Unicode
တစ်ပတ်ကျော်ကျော်ကြာတဲ့နောက်မှာတော့ ဆိုင်ကလေးဟာလည်း ပြီးလုနီးပြီဖြစ်၏။Harryမှာလည်း အလုပ်သမားတွေကို အားနာနာနဲ့ပြုံးပြနေရခြင်းက ကင်းလွှတ်တော့မည်ဖြစ်၏။
သူဆိုင်ကိုသိပ်လိုချင်နေမှန်းသိတဲ့ Malfoyက တစ်ပတ်ထဲနဲ့အပြီးဆိုပြီး အလုပ်သမား60 ကျော်ငှားထားပေမဲ့ သူဖြောင့်ဖျခဲ့ရျ် နှစ်ပတ်နှင့်အပြီးဖြစ်သွားချင်းသာ။ဒါတောင် နေ့မအိပ်ညမအိပ်ဖြင့် နှစ်ပတ်အတွင်းအပြီးဆောက်ပေးရတဲ့ သူတွေကို အားနာရျ် သူ့က အမြဲမုန့်လေးတွေလုပ်ကာကျွေးတတ်သလို ဆိုင်မှာလည်း ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် ဝင်ကူတတ်သေးသည်။Malfoyက တားပေမဲ့ သူကိုယ်တိုင်က အားနာနေရျ် ကူညီနေခြင်းသာ။
"ပင်ပန်းနေပြီလား"
ဥယျာဉ်မှူးနဲ့အတူ ပန်းပင်တွေကူစိုက်ပေးနေတဲ့ Harryကို ဆွဲခေါ်လာပြီး သစ်သားစားပွဲခုံဝိုင်းတွင် ထိုင်ခိုင်းစေသည်။
"ငါက ဘာပင်ပန်းစရာရှိလဲ ဟိုစပ်စပ် ဒီစပ်စပ်ပဲဟာ ဆိုင်လေးကို ဆောက်ပေးတဲ့သူတွေကိုပဲမေးရမှာ သူတို့မှာ နှစ်ပတ်အတွင်းကို ညတောင်အလှည့်ကျနဲ့ဆောက်ပေးနေရတာ မင်းကလေ ဖြည်းဖြည်းလဲရတာကို ဘယ်နှယ့် သူများတွေပင်ပန်းအောင်"
စိတ်ပူလို့လဲမေးရသေးတယ် ဘလိုင်းကြီးလည်း အဆူခံလိုက်ရသော malfoyကတော့ ပြုံးရုံသာပြုံးသည်။
"နားလိုက်အုံး မနက်ကတည်းက အပင်တွေစိုက်နေတာ မမောဘူးလား"
"ဟင့်အင်း ငါလဲ ကူစိုက်ပေးချင်လို့"
"ကိုယ်ငှားထားတာ ဒီမြို့ရဲ့ အတော်ဆုံး ဥယျာဉ်မှူးပဲ သူအကုန်စီစဥ်သွားလို့ရနေတာကို"
"သိပါတယ် ငါလဲ သူ့ဆီက ပညာနည်းနည်းယူချင်တာနဲ့ ကူနေတာ ဟီး"
Malfoyက တစ်သျှူးဖြင့် Harry နဖူးကို ချွေးသုတ်ပေးနေသည်။ရုတ်တရက်ကြီး ထိုအခြေအနေနဲ့ မရင်းနှီးသလိုခံစားလာရတဲ့ Harryက မနေတတ်မထိုင်တတ်။
"သားကော?"
"Greengrassဆီမှာ"
Greengrassဆိုတဲ့အသံကြားတာနဲ့ Harry စိတ်ထဲ မယိုးမယွဖြစ်လာပြန်သည်။တစ်စုံတစ်ယောက်ကို အခုပဲရန်သွားတွေ့ချင်နေသလိုမျိုးစိတ်ကြောင့် Harryခဏမျှ ငြိမ်နေလိုက်သည်။
![](https://img.wattpad.com/cover/311406768-288-k203743.jpg)
YOU ARE READING
HARRY MALFOY
Fanfictionအရင်ကမ္ဘာက Malfoy နဲ့ ခုကမ္ဘာက Malfoy...မင်းဘယ်သူ့ကို ရွေးမလဲ Harry.... "ငါမရွေးချယ်နိုင်ဘူး"