___________________________________________
// Holding on tonight
'cause we're scared to be lonely //
___________________________________________Unicode
" လောကမှာ ဘာကို အကြောက်ဆုံးလဲ ကျန့် "
စောင်တစ်ထည်ကို နှစ်ယောက်ခြုံလို့ ပူးကပ်ဖက်ရက်နေကြသည့် ငါတို့ဟာ လောလောလတ်လတ်လေးတင် တစ်ယောက်၏ လူပျိုဘ၀အား နောက်တစ်ယောက်ထံသို့ ပေးအပ်ထားခြင်းဖြစ်သည် ။
ယခုထိ မောဟိုက်နေသော အသက်ရှူသံပြင်းပြင်းကို ထုတ်လွှတ်နေသည့် ရှောင်ကျန့်ဟာ ငါ့ရင်ခွင်ထဲ မှိန်းနေရာမှ မျက်လုံးလှန်လို့ကြည့်လာသည် ။" လောကမှာ ငါ အကြောက်ဆုံးလား ? "
" အင်း "
စဥ်းစားနေပုံရသည့် ရှောင်ကျန့်ဟာ ငါ့ရင်ဘတ်တစ်လျှောက် လက်ညိုးဖြင့် ဟိုတို့ဒီဆွဲကလိပြီး ခဏအကြာမှာတော့ အဖြေထွက်လာခဲ့ပုံဖြင့်....။
" အထီးကျန်မှာ ! "
" ဟင် "
" အထီးကျန်ရမှာကြောက်တယ် ~ "
ဖြည်းဖြည်းချင်း ထထိုင်ကာ အရှေ့တည့်တည့်မှအခန်းနံရံအား ကြည့်ပြီးပြောလာသည့် ရှောင်ကျန့်အသံလေးဟာ ခပ်တိုးတိုး ။ ငါလည်း ကုတင်ခေါင်းရင်းကို ကျောမှီထားရာမှ မတ်လိုက်မိပြီး ရှောင်ကျန့်နည်းတူ ထထိုင်လိုက်တော့ ရှောင်ကျန့်၏အကြည့်တွေဟာ ငါ့ဆီ ရောက်လာခဲ့သည် ။
" ၀မ် မရှိပဲ ~
အထီးကျန်နေမှာ
ငါ ကြောက်တယ် "× × ×
သေချာကို မှတ်မိနေသေးတဲ့ အဲ့ဒီ့နေ့မှာ ငါဟာရှောင်ကျန့်ကို တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့ပြီး
" ဘေးမှာအမြဲရှိမှာမို့ ကြောက်စရာမလိုဘူး " လို့ ကတိတွေ အထပ်ထပ် ပေးခဲ့ဖူးသည် ။ နောက်ပြီး
ဒါကလည်း အပြောသက်သက် မဟုတ်ခဲ့ပါဘူး ~" လူဆိုးကောင် ! ငါက မင်း လုံး၀ကို သတိမရဘူးထင်ပြီး ဘယ်လောက်တောင် ၀မ်းနည်းခဲ့ရလဲ ? ! "
" ကိုယ် တကယ် တောင်းပန်ပါတယ်
အကုန်ပြင်ဆင်ထားခဲ့ပေမဲ့ အလုပ်ရှုပ်ပြီး..."" မဟုတ်တာ ! ငါလည်း တောင်းပန်ပါတယ်
မင်းကို နားလည်ပေးခဲ့သင့်တာ အလုပ်များရင် မေ့တတ်တာပဲဟာ ဘာပဲဖြစ်ဖြစ် လက်ဆောင်တောင် တကူးတကပြင်ပေးထားတဲ့ ငါ့ကောင်လေးကို ငါက စိတ်မဆိုးရက်တော့ပါဘူး နော် "
YOU ARE READING
Scared To Be Lonely ( Completed )
FanfictionInspired [ Dua Lipa & Martin Garrix - Scared To Be Lonely ]