Unicode[Every zawgyi font is under Unicode]
°°°°°°°°°°'°°°°°°°°°°°'°°°°°°°°°°°'°°°°°°°
"အား!!!"Malfoy စံအိမ်ကြီးတွင် အသံစူးစူးကလေးက ကျယ်လောင်စွာထွက်ပေါ်လာလေတော့သည်။
"ကျစ်!ဘယ်သူကအဲ့လောက်တောင်အော်နေတာလဲ!"
ကုတင်ပေါ်ရှိကောင်လေးနှစ်ယောက်တွင် တစ်ယောက်က ပြူးတူးပြဲတဲဖြစ်နေပြီး နောက်တစ်ယောက်ကတော့ အော်သံစူးစူးကြောင့် နားပိတ်လျက်ဆက်အိပ်နေလေသည်။
Harry potterဟု ခေါ်သည့်ကောင်ငယ်ကလေးကတော့ ဘေးစားပွဲပေါ်ရှိမျက်မှန်ကို စမ်းတဝါးဝါး ကောက်ယူ တပ်လိုက်ရင်း သူ့ဘေးတွင် အိပ်နေသော လူရွယ်ကို သေချာကြည့်လိုက်မိသည်။အဲ့နောက်တော့.....
"အား!!!!!"
ဘေးတွင် အိပ်နေသော ငွေရောင်ဆံနွယ်တွေတဲ့ သူက လူမှားစရာမရှိအောင်ကို သူ၏ရန်သူတော် Malfoyပင်။
Harry၏ အော်သံစူးစူးကြောင့် Malfoyခမျာ မှုန်ကုပ်ကုပ်ဖြင့် ထထိုင်လာလေသည်။မျက်လုံးတို့ကတော့ မပွင့်သေးချေ။
"ဘာတွေ အဲ့လောက်တောင် အော်နေတာလဲ"
တစ်ဖက်က လေသံကြောင့် Harryခမျာ ပိုပြီး ပြူးတူးပြဲတဲဖြစ်သွားရလေတော့သည်။
"Mal...Malfoy!!မင်း..မင်းက.."
"ဘာဖြစ်တာလဲ harry တစ်ခုခုဖြစ်လို့လား ကိုယ့်ကိုပြော"
"ငါ...ငါဒီကိုဘယ်လိုရောက်နေတာလဲ မင်း...မင်းကကော ဒီမှာဘာလို့ရှိနေတာလဲ Malfoy"
"Harry?သတိလေးထားပါအုံး ကိုယ့်ကိုသေချာကြည့်....Harry Potter!"
ဆွဲတဲ့သူကဆွဲ ရုန်းတဲ့သူကရုန်းနှင့် ကုတင်ပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြလေသည်။
"ငါ့ကိုလွှတ်"
"Harry.....Har..."
Harryတစ်ယောက် Malfoyလက်ထဲက အသည်းအသန် ရုန်းကာ အခန်းထဲကထွက်ပြေးလေတော့သည်။
ကုတင်ပေါ်တွင် ကျန်ခဲ့ရှာသော Malfoyတစ်ယောက်ကတော့ သူမလုပ်မိတဲ့အမှားအတွက် ခေါင်းကုပ်ကာ စဥ်းစားနေလေတော့၏။
Harryတစ်ယောက် ပြေးသာထွက်လာတာ ဘယ်သွားလို့သွားရမယ်မှန်းသူမသိချေ။လှေကားပေါ်ကပြေးဆင်းလာပြီးနောက် အနီးစပ်ဆုံး ကြေးမုံနှင့်တူသော သူ့ပုံရိပ်မြင်ရမည့်နေရာသို့သွားကာ ရပ်ကြည့်လိုက်မိသည်။
YOU ARE READING
HARRY MALFOY
Fanfictionအရင်ကမ္ဘာက Malfoy နဲ့ ခုကမ္ဘာက Malfoy...မင်းဘယ်သူ့ကို ရွေးမလဲ Harry.... "ငါမရွေးချယ်နိုင်ဘူး"