V

660 83 24
                                    

___________________________________________

// Too much time, losing track of us
Where was the real ?
Undefined, spiraling out of touch
Forgot how it feels //
___________________________________________

Unicode

အေးစက်နေသော ကုတင်တစ်ဖက်ခြမ်းကို
စမ်းမိပြီးနောက် နိုးထလာရသည့် မနက်ခင်းဟာ သိပ်တော့ စိတ်ကြည်လှသည်မဟုတ်ပေမဲ့ ငါ့အတွက်တော့ နေသားကျသလို ဖြစ်နေပြီးသားထင်ပါ၏ ။ ဒီမထူးဆန်းတော့သည့် လစ်ဟာမှုတွေ ငါတို့ကြား ဘယ်တည်းက စ၀င်လာမှန်း ငါလည်း မသိပေမဲ့ သတိထားမိသည့်အချိန်မှာတော့ ငါ့အနေနဲ့ မောင်းထုတ်ပစ်ဖို့ နောက်ကျခဲ့နှင့်ပြီ ။

ခွက်တစ်ခွက်တည်း အတူထည့်ထားသည့် သွားတိုက်တံနှစ်ချောင်းဟာ ဦးတည်ရာဘက်မတူညီသော ၃ နှင့် ၄ လို နီးလျက်ဖြင့် ဝေးနေကြသည် ။

ဒီအဖြစ်ကိုမြင်တော့ ခပ်ယဲ့ယဲ့လေး ပြုံးမိပါသည့် ၀မ်ရိပေါ်ဟာ မှန်ထဲက ညှင်းတိုးတိုးဖြစ်နေသော ကိုယ့်ပုံရိပ်ကိုယ် စိတ်ပျက်စွာ ကြည့်လိုက်သည် ။ ထို့နောက် ခေါင်းကို ငုံ့ချလိုက်ပြီး ကြမ်းပြင်ကိုကြည့်ကာ ပခုံးတွေလှုပ်သည်ထိ ရယ်မိတော့သည် ။

" ဟား ဟား ရယ်ရတာ သောက်ရမ်း ဟ ဟားးး "

လောကကြီးက နဂိုတည်းက ရက်စက်ပြီးသားပဲ ။ အဲ့လို ရက်စက်တဲ့လောကကြီးအလယ်မှာ မင်းရှင်သန်မယ်ဆို ကြုံလာသမျှ လောကဓံတိုင်းတွက် မျက်ရည်ကျနေလို့မဖြစ်ဘူး ။ မင်းသာ ငိုနေရင် လောကကြီးက မင်းကို ပျော့ညံ့တဲ့ လူ ဆိုပြီး လှောင်လိမ့်မယ် ။ ဒါကြောင့် သူ မလှောင်ခင် ကိုယ် အရင်ဦးအောင် ဟားတိုက်ရယ်ပစ်လိုက် !

" ရုံးသွားပြီများလား ~ "

အေးစက်နေသည့် ကော်ဖီတစ်ခွက်နှင့် ခဲတောင့်နေသည့် ကိတ်မုန့်တွေဟာ မကြာသေးခင်ကမှ ရေခဲသေတ္တာထဲက ထုတ်လှီးထားခဲ့ပုံပေါ်သည် ။နှစ်ယောက်သား ညက စကားများ ရန်ဖြစ်ထားတာတောင် မနက်စာ ပြင်ပေးသွားသည့် ရှောင်ကျန့်ဟာ ၀တ္တရားအရလုပ်ပေးသွားလေသလား ?

ငါမသိဘူး ! ရှောင်ကျန့်က ဒီအေးစက်နေတဲ့ ကော်ဖီလိုပဲ ။ သူ ဘာတွေ ခံစားနေရလဲဆိုတာ ငါ့ကို ဘယ်တော့မှ မပြောပြဘူး ။ သူက ငါ့ကို အမြဲ လူဆိုးဇာတ်သွင်းနေတယ်လို့ ငါ ခံစားရတယ် ။ ဘွင်းဘွင်းထင်းထင်းသမားဖြစ်တဲ့ ငါက ကိစ္စတိုင်းကို ဒဲ့ရှင်းရတာ ကြိုက်တယ် ။ သူကတော့ မြိုသိပ်ရတာ ကြိုက်တယ် ။ ဒီအချက်ကပဲ သူနဲ့ငါ့ကြားမှာ ဒီခဲတောင့်နေတဲ့ ကိတ်မုန့်လိုမျိုး အခြေအနေတွေဖြစ်လာခဲ့တယ်လို့ ထင်တယ် ။

Scared To Be Lonely ( Completed )Where stories live. Discover now