Part-7

164 18 2
                                    

Unicode

ဆိုင်ကို သန့်ရှင်းကာ ပြင်ဆင်ပြီးနောက် ဆိုင်က အတော်မှ လှပသွားပြီဖြစ်၏။မျိုးစုံသောပန်းတို့ရယ် ပန်းတို့ရဲ့ရနံ့ကြောင့် ရောက်လာကြတဲ့ လိပ်ပြာလေးတွေရယ် အရသာရှိလှတဲ့ မုန့်မျိုးစုံတို့ရယ် ဆိုင်ကလေးရဲ့အလှနှင့် ဆိုင်ရှင်နှင့်ဝန်ထမ်းတို့၏အလှများကြောင့် ဆိုင်ကလေးက လူများကို လာပါဟု ဖိတ်ခေါ်နေသယောင်။

"အား ခုမှ ပထမရက်ပဲရှိသေးတယ် အများကြီးလာကြတာပဲ"

Bennetက Brownie လေးတွေကို အစီအရီထည့်နေရင်း Harryကို ပြောလိုက်သည်။Harryက ပြုံးကာ

"Lucky dayပဲလေ ဟီး ကြည့်ရတာ ငါတို့အုပ်စုက တကယ့်ကံကောင်းလေးတွေဖြစ်မယ်"

"ဒါပေါ့ အစ်ကိုရဲ့...Ben ရေ Chocolate Brownieလေးရပြီလား"

"အဆင့်သင့်ပါပဲ honey"

Bennet က Josephရဲ့ ပျားရည်ရောင်မျက်ဝန်းလေးကို အစွဲပြုလို့ Josephကို Honey ဟု ချစ်စနိုးခေါ်သလို Josephကလည်း Bennetရဲ့အတိုကောက် Benဟု ခေါ်တတ်သည်။

"Ok နောက် Table 7 က Sandwich နှစ်ခုရယ် Mocha တစ်ခွက် Macchiatoတစ်ခွက်ရယ်"

"အမြန်ဆုံးရစေရမယ်!"

"Table 4ကို ဒါလေးယူသွားပေးပါအုံး Joseph"

Josephက Brownie ပန်းကန်လေးကို ဗန်းထဲထည့်ကာ Cappucino ကိုပါ တစ်ခါတည်းသယ်သွားလေသည်။

"အစ်ကို့ကိုပေး Joseph"

Cappucinoခွက်ကို Cedricက လာယူသည်။

"အဲ့တာက table 4ကို အစ်ကို"

Cedricက ခေါင်းညိတ်ကာ သွားချပေးလေသည်။

"ဟော့ဒီမှာ ညီမ မှာထားတဲ့ Cappucino ပါဗျ"

"ကျေးဇူးပါ ဒါနဲ့အစ်ကို တစ်ခုလောက် စပ်စုလို့ရမလား"

"မေးပါဗျ"

"ဆိုင်ရှင်က ဘယ်မှာလဲဟင်"

Cedricက Mochaဖျော်ရင်းအလုပ်ရှုပ်နေတဲ့ Harryကို လက်ညှိုးထိုးပြကာ

"ဟိုမှာလေ အနီရောင်လေးနဲ့ အဲ့တာဆိုင်ရှင်ပဲ"

"အိုး လှလိုက်တာ အစက အစ်ကိုတို့နဲ့အတူတူအလုပ်လုပ်နေတော့ ဆိုင်ရှင်လို့မထင်မိဘူးရယ် သဘောကောင်းမဲ့ပုံလေး..အဟီး ဒီဆိုင်ကိုအမှတ်ပြည့်ပေးမယ်သိလား ဆိုင်အပြင်အဆင်ကော ဝန်ဆောင်မှုကောကအရမ်းကောင်း ပြီးတော့ ဆိုင်ရှင်လေးကလဲ လှ ဝန်ထမ်းတွေကလဲ အချောအလှလေးတွေဆိုတော့လေ"

HARRY MALFOYWhere stories live. Discover now