Part-8

173 17 7
                                    

Unicode

"သားတို့လေ ဒီနေ့အလုပ်တွေအများကြီး လုပ်ရတာသိလား"

ဆိုင်ကအကြောင်းတွေကို အားရပါးရပြန်ပြောပြနေသော Scorpiusကို Harryက ပေါင်ပေါ်တင်ထားပြီး Malfoyက ဘေးကနေ နားထောင်ပေးနေသည်။

"ဟုတ်လား"

"အွန်း ဦးငယ် တို့ ဦးဦး Cedric တို့ တီတီလေးBenတို့ဆို တအားအလုပ်ရှုပ်နေတာ papaဆိုလဲ ဟိုသွားဒီသွားနဲ့ အလုပ်တွေအများကြီးလုပ်နေတာ"

"ဟုတ်လား papa တို့ ဦးငယ်တို့ ပင်ပန်းနေတော့ သားက မကူခဲ့ဘူးလား"

ထိုအခါ ဟဲခနဲရယ်ပြကာ

"သားက ဘာလုပ်ရမယ်မသိလို့ ကူခဲ့ဘူး အော် ဒါပေမဲ့ papa စိတ်မပူရအောင် ဦးဦးMaxနားပဲနေတာ"

"ဒါဆို ဖေ့သားလေးက လိမ်လိမ်မာမာလေးနေခဲ့တယ်ပေါ့"

"ဟုတ် papa မပင်ပန်းအောင်လို့"

"လိမ္မာလိုက်တာ Daddy သားလေးက လာပါအုံး အနမ်းလေးပေးချင်လို့"

Harryပေါင်ပေါ်က ကလေးကို ဆွဲယူလိုက်ပြီး ပါးဖောင်းဖောင်းလေးတွေကို တရွှတ်ရွှတ်နမ်းနေသည်။Harryကတော့ သူ့ကိုဘေးတွင်ထားပြီး တစ်တီတူးနေကြသော သားအဖနှစ်ယောက်ကို နှုတ်ခမ်းစူကာကြည့်လိုက်သည်။မူလharry ဤကဲ့သို့လုပ်မလုပ်မသိပေမဲ့ သူကတော့ မကျေနပ်ကြောင်းပြသည့်အနေဖြင့် နှုတ်ခမ်းစူလိုက်မိ၏။

လျှင်တဲ့Malfoyက Harryရဲ့ ထော်လာတဲ့ နှုတ်ခမ်းကို သတိထားမိကာ

"Sorry ကလေးကို လုသွားလို့ စိတ်ဆိုးသွားတာမလား ပြန်ပေးမယ်နော်"

Scorpiusကို Harryပေါင်ပေါ်ပြန်တင်ပေးလိုက်၏။Scorpiusကလဲ သူ့လက်သေးသေးလေးတွေနဲ့ Harry နှုတ်ခမ်းကိုလာထိကာ

"Papa သားကို နမ်းအုံး"

ချွဲမှုနဲ့အတူ puppy eyes လေးတွေကပါ အဆစ်ပါလာတော့ Harryတောင့်မခံနိုင်တော့ပဲ ပါးလေးတွေကို နစ်ဝင်နေအောင် နမ်းလိုက်သည်။

Malfoy ကတော့ အချစ်ရဆုံးလူသားလေးနှစ်ယောက်ကို ပြုံးကာ ငေးကြည့်နေလေတော့၏။

"အစ်ကိုလေးတို့ ညစာအသင့်ဖြစ်ပါပြီ"

Malfoyက ခေါင်းညိတ်ပြပြီးနောက်

You've reached the end of published parts.

⏰ Last updated: Jun 09 ⏰

Add this story to your Library to get notified about new parts!

HARRY MALFOYWhere stories live. Discover now