Part-6

329 23 10
                                    

Unicode

Harryတစ်ယောက် စောစောနိုးနေတာနဲ့ သားဖြစ်သူအတွက် မနက်စာပြင်နေလိုက်သည်။သူပြင်ဆင်ပြီးနောက် Scorpiusကို သွားနှိုးရန်ပြင်သည်။

"သားငယ်လေး ထတော့"

"အွန်..."

"ထတော့သားငယ်"

"ဟုတ်"

Scorpiusက နာခံစွာထလာပေမဲ့ သမ်းဝေနေသေးကာ မျက်လုံးလေးတွေကို လက်သီးဆုပ်လေးတွေနဲ့ပင်ပွတ်နေသေးသည်။အိပ်ရေးဝဝအိပ်ထားလို့ ဖောင်းကားနေတဲ့ ပါးလေးနှစ်ဖက်ကို နမ်းကာ အိပ်ငိုက်နေသေးတဲ့ကလေးလေးကို ကောက်ချီလိုက်သည်။

"လာ Papaမျက်နှာသစ်ပေးမယ်"

အဲ့နောက် ကလေးကို မျက်နှာသစ်သွားတိုက်လုပ်ပေးကာ အဝတ်အစားပါလဲပေးလိုက်သည်။Scorpiusကို ပြင်ဆင်ပေးပြီးသည့်တိုင် Malfoyသခင်လေးကတော့ မနိုးသေး။

"သားတို့ Daddyကို သွားနှိုးကြမလား"

"အင်း လာသွားကြတာပေါ့"

သားအဖနှစ်ယောက်သား လုံးလုံး လုံးလုံး ဖြင့် Malfoyရှိရာ သွားလေတော့သည်။အခန်းထဲရောက်တော့ Scorpiusက အရင်ပြေးသွားကာ ကုတင်ပေါ်ကုတ်တက်သည်။ပြီးတော့ Malfoyအနားကိုသွားကာ လေသံတိုးတိုးလေးဖြင့်

"Daddy...ထတော့..ထတော့"

လက်သေးသေးလေးတွေနဲ့ လှုပ်နှိုးနေပေမဲ့ Malfoyကနိုးမလာ။ထိုအခါ Harryကို လှည့်ကြည့်လာသည်။Harryကရယ်ကာ Scorpius ခေါင်းလေးကိုပုတ်ပေးလာသည်။

"သားက တိုးတိုးလေးနှိုးနေတော့ မင်းDaddyက ဘယ်ကြားမလဲ... Papaပြမယ် အိပ်ရာဘယ်လိုနှိုးရလဲဆိုတာ"

ဟန်တစ်လုံးဖြင့် ပြောနေသော Harryကို ငွေပြာရောင်မျက်လုံးဝိုင်းလေးတွေနှင့်ကြည့်နေသော Scorpius။Harryက ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်

"Draco Malfoy!!မင်းအခုချက်ချင်းထတော့!နေဖင်ထိုးနေပြီ ငပျင်းကောင်ရဲ့!!"

Harryရဲ့ အော်သံစူးစူးကြောင့် Malfoyတစ်ယောက် လူးလိမ့်လာလေသည်။

"Draco Mlafoy!!!!"

နားနားကပ်ကာအော်နေတာကြောင့် Malfoyတစ်ယောက် ဘယ်လိုမှပေအိပ်လို့မရတော့ဘဲ ထထိုင်လာရသည်။

HARRY MALFOYWhere stories live. Discover now