III

695 94 30
                                    

___________________________________________

// Now we're picking fights
And slamming doors
Magnifying all our flaws

And I wonder why, wonder what for
Why we keep coming back for more //
___________________________________________

Unicode

" အမလေး ! ! ! လန့်လိုက်တာ ကျန့်ရာ "

ဧည့်ခန်းထဲ မီးမဖွင့်ပဲ ထိုင်နေခဲ့သည့် ငါ့ကို တွေ့တော့ အထိတ်တလန့်အမူအရာဖြင့် ရိပေါ်က အကင်နံ့ ၊ အရက်နံ့တွေ စွဲလို့ ၂ နာရီတိတိမှာ အိမ်ကိုပြန်လာခဲ့သည် ။

" ခုထိမအိပ်သေးဘူးလား ? ! ၂ နာရီတောင် ထိုးနေပြီကို...ဘာလဲ ကိုယ့်ကို စောင့်နေတာလား ~ "

ရိပေါ် အနားကပ်လာလေ ပိုပြင်းလာလေဖြစ်နေသော အရက်နံ့ကြောင့် အစောပိုင်းကတည်းကမအီမသာဖြစ်နေသည့် ငါ့မှာ ခေါင်းတစ်ခုလုံးပါ မူးနောက်တက်လာတော့သည် ။

" ညဥ့်နက်ထိ overtime ဆင်းရတာ ပင်ပန်းလွန်းတယ် အချစ်ရယ် အားဆေးလေးပေးပါဦး "

လာဖက်ဖို့ပြင်နေသည့် လက်ကနေ ရှောင်ထွက်လိုက်တော့ ဆိုဖာပေါ် မှောက်ခုံယိုင်ကျသွားသည့် ရိပေါ်က ငါ့ကို တအံ့တဩမော့ကြည့်လာသည် ။

" ရေချိုးပြီးအိပ်တော့ "

" ဒီချိန်ကြီးကို ရေချိုးရမယ် ? ဖျားကုန်မှာပေါ့ ! "

" မင်း အရမ်း နံနေတယ် "

" အာ ~ ကိုယ် ၇ နာရီလောက်က ကုမ္ပဏီ ညစာစားပွဲသွားခဲ့ရသေးလို့ သိပ်လည်း မနံနေပါဘူး "

သူ့အင်္ကျီ သူပြန်နမ်းကြည့်ရင်း တွေးဆဆ ပြောလာသည့် ရိပေါ်က ကိတ်တွေဟင်းတွေပြင်ဆင်ပြီး ငါတစ်ယောက်တည်း မှောင်မည်းမည်းအခန်းထဲထိုင်စောင့်နေရချိန် သူကတော့ ညစာစားပွဲမှာ တပျော်တပါး စားသောက်နေခဲ့တာတဲ့လား ? !

" အ၀တ်အစားလဲပြီး ရေပတ်တိုက်လိုက်ရင်
ဒီ အနံ့လောက်က အေးဆေး ပျောက်သွားမှာပါ "

" သဘောပဲ မင်း လုပ်ချင်သလိုသာလုပ် ! "

" ဘာဖြစ်နေတာလဲ ? ! "

လှည့်ထွက်သွားဖို့ပြင်နေသည့် ငါ့လက်ကောက်၀တ်ကို လှမ်းဆွဲလာသည့် ရိပေါ်က မျက်ခုံးနှစ်ဖက်ကို စုကျုံ့လိုက်ရင်း...။

Scared To Be Lonely ( Completed )Where stories live. Discover now