VII

699 98 21
                                    

___________________________________________

Even when we know it's wrong
And somebody better for us all along
Tell me, how can we keep holding on ?
___________________________________________

Unicode

" ရှောင်ကျန့် ! ! ! အဆင်ပြေရဲ့လား ? ! "

" လုယွင် ~ "

မြစ်ကမ်းဘေးတစ်လျှောက် ဖြတ်တိုက်သွားသည့် လေဟာတဖြူးဖြူးဖြစ်ပြီး လက်ထဲရောက်လာသည့် ကော်ဖီနွေးနွေးက ထို အအေးဓာတ် အားလုံးကို လွင့်ပြယ်သွားစေသည် ။ ဆောင်းရာသီမှာတောင် ချွေးစို့နေသည့် သူငယ်ချင်းဖြစ်သူဟာ ဖုန်းခေါ်လိုက်သည်နှင့် တန်းပြေးလာခဲ့ပုံပေါ်၏ ။

" ဘယ်လိုဖြစ်ကြတာလဲ ? ! "

" ထုံးစံတိုင်းပေါ့ "

အသက်မပါသည့် အပြုံးဖြင့် ဖြေလိုက်တော့ ဘေး၌ ၀င်ထိုင်လာသည့် လုယွင်က ငါ့ပခုံးကို ဖွဖွပုတ်လို့ နှစ်သိမ့်သယောင် မျက်လုံးတွေဖြင့်.....။

" ဒီတစ်ခါရော ဘယ်သူနဲ့အထင်လွဲခံရတာလဲ "

" မင်းနဲ့ ~ "

" ဟမ် "

" ညနေက မင်းနဲ့ငါ့ကို သူ မြင်သွားတယ် "

" ညနေက ? ! ငါ ပြေးဖက်လိုက်တာကိုလား ? ! "

အလန့်တကြား​မေးလာသည့် လုယွင်ကို
ခေါင်းငြိမ့်ပြမိသည် ။

" အင်း ~ သူ ဘယ်ရှုထောင့်က မြင်သွားလဲမသိ
ငါတို့နှစ်ယောက် နမ်းနေပါတယ်လို့ စွပ်စွဲတာပဲ "

" ဘာ...ဘာကြီး ? ! ငါတို့မှ မနမ်းတာ ! ! ! "

​မတ်တပ်ပါဝုန်းခနဲ ထရပ်သည့် လုယွင်က ငါ့ဆီမှ အငြင်းခံရပြီး ပြင်သစ်ကို ထွက်သွားခဲ့တာ ! လေးနှစ်တောင်ကြာပြီး ဒီမနက်ကမှ တရုတ်ပြည်သို့ ပြန်လာခဲ့ခြင်းပင် ။

" ရှောင်ကျန့် ! ညနေက ငါမင်းကို ဖက်မိတာမှာ
ဘာစိတ်မှရှိမနေဘူးနော် မင်း...သိတယ်မလား ?

ငါက ဒီတိုင်း မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ တွေ့လိုက်ရတော့ ပျော်တဲ့စိတ်နဲ့ ဖက်မိတာပါ "

" ငါ သိပါတယ် "

ညနေက ကိစ္စကို ငါအထင်လွဲမှာစိုးနေတဲ့ လုယွင်အား စိတ်ငြိမ်သွားစေရန် လေသံအေးအေးဖြင့်
ပြန်ထိုင်ဖို့ အချက်ပြလိုက်သည် ။

Scared To Be Lonely ( Completed )Where stories live. Discover now