II

912 99 31
                                    

___________________________________________

// It was great at the very start
Hands on each other
Couldn't stand to be far apart
Closer the better //
___________________________________________

Unicode

[ ကိုယ် အလုပ်ရှုပ်နေလို့ အိမ်ပြန်နောက်ကျမယ် ]

ပါးစပ်တောင် မဟရသေးခင် တီခနဲ ကျသွားပြီဖြစ်သည့် ဖုန်းဟာ ​သူပြောချင်ရာသာ ပြောပြီး ချက်ချင်းချသွားခဲ့သည် ။ ဒီနေ့ ငါတို့ချစ်သူသက်တမ်း ၇နှစ်ပြည့်တဲ့ နေ့လေ ။

" မင်း မေ့များမေ့နေလား ရိပေါ် ~ "

နာရီကြည့်တော့ ၇ နာရီပဲရှိသေးပြီး ၁၂ မထိုးသေးတာမို့ ထိုင်စောင့်နေဖို့ ဆုံးဖြတ်လိုက်သည် ။
မင်းပြောသွားတာ အိမ်ပြန်နောက်ကျမယ်ပဲလေ ။ အိမ်ပြန်မလာဘူးမှ မဟုတ်တာ ။ ဒါကြောင့် ငါစောင့်လို့ ရပါသေးတယ် ။ ငါ တကယ် စောင့်နေမှာမို့ မင်း မြန်မြန်ပြန်လာရင် သိပ်ကောင်းမှာပဲ ။

8 : 00 PM

" ဟင်းတွေတောင်အေးကုန်ပြီပဲ ~ "

9 : 00 PM

" ပြန်နွှေးလိုက်လည်း အဆင်ပြေပါတယ် ~ "

10 : 00 PM

" လာသင့်နေပြီကို ~ "

11 : 00 PM

" မင်းကြိုက်တဲ့ ဒူးရင်းကိတ်လုပ်ထားတဲ့ဟာ ~ "

11 : 55 PM

အဆင်သင့်ထိုးစိုက်လျက်သား ဖယောင်းတိုင် ၇ တိုင်ပေါ် မီးထွန်းလိုက်သောအခါ အမှောင်ချထားသည့် အခန်းတွင်း အလင်းလဲ့လဲ့ ထင်လာသည် ။

12 : 00 AM

Wallpaper ပေါ်က ပြုံးရယ်နေသည့် လူနှစ်ယောက်၏ ဓာတ်ပုံကို ကြည့်ကာ ရှောင်ကျန့်ဟာ
အရင်အချိန်တွေဆီ အတွေးရောက်သွားမိသည် ။

အဲ့တုန်းက နှစ်ယောက်ပေါင်းလို့တောင်
လက်ထဲ ယွမ် ၅၀၀ မပြည့်ကြတဲ့ ငါတို့ဟာ အထက်တန်းအရွယ်လေးတွေပဲရှိကြဦးမယ် ။

မင်း ယူလာတဲ့ ပေါင်မုန့်နှစ်လုံးနဲ့ ငါ၀ယ်လာတဲ့ နွားနို့ဘူးကိုသာ မနက်စာအဖြစ် နှစ်ယောက်သားမျှစားကြရင်း အိမ်ကပို့ပေးတဲ့ ပိုက်ဆံလေးနည်းနည်းကို ​ခြစ်ကုပ်ပြီး သုံးခဲ့ရတာတွေ ။ လကုန်ခါနီးရက်ဆိုလည်း ငါတို့ရဲ့ညစာက အသင့်စားခေါက်ဆွဲချည်းဖြစ်နေပြန်ရော ။ နောက် အဲ့အသင့်စားခေါက်ဆွဲကို ပြုတ်ဖို့တောင်မှ အဆောင်မှာ အခန်းတွင်း မီးဖိုသုံးစွဲခွင့်မပြုလို့ ညသန်းခေါင်လူခြေတိတ်မှ ထပြီး ခိုးပြုတ်စားခဲ့ရတာတွေ ။

Scared To Be Lonely ( Completed )Donde viven las historias. Descúbrelo ahora