Donde viven las historias. Descúbrelo ahora